သတင်း

ဆိုင်ကယ်နှင့် ဖုန်း ဓါးပြတိုက်သွားသူများကို ကားဖြင့် လိုက်တိုက်ကာ ပစ္စည်းအချို့ ပြန်လည်ရရှိ

မြစ်ကြီးနား ဂျပန်လမ်းတွင် ယနေ့ည အမျိုးသားနှင့် အမျိုးသမီးတစ်ဦးထံမှ လူ ၃ ဦးက ဓါးထောက်ကာ ဆိုင်ကယ်နှင့် ဖုန်း ၂ လုံးအပြင် ငွေသားများကို လုယူသွားသော်လည်း ဒူကထောင် ရပ်ကွက်တွင် ပြန်လိုက်မိကာ ပစ္စည်းအချို့ ပြန်လည်ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါဆိုင်ကယ်နှင့် ဖုန်းများ ဓါးပြတိုက်ခံရသူ ၂ ဦးက လမ်းတွင်ဖြတ်လာသော ကားသမားကို အကူညီတောင်းကာ ဆိုင်ကယ်နောက်သို့အမှီလိုက်ပြီး တိုက်ချလိုက်သည့်အတွက် သူ၏ ဆိုင်ကယ် နှင့် ဖုန်း တစ်လုံးကို ဒူကထောင်ရပ်ကွက်တွင် ပြန်လည်ရရှိခဲ့သည်။

သို့သော် ဆိုင်ကယ်ဖြင့် တိုက်ခံရသည့်ဓါးပြတစ်ဦး နှင့် အခြား ၂ ဦးတို့လည်း ထွက်ပြေးသွားသည်ဟု သိရသည်။

ဓါးပြတိုက်ခံရသူ ၂ ဦး ၏ ဆိုကယ်နှင့် ဖုန်းတစ်လုံးရရှိခဲ့သော်လည်း နောက်ထပ် ဖုန်းတစ်လုံးနှင့် ပိုက်ဆံ ၁ သိန်း ၈ သောင်းမှာ အဆိုပါ ဓါးပြအဖွဲ့တွင် ပါသွားကြောင်း သိရသည်။

Show More

Related Articles

Back to top button