အင်တာဗျူး
-
Oct- 2024 -28 October
နယ်စပ်ဒေသမှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ KIA ကို တရုတ်ဖိအားပေးနေတာ ဘာကြောင့်လဲ
မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကချင်အထူးဒေသ(၁)၊ ကချင်ဒီမိုကရေသစ်တပ်မတော် (NDA-K )ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ အုပ်ချုပ်နယ်မြေတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အောက်တိုဘာလအတွင်းမှာပဲ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်နဲ့ တပ်ရင်း ဌာနချုပ်အပါအဝင် တပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ KIA ရဲ့ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးဟာ…
Read More » -
25 October
တရုတ်နိုင်ငံ တက္ကသိုလ်တွေမှာ ပညာသင်ယူချင်တဲ့လူငယ်တွေကို ကူညီပေးမယ့် Hpaji Mahkrai
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက် တိုင်းပြည်အတွင်း လူငယ်တွေအများစုရဲ့ အနာဂတ်နဲ့ ပညာရေးအခွင့်အလမ်းတွေလည်း နည်းပါးသွားခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေဟာ မိမိရဲ့အနာဂတ်အတွက် ပညာရေးအခွင့်အလှမ်းတွေရှာဖွေဖို့ နိုင်ငံရပ်ခြားအိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာပြီးပညာသင်ကြားကြသူတွေ ပိုမိုများပြားလာခဲ့တာဘဲ ဖြစ်ပါတယ်။ ခုလိုနိုင်ငံရပ်ခြားမှာပညာသင်ကြားသူတွေ များပြားလာတာကြောင့် နိုင်ငံခြားကျောင်းတွေမှာတတ်ရောက်နေကြတဲ့ စီနီယာကျောင်းသားတွေကနေပြီးတော့ ကျောင်းသားအချင်းချင်းကူညီဖေးမဖို့အတွက် ကျောင်းသားအဖွဲ့အစည်းတချို့ကို ဖွဲ့စည်းလာကြပါတယ်။ အဲဒီထဲမှာ လက်ရှိတရုတ်နိုင်ငံမှာတက်ရောက်နေကြတဲ့ ကချင်ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့ Hpaji Mahkrai ဆိုတဲ့ ကျောင်းသားအဖွဲ့အစည်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Hpaj Mahkrai အဖွဲ့ကိုတော့ တရုတ်ပြည်မှာကျောင်းတက်နေတဲ့ ကချင်ကျောင်းသား ၉ ဦးကနေပြီးတော့ ၂၀၂၄ မေလ၂၆ရက်နေ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး စက်တင်ဘာ၂၈ရက်နေ့မှာတော့ Hpaji Mahkrai အဖွဲ့အစည်း မိတ်ဆက်ပွဲနဲ့ ကျောင်းသားသစ်ကြိုဆိုပွဲကို ကျင်းပခဲ့တာဘဲဖြစ်ပါတယ်။ Hpaji Mahkrai ကျောင်းသားအဖွဲ့အစည်းအနေနဲ့ လက်ရှိဘာတွေလုပ်ဆောင်နေလဲ အနာဂတ်ပန်းတိုင်ရည်မှန်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာနဲ့ ပက်သက်ပြီး Hpaji Mahkrai အဖွဲ့အစည်းရဲ့ အတွင်းရေးမှူး ကိုဂျန်မော်ဂမ်ဖန်( Jangmaw Gam Hpang)ကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။ မေး–ကျေးဇူးပြုပြီး မိတ်ဆက်ပေးပါအုံးဗျ။ ဖြေ–ကျွန်တော်နာမည်ကတော့ဂမ်ဖန်ဖြစ်ပါတယ်..ကျွန်တော်က Hpaji Mahkraiကျောင်းသား အဖွဲ့အစည်းရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေပြီးတော့ လက်ရှိကူမင်း ယူနန်တက္ကသိုလ်မှာ International Relationship ဘာသာရပ်နဲ့ပက်သက်ပြီး အဓိကသင်ယူနေတာဘဲ ဖြစ်ပါတယ်”။ မေး-Hpaji Mahkrai ရဲ့ ရည်ရွယ်ချက်နဲ့ စတင်ဖွဲ့စည်းဖြစ်ခဲ့တဲ့အကြောင်းလေး ပြောပေးပါအုံး။ ဖြေ–ဒီအဖွဲ့အစည်းကိုမလုပ်ခင်ကတည်းကနေ ကျွန်တော်တို့စိတ်ထဲမှာကိုက တရုတ်ပြည်ကကျောင်းတွေမှာ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် ဆက်သွယ်ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတစ်ခုကတော့လိုနေပြီလို့အကုန်လုံးကတွေးမိကြတဲ့အတွက် လက်ရှိHpaji…
