သတင်း

ရွှေကူ ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ရဲ ၃ ဦးသေဆုံးကာ၊ ရဲမှူးအပါအဝင် ၆ဦးဒဏ်ရာရ

ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က ရွှေကူနယ်မြေ ရဲစခန်းဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရပြီး ရဲသုံးယောက်သေဆုံးတဲ့အပြင်ရဲ ၆ယောက် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။

ရွှေကူမြို့ အမှတ် (၃) ရပ်ကွက်မှာ ရှိတဲ့ ရွှေကူနယ်မြေရဲစခန်းကို မနေ့က ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲမှာ ရွှေကူ PDFက ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်တယ်လို့ ရွှေကူ PDF  နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ထိတာက ၉ယောက်ထိတယ် သေတာကတော့ သုံးယောက် ။သေတဲ့ထဲအရာရှိတော့ မပါဘူး အရှာရှိတော့ပါတော့ပါတယ် ဒဏ်ရာရတဲ့ထဲပါတယ်။ ဒဏ်ရာရတဲ့သူတွေက ရွှေကူဆေးရုံရောက်ထားပြီ”လို့ ပြောပါတယ်။

ရွှေကူ PDF သွားရောက်ပစ်ခတ်ချိန်မှာ ညနေ ၃နာရီဝန်းကျင်ဖြစ်သောကြောင့် ရဲဌာနရုံးထဲတစ်စုတစ်စည်းထဲရှိနေချိန်ဖြစ်တဲ့အတွက် အဆိုပါ ပစ်ခတ်မှုမှာ ရဲမှုးအပါအဝင် ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ဇနီး၊ရဲမေ တစ်ဦးအပါအဝင် ၆ ဦး ဒဏ်ရာရရှိထားပြီး နောက်ထပ် ရဲ ၃ ဦးက ပွဲချင်ပြီး သေဆုံးကြောင်း ရွှေကူရဲ့စခန်းနဲ့နီးစပ်သူများက အတည်ပြုပြောဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ရွှေကူ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၅ ဘက်က လုပ်ဆောင်တာဖြစ်တယ်လို့ ရွှေ PDF အဖွဲ့က တာဝန်ရှိသူတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

“အဲ့တာကကျတော့ကျွန်တော်တို့ ရင်း ၅ ဘက်က တိုက်တာ တပ်မဟာ ၈ လက်အောက်ခံရင်း ၅ ပစ်တာပါ။ ရဲစခန်းဘက်ကပြန်ပစ်တာတော့မရှိဘူး သူတို့ဘက်က ဘာမှကိုလုပ်လို့မရလိုက်တာ”လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာလည်း ရွှေကူရဲစခန်းကို PDF ဘက်က ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရကြောင်းလည်း စစ်ကောင်စီတပ်ထောက်ခံတဲ့ Telegram Channel မှာလည်း ရေးသားဖော်ပြထားပါတယ်။

ရွှေကူရဲစခန်းဟာ ၂၀၂၂ ခုနှစ်တုန်းကလည်း မကြာခန တိုက်ခိုက်ခံရပြီး ဒီနှစ်ထဲမှာတော့ အခုပထမဆုံးအကြိမ်လို့သိရပါတယ်။

Show More

Related Articles

Back to top button