• Jul- 2023 -
    8 July
    သတင်းရွှေကူမြို့စျေးတန်း

    ရွှေကူမှာ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးပစ်သတ်ခံရ

    ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့အမျိုးသမီးတစ်ဦး သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့ ခုန်ခမ်းရပ်ကွက် ၊အမှတ် (၁) ထဲက တရုတ်နွယ်ဖွားဖြစ်တဲ့ အသက် ၄၀ ကျော် အရွယ် ဒေါ်အေးအေးသန်း(ခ) ဒေါ်တုံးစိန်ဆိုသူ ဇူလိုင်လ ၇ရက်နေ့ ည…

    Read More »
  • 7 July
    သတင်းပြီးခဲ့တဲ့ မေလ၂၇ရက်နေ့ လက်နက်ကြီးထိမှန်မူကြောင့် ခြေထောက်ဖြတ်လိုက်ရတဲ့ကလေးငယ်

    လက်နက်ကြီးကြောင့် ခြေတစ်ဖက်ဖြတ်လိုက်ရတဲ့ကလေးငယ်အတွက် အကူညီများလိုအပ်နေ

    စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောာင်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မူကြောင့်လက်နက်ကြီးထိမှန်ပြီး ခြေထောက်ဖြတ်လိုက်ရတဲ့ ကလေးငယ်အတွက် အကူညီများလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေထံကသိရပါတယ်။ ပြီးခဲ့တဲ့ မေလ၂၇ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်း ရေလဲဦး၊ပေါက်ခုံအနားမှာဖြစ်ပွားခဲ့တဲ့စစ်ကောင်စီ တပ်နဲ့ကာကွယ်ရေးတပ်တွေရဲ့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း၆နှစ်အရွယ်ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်ခဲ့တာဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူ ကိုသူရိန်ဇင်ကပြောပါတယ်။ “ပြီးခဲ့တဲ့မေလလောက်ကတိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်တယ်ဗျ အဲ့ချိန် ပြည်သူတွေကလည်း စစ်ဘေးရှောင်နေကြတာပေါ့လှည်းတွေဆိုင်ကယ်တွေနဲ့ပြေးကြတဲ့အချိန် လက်နက် ကြီးကျတာဗျအသက်တော့ ကယ်လိုက်နိုင်ပေမဲ့ ညာဖက်ခြေထောက်တော့ဖြတ်လိုက်ရတယ်ဗျ ကူညီပံ့ပိုးမူ…

    Read More »
  • 7 July
    သတင်းယမန်နေ့ဇူလိုင်လ ၆ရက်နေ့က စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မူကြောင့် သေဆုံးခဲ့သည့်ဝက်လက်ဒေသခံများ

    ဝက်လက်မှာ စျေးသည်အမျိုးသမီးတွေအပါအဝင် ၇ ဦးပစ်သတ်ခံရ

    စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမရိုးရွာနားမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မူကြောင့် ဈေးသည်အမျိူးသမီးများအပါအဝင် အရပ်သား ၇ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသာကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့ကမနက်ပိုင်း ၄နာရီဝန်းမှာ သမ္မရိုးရွာဘက်ကို စစ်ကြောင်းထွက်လာချိန်လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့ကရွာသာကြီးမှာတပ်စွဲညအိပ်တာ အဲ့ကနေမနက်၄နာရီလောက် စစ်ကြောင်းပြန်ထွက်တော့ ဈေးသည် တွေကလည်းမနက်၅နာရီလောက်ဆို ဈေးထွက်ရောင်းတာဗျ အဲ့မှာသူတို့သမ္မာရိုးရွာအရောက်မှာ ပတ်လည်ကို ပတ်ပစ်တာ အဲ့မှာဈေးသည်တွေသွားမှန်တာ ပွဲချင်းပြီးသေကုန်တာပဲ”လို့…

    Read More »
  • 7 July
    သတင်းနေရပ်ပြန်ဂါးရာယန်ကျေးရွာပြည်သူတွေကို ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့ ကျန်းမာရေးဌာနက ကွင်းဆင်းဆေးကုသပေးနေပုံ

