,

Breaking News :

အောင်ဟိန်းမင်း ဦးဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်သည် ဆိုပြီး သတင်းအမှားဖြန့်

KIO နယ်မြေမှာဖွင့်လှစ်တဲ့ Kachin State Comprehensive University (KSCU)

မိုးညှင်း နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီတပ်မှ ခရီးသွားယာဉ်များကို စစ်ဆေးနေ

ဗန်းမော်တွင် မီတာကြေးမဆောင်သည့် နေအိမ်များမှ မီတာဘောက်များ စစ်ကောင်စီအဖွဲ့ လိုက်လံဖြုတ်သိမ်းနေ

စစ်ကောင်စီတပ်၏ စက်လှေ ၄စီးပစ်ခံရပြီး မိုးစစ်ရွာမှ ကလေးငယ် ၅ဦးခန့် ထိခိုက် သေဆုံးမှုရှိ

ထီးချိုင့်နယ် ငွေကြေးကောက်ခံနေသည့် စစ်တပ်ဂိတ်တစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၃ဦးခန့်သေဆုံးဟုဆို

မင်းကင်းနယ်ရှိ စစ်တပ်ဂိတ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရရှိ

နန့်ယား ပြည်သူ့စစ်ခေါင်းဆောင် သတ်ခံရပြီးနောက် နန့်ယားကျေးရွာတွင် စစ်ဆေးရေးပိုမိုတင်းကြပ်ထား

မြစ်ကြီးနားတွင် စစ်ကောင်စီအဖွဲ့ ကင်းပုန်းချ ဖမ်းဆီးမှုလုပ်ဆောင်နေ၊ တစ်ရက်အတွင်း လူငယ် ၂ဦး ဖမ်းဆီးခံရ

ငွေသာကျေးရွာ မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

  1. Home
  2. Author Blogs

Author: KNG

KNG

လူ့အခွင့်အရေးချိုးဖောက်မှု
ကချင်လူ့အခွင့်အရေး ချိုးဖောက်မှု ဖော်ထုတ်နေသူများ အား အစိုးရစစ်တပ် ခြိမ်းခြောက်မှုရှိနေ

ကချင်လူ့အခွင့်အရေး ချိုးဖောက်မှု ဖော်ထုတ်နေသူများ အား အစိုးရစစ်တပ် ခြိမ်းခြောက်မှုရှိနေ

မြန်မာသတင်းထောက်များနှင့် လူ့အခွင့်အရေးအတွက် ခုခံကာကွယ်ပြောဆိုနေသူများကို တရားစွဲဆိုခြင်းနှင့် ခြိမ်းခြောက်မှုများ ရပ်တန့်ရန် Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၃ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။ (more…)

လူ့အခွင့်အရေးချိုးဖောက်မှု
ကချင်ပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ် အချိန်မတန်သေးဟု WMR အဖွဲ့သတိပေး

ကချင်ပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ် အချိန်မတန်သေးဟု WMR အဖွဲ့သတိပေး

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိန်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ်ပုံတူ ကြေးရုပ်တုထားရှိမည့်ကိစ္စကို အချိန်မတန်သေးကြောင်း ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) က ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ သတိပေးစာပေးပို့ထားသည်ဟု WMR ဥက္ကဌ ဒူဝါလထော်ခွန်ဆိုင်းက ပြောသည်။ (more…)

သတင်း
အစိုးစစ်တပ်မှ ကချင်လူငယ် ၃ ဦးအား မီးရှို့သတ်ထား

အစိုးစစ်တပ်မှ ကချင်လူငယ် ၃ ဦးအား မီးရှို့သတ်ထား

ရှမ်းပြည်နယ် မူဆယ်မြို့နယ် မလွန်ဘန်းခါးကျေးရွာသား သုံးဦး အပါအဝင် ရွာသားလေးဦးကို အစိုးရ စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် ခုနှစ်ရက်ကြာ ပျောက်ဆုံးခဲ့ရာမှ မီးရှို့သေဆုံးနေသည့် အလောင်းကို ဇန်နဝါရီလ ၃၁ ရက်က တွေ့ရှိခဲ့သည်ဟု မလွန်ဘွမ်ခါး (Malun Bum Hka) ကျေးရွာရှိ ဆရာဂျာခွန်းအောင်က ပြောသည်။ (more…)

ငြိမ်းချမ်းရေးသတင်း
ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ သဘောတူညီချက် လက်မှတ်ထိုးမည်ဟု UNFC ပြော

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ သဘောတူညီချက် လက်မှတ်ထိုးမည်ဟု UNFC ပြော

လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ကျရောက်သော (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကတိကဝတ်အဖြစ် သဘောတူညီချက် လက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဇန်နဝါရီလ ၂၉ ရက်တွင် ပြောဆိုလိုက်သည်။ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော အမျိုးသား ပြည်နယ်များကို အခြေခံ၍ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ဦးထိပ်ပန်ဆင်ကာ

ငြိမ်းချမ်းရေးသတင်း
အစိုးရမှ တရားလက်လွတ် လုပ်ဆောင်နေမှုများ ရပ်သင့်ဟု UNFC ပြော

အစိုးရမှ တရားလက်လွတ် လုပ်ဆောင်နေမှုများ ရပ်သင့်ဟု UNFC ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးရွာရှိ (KBC) မှ ကချင်ကျောင်းဆရာမ နှစ်ဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့မှုသည် စစ်ရာဇဝတ်မှုဖြစ်၍ တရားလက်လွတ်ပြုမူခြင်းကို ရပ်စဲသင့်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ပြောဆိုလိုက်သည်။ (more…)

လူ့အခွင့်အရေးချိုးဖောက်မှု
မတရားပြုကျင့်သေဆုံးခဲ့ အမှုမှန် ဖော်ထုတ်ရန်လို

မတရားပြုကျင့်သေဆုံးခဲ့ အမှုမှန် ဖော်ထုတ်ရန်လို

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကချင်ပြည်သူ လူထုများကလည်း ဝမ်းနည်းခြင်း ဆုတောင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပကာ အမှုမှန်ဖော်ထုတ်ရန် တောင်းဆိုလိုက်သည်။ (more…)

လူ့အခွင့်အရေးချိုးဖောက်မှု
ဆရာမ ၂ ဦး အဓ္ဓမပြုကျင့် သတ်ခံရမှု အစိုးရပေါ်တာဝန်ရှိဟု ဆို

ဆရာမ ၂ ဦး အဓ္ဓမပြုကျင့် သတ်ခံရမှု အစိုးရပေါ်တာဝန်ရှိဟု ဆို

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ ပညာရေးဌာနမှ သာသနာပြုနေသည့်  ကချင်ကျောင်းဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံရမှုကို တရားမျှတမှုနှင့် အမှုမှန်ပေါ်လွင်၍ ထိရောက်စွာ အရေးယူပေးရန်နှင့် ယခု ဖြစ်ပွားမှုအပေါ် အစိုးရအပေါ် တာဝန်ရှိသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ပြောဆိုခဲ့သည်။ (more…)

ငြိမ်းချမ်းရေးသတင်း
အပစ်ရပ်ရေးဆွေးနွေးမှု မပြီးသေးသဖြင့် လက်မှတ်ထိုးရန် မဖြစ်နိုင်သေး

အပစ်ရပ်ရေးဆွေးနွေးမှု မပြီးသေးသဖြင့် လက်မှတ်ထိုးရန် မဖြစ်နိုင်သေး

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှု မပြီးသေးသဖြင့် လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် လက်မှတ်ထိုးရန် မဖြစ်နိုင်သေးကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ကိုယ်စားလှယ်များက ပြောသည်။ (more…)

သတင်း
အစိုးရနှင့် KIA ကြား ကားမိုင်းဘက်သို့ တိုက်ပွဲများ ပြင်းထန်လာ

အစိုးရနှင့် KIA ကြား ကားမိုင်းဘက်သို့ တိုက်ပွဲများ ပြင်းထန်လာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် ကားမိုင်းမြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရ စစ်တပ်တို့အကြား ဇန်နဝါရီလ ၂၂ ရက်တွင် တိုက်ပွဲ ပြန်လည် ပြင်းထန်လာသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆန့်က ပြောသည်။ (more…)

လူ့အခွင့်အရေးချိုးဖောက်မှု
ဆရာမ ၂ ဦး အဓ္ဓမပြုကျင့်သေဆုံးမှု ရဲတပ်ဖွဲ့မှ အစိုးရတပ်နှင့် ဒေသခံများကို စတင်စစ်ဆေးနေ

ဆရာမ ၂ ဦး အဓ္ဓမပြုကျင့်သေဆုံးမှု ရဲတပ်ဖွဲ့မှ အစိုးရတပ်နှင့် ဒေသခံများကို စတင်စစ်ဆေးနေ

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် ကချင်ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆေးစစ်ချက်များထုတ်ပြန်ခြင်းမရှိသေးဘဲ အစိုးရ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ စတင်နေပြီ ဖြစ်ကြောင်း သိရသည်။ (more…)