သတင်း

UEC ကို USDP ပါတီဝင်များ ဆက်တိုက် ဆန္ဒဖော်ထုတ်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်လုပ်ဆောင်မူအပေါ် ကျေနပ်မူမရှိသည့်အတွက် USDP ပါတီဝင်အချို့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဗန်းမော်ခရိုင် USDP ရုံးတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ ပြုလုပ်ခဲ့ကြသည်။

“ကျမအနေနဲ့ ရူံခြင်း၊ နိုင်ခြင်းအပေါ်မှာ ဘာမှအငြင်းပွားစရာမရှိပါဘူး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးရဲ့ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးမှာ မှန်မှန်ကန်ကန် မျှမျှတတနဲ့လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဘဲမျှော်လင့်ပါတယ်။ မမှန်မကန် မမျှတတဲ့ရွေးကောက်ပွဲအဖြစ် သမိုင်းဟာ အင်မတန်ရိုင်းသွားမှာဖြစ်တယ်။”ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သည့် ဒေါ်ယဉ်ယဉ်ထွေးက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် ကြိုတင်မဲများ စစ်ဆေးပေရေး-ဒို့အရေး၊ တစ်နိုင်ငံလုံးမဲမသမာမူများ ဝိုင်းဝန်းတားဆီးရေး-ဒို့အရေး၊ တရားမဲ့ပြုလုပ်သူများ ဖော်ထုတ်ရေး၊ တာဝန်ယူမူ တာဝန်ခံမူရှိသော ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းပေးရေး-ဒို့အရေး၊မှန်ကန်မျှတမူမရှိတဲ့ ကော်မရှင်-အလိုမရှိ၊ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မူများ-ဆန့်ကျင်ကြ၊ နိုင်ငံတော်ငွေကြေးဖြင့် မဲဆွယ်စည်းရုံးခြင်းအလိုမရှိ အစရှိသည့် ကြွေးကြော်သံများဖြင့် ပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျနော်တို့ ဗန်းမော်ခရိုင်မှာတော့ ရွေးကောက်ပွဲကာလတစ်လျှောက်လုံး လာတိုင်တန်းတဲ့အမူတွေ တစ်ခုမှမရှိပါဘူး။ သူတို့လည်း ဆန္ဒထုတ်ဖော်တယ်ဆိုတာက နိုင်ငံသားတွေရဲ့လွှတ်လပ်စွာထုတ်ဖော်ခွင့်ရှိလို့ လုပ်ကြာတာလို့ဘဲမြင်တယ် တစ်ခြားတော့ ဘာမှ ပြောစရာမရှိတော့ပါဘူး။” ဟု ဗန်းမော်ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးကျော်သိန်းကပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဗန်းမော်မြို့အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၈ ဦးရှိခဲ့သည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ပူးပေါင်းပါဝင်သူ လူဦးရေ ၃၀ခန့်ရှိပြီး ဆန္ဒထုတ်ဖော်သူများသည် စီတန်းလှည့်လည်ပြီး ဆန္ဒထုတ်ဖော်ခြင်းမဟုတ်ဘဲ တိုင်းရင်းသားစည်းလုံးညီညွှတ်မူကို ဦးတည်သော ရွေးကောက်ပွဲဖြစ်ပေါ်လာရေး-ဒို့အရေး၊တရားမျှတပြီး တရားဥပဒေစိုးမိုးရေးသော ရွေးကောက်ပွဲဖြစ်ပေါ်လာရေး၊ ရိုးသားဖြောင့်မတ်သော နိုင်ငံရေးယဉ်ကျေးမူတည်ဆောက်ရေး အောင်မြင်ရမည် အစရှိသည့် ဗီနိုင်းများကိုင်ဆောင်ကာ USDP ရုံးအတွင် လူတစ်ဦးနှင့်တစ်ဦး ၆ပေအကွာ ထိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ပြီးခဲ့သည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီပေါင်း ၁၇ပါတီရှိပြီး ဝင်ရောက်ယှဉ်ပြိုင်သည့်ကိုယ်စားလှယ်ဦးရေ ၄၁၀ ဦးရှိကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၇၇% အနိုင်ရရှိခဲ့သည်။

ယခုရက်ပိုင်းအတွင်း USDP ပါတီဝင်အချို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်အား ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲတစ်ရက်အား ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း မိုးကောင်းမြို့တွင် လူ ၃၀ခန့်ပါဝင်သည့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အလားတူ တိုင်းနှင့်ပြည်နယ်အနှံတွင်လည်း USDP ပါဝင်များက UEC က ဆန္ဒဖော်ထုတ်နေကြောင်း သိရသည်။

 

Show More

Related Articles

Back to top button