    ကျေးရွာ ၃ ရွာက နေရပ်ပြန်ပြည်သူတွေအတွက် ဆေးဝါးကူညီထောက်ပံ့မှုလိုအပ်နေ

    မြစ်ကြီးနား- ဗန်းမော် လမ်းပေါ် မှာရှိတဲ့ ဝိုင်းမော်မြို့နယ် ဂါးရာယာန်၊ ကဇူး၊ ဒဘတ် ကျေးရွာက နေရပ်ပြန်ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ဖျားနာသူတွေများလာနေတဲ့အတွက် ဆေးဝါး ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ဒဘတ်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “တစ်ယောက်ဖျားပြီး တစ်ယောက်ပြန်ပျောက်လိုက်နဲ့ပေါ့  ကျွန်တော်တို့ရွာက ကလေးတွေဆိုအကုန်နီးပါးကိုဖျားကြတာ တုတ်ကွေး ငှက်ဖျား ပျောက်ဆေးတွေ တစ်ခြားဆေးဝါးခြင်ထောင်တွေကအစပေါ့ အကူအညီ တွေလိုအပ်နေတာ။  ဒီမှာက မိသားစုတစ်ခုမှာ အလုပ်လုပ်တဲ့သူကဖျားရင် ဝင်ငွေမရှိ အခက်အခဲဖြစ်ကြရမှာ” လို့ပြောပါတယ်။…

    Read More »
  • 6 July
    သတင်းကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ဆေးလှည့်လည်ကုပေးနေစဉ်

    ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာ လှည့်လည်ဆေးကုပေးနေတဲ့ ကချင်နယ်လှည့်ကျမ်းမာရေးလုပ်သားအဖွဲ့ ဆေးဝါးပြတ်လပ်မှုအခက်ခဲကြုံနေရ

    ဝေးလံခေါင်ဖျားတဲ့ ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင် နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ ( Kachin Backpack)ဟာ လက်ရှိဆေးဝါးပြတ်လပ်မှုအခက်ခဲကြုံနေရကြောင်း သိရပါတယ်။ မိုးရာသီအကူးအပြောင်း ဖျားနာမှုများပြားနေတဲ့ကာလမှာတင် ဆေးဝါးပြတ်လပ်မှု ပြသနာကြုံနေသောကြောင့် ကျေးလက်ဒေသတွေမှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးတွေကို ပို့ဆောင်ကုသပေးနိုင်ဖို့ ခက်ခဲနေတယ်လို့ ကချင် နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ ( Kachin Backpack) အဖွဲ့မှ တာဝန်ခံ Mr.Zet က KNG ကို ခုလိုပြောပါတယ်။ “ကျနော်တို့ဆီ အခုဆေးဝါးမရှိသလောက်ဖြစ်နေတယ်။ လူနာကများ ဆေးကပြတ်လပ်ဖြစ်နေတယ်။ အရင်ကူညီပေးနေတဲ့အဖွဲ့တွေထဲကလည်း တချို့က ရပ်နားလိုက်ပြီ။ တချို့က…

    Read More »
  • 6 July
    သတင်းphoto- ဇင်းဘုံရွာ

    ဗန်းမော်ဘက်ကိုဆန်တက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ သံခွန်ရေယာဉ်ပစ်ခတ်ခံရ၊ စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်လိုက်အတွက်ပြည်သူ ၂ဦးကျည်ထိမှန်

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ဘိုကုန်းဘက်ကနေ ဗန်းမော်မြို့ဘက်ကို သံခွန်ရေမော်တော်တွေနဲ့ ဆန်တက်သွားတဲ့စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံနေရပြီး စစ်တပ်ကပြန်ပစ်ခတ်သောကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့သိရပါတယ်။ ဘိုကုန်းနဲ့ချောင်းဝကျေးရွာတွေကို မီးရှို့ခဲ့တဲ့ အင်အား ၃၀၀ နီးပါးပါတဲ့စစ်ကြောင်းဟာ ဒီကနေ့ မနက်ပိုင်း ဘိုကုန်းကနေ ဗန်းမော်ဘက်ကို သံခွန်မော်တော်တွေယာဥ် သုံးစီးနဲ့ ဆန်တက်သွားတဲ့စဉ် ကာကွယ်ရေးတပ်ဖွဲ့တွေကရွှေကူမြို့အထက်ဘက် ငပေါက်ဝရွာ…

