လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ပညာရေးမွမ်းမံသင်တန်းတက်ရောက်သူများကို သံပုံးတီးဆန္ဒဖော်ထုတ်သောပြည်သူများ ဖမ်းဆီးခံရ

မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီမှပေးအပ်သော ပညာရေးမွမ်းမံသင်တန်း တက်ရောက်သူများကို ယနေ့ နံနက် လူငယ်များသံပုံးတီးမောင်းထုတ်နေစဉ် ရဲနှင့် စစ်သားများရောက်လာပြီး လူငယ် ၄ ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။

နံနက် ၈နာရီခွဲအချိန် မိုးကောင်းမြို့ အထက (၂ )ကျောင်းတွင် မွမ်းမံသင်တန်းတက်နေသော  အလယ်တန်းပြဆရာ/မများကို သံပုံးတီးဆန္ဒပြနေချိန် ရဲနှင့်စစ်သားများက လာရောက်ဖြိုခွဲပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ဦးကို ဖမ်းဆီးသွားသည်ဟု မျက်မြင်သက်သေတစ်ဦးထံမှသိရသည်။

“မွမ်းမံသင်တန်းလာတက်တဲ့ ဆရာ/မများကို သံပုံတီး ဆန္ဒပြတဲ့ သူတွေကို တပ်နဲ့ရဲကလာပြီး ဖမ်းဆီးသွားတယ်။ လာဖမ်းသွားတဲ့အချိန်က ၈နာရီခွဲလောက်ဖြစ်မယ်။ မိန်းကလေး ၃ယောက်နဲ့ ယောက်ကျားလေ ၂ယောက်ဟုတ်တယ်”ဟု​ ပြောဆိုသည်။

စုစုပေါင်း ၅ ဦး ဖမ်းဆီးခံရသော်လည်း ၁ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်းသူက ဆက်ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီမှပေးအပ်သော ပညာရေး စွမ်းရည်မြင့် မွမ်းမံသင်တန်း တက်ရောက်နေသူများကို အလိုမရှိကြောင်း ဧပြီလ ၄ ရက် ယမန်နေ့က ဆန္ဒဖော်ထုတ်ခဲ့သော်လည်း ဖမ်းဆီးခံရခြင်း မရှိခဲ့ပေ။

သို့သော် ယနေ့ သံပုံးတီးကာ မောင်းထုတ်သည့်အစီစဉ် ပြုလုပ်သည့်နေ့တွင် ရဲနှင့် စစ်သားများက လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button