ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်ပြည်နယ် မဲဆွယ်ဆိုင်းဘုတ်မှ ကျပ်သိန်းတစ်ရာကျော် အခွန်ရရှိ

ကချင်ပြည်နယ်တွင် အထွေထွေရွေးကောက်ပွဲအတွင်း နိုင်ငံရေးပါတီများအသုံးပြုခဲ့သည့် ဆိုင်းဘုတ်မှ ရရှိသည့်အခွန် တစ်ပြည်နယ်လုံး ကျပ်သိန်းတစ်ရာကျော်ရှိကြောင်း သိရသည်။

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကချင်ပြည်နယ်တွင် နိုင်ငံရေးပါတီပေါင်း ၁၇ ပါတီယှဉ်ပြိုင်ခဲ့ပြီး စည်ပင်ဧရိယာအတွင်း ပါတီအောင်နိုင်ရေးဆိုင်းဘုတ် အခွန်ငွေစုစုပေါင်း ကျပ် (၁၀၁၇၇၂၆၂) ထိ ကောက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးနော်လီက ပြောသည်။

“ပါတီဆိုင်းဘုတ်မှ အခွန်ဝင်ငွေရရှိမူကတော့ ကျပ်သိန်းပေါင်း တစ်ရာကျော်ရရှိတယ်။ အဲထဲကမှ အများဆုံးရရှိတာကတော့ မြစ်ကြီးနားမြို့နယ်က (၂၅၁၆၇၅၀)၊ ဖြစ်ပြီး ဒုတိယအများဆုံး ဝိုင်းမော်မြို့နယ်မှ (၁၃၅၁၅၀၀) ပြီးတော့ တတိယအများဆုံးက ဗန်းမော်က (၅၄၈၇၅၀)ကျပ် ရရှိခဲ့တယ်။ အဓိကတော့ စည်ပင်ဧရိယာထဲကဘဲ ကောက်တာပါ စည်ပင်ဧရိယာမဟုတ်တဲ့နေရာကတော့ ကောက်လို့မရပါဘူး။” ဟု ပြောသည်။

ကောက်ခံရရှိသည့်အခွန်ငွေများသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ စာရင်းများအရ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၅ဖွဲ့ရှိပြီးမှ ရရှိသည့် အခွန်ငွေများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီပေါင်း ၁၇ပါတီရှိကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၅၀၃ ဦးရှိသည်။

Show More

Related Articles

Back to top button