    Read More »
  • 6 July
    သတင်းဓါတ်ပုံ - CRI Myanmar

    မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ တရုတ်ရဲ့ စီးပွားရေးစီမံကိန်းကို ကာကွယ်ပေးခြင်းသာ ဖြစ်တယ်လို့ ပြည်သူတွေပြော

    မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိန်းချူပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ဟာ တရုတ်စီးပွားရေး စီမံကိန်းများနှင့် လာရောက်ရင်းနှီးမြုပ်နှံမှုတွေကို ကာကွယ်ပေးချင်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ပြည်သူတချို့ ပြောဆိုပါတယ်။   ကိုးကန့် MNDAA ၊ တအောင်းတပ်မတော် TNLA နှင့် ရက္ခိုင့်တပ်တော် AA စတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင်…

    Read More »
  • 6 July
    သတင်းခလုံးချောင်းရေဆိပ်

    နာဂလက်နက်ကိုင်ဌာနချုပ်ဘက်ကို စစ်တပ်ကစက်သုံးဆီနဲ့ဆန်တင်ပို့ခွင့်ပိတ်ထား၍ စျေးအဆမတန်မြင့်တက်

    စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ် နာဂလက်နက်ကိုင်တပ်ဌာနချုပ်ရှိတဲ့ဘက်ကို စစ်ကောင်စီတပ်က ဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကို ပိတ်ထားသောကြောင့် ဆန်နဲ့ဆီစျေးတွေအဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ ပုံမှန်အားဖြင့် တလူးကျေးရွာနဲ့ တကားကျေးရွာဘက်ကို ဆန်နဲ့စက်သုံးဆီတင်ပို့ရာမှာ တနိုင်းချောင်းကိုအသုံးပြုလျက်ရှိပြီး လက်ရှိ တလူးမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က အဲ့ဒီရေကြောင်းလမ်းကနေဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကိုပိတ်လိုက် တာကြောင့် တလူး၊တကားကျေးရွာဘက်တွေမှာ စျေးတွေအဆမတန်မြင့်တက်နေတယ်လို့ ဆန်နဲ့စက်သုံးဆီတင်သွင်းတဲ့တလူးကျေးရွာနေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။…

    Read More »
  • 6 July
    သတင်းယမန်နေ့ ဇူလိုင်၅ရက်နေ့က မီးရှို့ခံနေရသည့် ဝယာကျေးရွာ

    ချောင်းဦးမြို့နယ်က ပျူစခန်းများကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေ

    စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်က ပျူစောထီးအထိုင်စခန်းလေးခုကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာမှာ နှစ်ဖက်ထိခိုက်သေဆုံးမှု များနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကသိရပါတယ်။ ဇူလိုင်လ ၅ရက်နေ့ မနက်၄နာရီဝန်းကျင်လောက်မှာ ကံကြီးကုန်း၊ကင်မွန်းတော်၊တောပု၊ကံဇီး စတဲ့ကျေးရွာတွေမှာရှိတဲ့ ပျူစောထီးစခန်းတွေကို ကာကွယ်ရေးတပ်တွေ စုပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောပါတယ်။ “ပျူရွာတွေအားလုံးကို တပြိုင်နက်တိုက်ခိုက်တာပါ ရဲဘော် ၅ဦးကျဆုံးတာပေါ့ ဒါကတော့အတည်ပြုနိုင်ပါတယ်။ ရန်သူ့ဘက်အကျအဆုံးစာရင်းရယ် သိမ်းဆည်းရမိတဲ့…

    Read More »
  • 5 July
    သတင်းစစ်ကိုင်းတိုင်းတစ်နေရာက စစ်ဘေးရှောင်များ (ပုံဟောင်း)

    မိဿလင်ကုန်းရွာက ဒေသခံ ၅၀ကျော် ဓားစာခံအဖြစ်ဖမ်းဆီးခံရ

    စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မိဿလင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းမှာ ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ၅၀ကျော်ဓားစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးတောင်ဘို့မှာအထိုင်ချထားတဲ့ စစ်ကောင်တပ်အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းက ကိုးတောင်ဘို့ကနေ ၂မိုင်ခန့်အကွာမှာရှိတဲ့ မိဿလင် ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က…

    Read More »
Back to top button