-
Apr- 2021 -8 Aprilသတင်း
“ပြည်သူက KIO ကို ပစ်ပယ် လိုက်လို့မရသလို၊ KIO ကလည်း ပြည်သူကို ပစ်ပယ်လို့ မရဘူး။” KIO ပြောရေးဆိုခွင့်ရှိသူဖြင့် မေးမြန်းခြင်း။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဆက်လက် မည်သည့်အခြေအနေထိ ရောက်လာနိုင်ကြောင်း KIO ဗဟိုဌာနချုပ် ရှိ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကို ကချင်သတင်းဌာန KNG က…
Read More » -
7 Aprilသတင်း
‘ယုဇန ကုမ္ပဏီ အလိုမရှိ’ ဆန္ဒဖော်ထုတ်သော ရွာသားတချို့ကို အာဏာသိမ်းစစ်တပ်က ရှာဖွေနေ
ဟူးကောင်းချိုင့်ဝှမ်းဒေသ အာဏာသိမ်းစစ်တပ်အောက် ယုဇနကုမ္ပဏီကို အလိုမရှိကြောင်း ဧပြီလ ၇ ရက်နေ့ ဆန္ဒဖော်ထုတ်ခဲ့သော ဒေသခံခေါင်းဆောင်များကို ရှဒူးဇွပ်ကျေးရွာအခြေစိုက် စစ်တပ်က ရှာဖွေနေကြောင်း သိရသည်။ လီဒိုလမ်းမပေါ်ရှိ တိန်းကောက်၊ အောင်ရာ၊ စံပြ၊ ရှဒူးဇွပ်၊ ဝါရာဇွပ်၊ နှောင်းမီ…
Read More » -
7 Aprilလူ့အခွင့်အရေးချိုးဖောက်မှု
မိုးကောင်း နာရေးအိမ်တစ်ခုပစ်ခတ်ခံရပြီး ပြည်သူ ၁ ဦးထပ်မံ သေဆုံး
မိုးကောင်းမြို့နယ် လွယ်လီယန်ကျေးရွာ အသုဘနာရေးအိမ်တစ်ခုတွင်ရှိနေသော လူစုထဲသို့ သေနတ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ဧပြီလ ၆ရက်နေ့ ည ၁၂နာရီအချိန်တွင် အဆိုပါ နာရေးအိမ်တွင် ရပ်ကွက်သားများကစုပြီး ဖဲဝိုင်းကစားနေစဉ် အိမ်အပြင်ဘက်မှ တူမီးသေနတ်ဟုယူဆရသည်ဖြင့်ပစ်ခတ်မှုကြောင့် ဦးပေါ်ကောက် ဆိုသူ၏…
Read More » -
6 Aprilသတင်း
ဆိုင်ကယ်နှင့် ဖုန်း ဓါးပြတိုက်သွားသူများကို ကားဖြင့် လိုက်တိုက်ကာ ပစ္စည်းအချို့ ပြန်လည်ရရှိ
မြစ်ကြီးနား ဂျပန်လမ်းတွင် ယနေ့ည အမျိုးသားနှင့် အမျိုးသမီးတစ်ဦးထံမှ လူ ၃ ဦးက ဓါးထောက်ကာ ဆိုင်ကယ်နှင့် ဖုန်း ၂ လုံးအပြင် ငွေသားများကို လုယူသွားသော်လည်း ဒူကထောင် ရပ်ကွက်တွင် ပြန်လိုက်မိကာ ပစ္စည်းအချို့ ပြန်လည်ရရှိခဲ့သည်ဟု…
Read More » -
6 Aprilသတင်း
မိုးကောင်းမြို့ NLD ပါတီဝင် ၃ ဦး ဖမ်းဆီးခံရ
မိုးကောင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၃ ဦးကို ယနေ့ ဧပြီလ ၆ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ မိုးကောင်းမြို့ အိုးတန်းရပ်ကွက်တွင်နေသူ အသက် ၅၀ ဝန်းကျင် ဦးကျော်ထက်ဝင်း(ခ)ကိုထွေး၊ နတ်ကြီးကုန်းရပ်ကွက်တွင် နေထိုင်သည့်…
Read More » -
6 Aprilလူ့အခွင့်အရေးချိုးဖောက်မှု
ကချင် ခရစ်ယာန်ဘုရားကျောင်းဝင်းများကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ရှာဖွေ
မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဘုရာကျောင်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၅ရက်ည ၁၀ နာရီခန့်က ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်သားအပြည့် စစ်ကား ၂စီးဖြင့်ရောက်လာပြီး နာရီဝက်ကြာ ရှာဖွေစစ်ဆေးမှုများပြုလုပ်သွားသည်ဟု အသင်းတော် တာဝန်ရှိသူတစ်ဦးက…
Read More » -
6 Aprilလူ့အခွင့်အရေးချိုးဖောက်မှု
ရှဒူးဇွပ်အခြေစိုက် အာဏာသိမ်းစစ်တပ်က ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်
လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်ကျေးရွာတွင်အခြေစိုက်သော အာဏာသိမ်းစစ်တပ် ခလရ (၂၉၇) က တိုက်ပွဲမဖြစ်သော်လည်း ညအချိန်လက်နက်ကြီးများ ပစ်ခတ်နေမှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။ ဧပြီလ ၅ရက်နေ့ ည ၈နာရီခွဲအချိန်တွင် ရှဒူးဇွပ်စစ်တပ်ကုန်းမှ…
Read More » -
5 Aprilလူ့အခွင့်အရေးချိုးဖောက်မှု
မိုးကောင်းတွင် ပြည်သူ ၂ဦးသေနတ် ပစ်ခတ်ခံရ
မိုးကောင်းမြို့တွင် ယနေ့ ည ၉ နာရီကျော်အချိန်တွင် အာဏာသိမ်းစစ်တပ်က သေနတ်ပစ်သဖြင့် ပြည်သူ ၂ဦး ကျည်ထိမှန် ဒဏ်ရာရရှိသွားကြောင်းသိရသည်။ ဒဏ်ရာရှိသူ ၂ဦးမှာ မိုးကောင်း-ကျွန်းတောရပ်ကွက်နေတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးနှင့် ကျွန်းတောမှ မြို့ထဲသို့ ဆိုင်ကယ်ဖြင့်ဖြတ်လာသည့် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက…
Read More » -
5 Aprilလူ့အခွင့်အရေးချိုးဖောက်မှု
ပညာရေးမွမ်းမံသင်တန်းတက်ရောက်သူများကို သံပုံးတီးဆန္ဒဖော်ထုတ်သောပြည်သူများ ဖမ်းဆီးခံရ
မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီမှပေးအပ်သော ပညာရေးမွမ်းမံသင်တန်း တက်ရောက်သူများကို ယနေ့ နံနက် လူငယ်များသံပုံးတီးမောင်းထုတ်နေစဉ် ရဲနှင့် စစ်သားများရောက်လာပြီး လူငယ် ၄ ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။ နံနက် ၈နာရီခွဲအချိန် မိုးကောင်းမြို့ အထက (၂ )ကျောင်းတွင်…
Read More » -
4 Aprilလူ့အခွင့်အရေးချိုးဖောက်မှု
ဗန်းမော်တွင် ပြည်သူတစ်ဦး ပစ်သတ်ခံရ၊ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ
ဗန်းမော်မြို့ ခွန်သာရပ်ကွက်ရှိ လူထုခံတပ်တစ်ခုကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၄ရက်နေ့ နံနက် ၃နာရီခန့် ဝင်ရောက်အကြမ်းဖက်ဖြိုခွင်းရာမှာ ပြည်သူတစ်ဦး ပစ်သတ်ခံရပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရသည်ဟု သိရသည်။ သေဆုံးသူမှာ ကိုမင်းနိုင်ဦး (ခ)ဖိုးသား ဆိုသူဖြစ်ပြီး သူ၏…
Read More »