Read More » -
9 October
စိန်ခေါ်မှုအခက်ခဲတွေကြား ရုန်းကန်နေကြရတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ
မြန်မာနိုင်ငံကို စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံထိုင်းနိုင်ငံကို လူငယ်တွေနဲ့ လူလတ်ပိုင်းအရွယ် အတော်များများ အလုပ်လုပ်ကိုင်ဖို့ရောက်ရှိလာကြပါတယ်။ ထိုင်းနိုင်ငံထဲကို ရောက်လာသူတွေဟာ နှစ်နိုင်ငံသဘောတူ MOU ကဲ့သို့ တရားဝင်နည်းလမ်းနဲဲ့ဝင်လာတဲ့သူတွေရှိသလို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့သူတွေလည်းအများအပြားရှိနေ ပါတယ်။ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ တရားဝင်အထောက်အထားနဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားအရေအတွက် ၂၀၂၃ ဒီဇင်ဘာလထိ ၂၃၃၀၁၉ ဦးထိရှိပြီး ၂၀၂၄ မတ်လမှာတော့ ၃၄၁၅၇၄၄ ဦးထိတိုးမြင့်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ပြောဆိုချက်အရတော့ တရားဝင်လုပ်သားနဲ့ တရားမဝင်လုပ်သားအားလုံးပေါင်းခန့်မှန်းချေ ၆ သန်းထိရှိနိုင်တယ်လို့ သိရပါတယ်။ ခုလိုရွှေ့ပြောင်းလုပ်သားတွေများပြားလာတာနဲ့အတူ ထိုင်းအစိုးရကနေပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဇွန်လ ၅ ရက်နေ့ကစပြီး ရက်ပေါင်း၁၂၀ စစ်ဆင်ရေးအနေနဲ့ ထပ်မံဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးမှုတွေပြုလုပ်တဲ့အချိန် စက်တင်ဘာ ၁၉ရက်နေ့အထိ တရားမဝင်လုပ်သား၂၅၆၂၁၃ ဦးဖမ်းဆီးထားပြီး အဲဒီထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉၃၄၃၀ ဦးထိရှိခဲ့တယ်လို့ ထိုင်းနိုင်ငံအလုပ်သမားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီအစိုးရနေပြီးတော့ ထိုင်းရောက်အလုပ်သမားတွေကို အခွန်၂၅ ရာခိုင်နှုန်းပေးဆောင်ဖို့လုပ်ဆောင်မှုတွေအပြင် အလုပ်သမားကတ်သက်တမ်းတိုးပါက မြန်မာနိုင်ငံပြန်ပြီး လုပ်ရမယ့်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာဘဲ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့အခွန်တင်းကြပ်မှုနဲ့ထိုင်းအစိုးရရဲ့ ဖမ်းဆီးမှုတွေကြား ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေရှိနေလဲဆိုတာနဲ့ ပက်သက်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို KNG ကနေပြီးတော့ ဆက်သွယ်မေးမြန်းထားတာဘဲ ဖြစ်ပါတယ်။ အိမ်အကူလုပ်နေတဲ့အသက်၃၀အရွယ်အမျိုးသမီးတစ်ဦး ကျွန်မကအထောက်အထားမရှိတဲ့အတွက် ဘယ်ကိုသွားသွားပုန်းလျှိုးကွယ်လျှိုးနဲ့ဘဲ သွားနေရတယ် ကြောက်နေရတယ် ဖျားနာတာတွေဖြစ်ရင်တောင်မှ ကိုယ်ကဘယ်လိုဆက်သွယ်ရမလဲဆိုတာမသိဘူး သည်းခံနေရတယ်။ ကိုယ်အတွက်အရမ်းအဆင်မပြေဖြစ်တာပေါ့ ဖျားနာလာခဲ့ရင်တောင် ဘာလုပ်ရမလဲဆိုတာကိုမသိဘူး အထောက်အထားမရှိတော့ ပြီးတော့ အိမ်ဘေးနားထောင်မထွက်ရဲဘဲ ကြောက်နေရတဲ့အခြေအနေဖြစ် ပြီးတော့ အလုပ်သမားကတ်သက်တမ်းတိုးတာတွေလည်း ကိုယ့်နိုင်ငံမှာမလုံခြုံလို့ သူများနိုင်ငံမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ နေရင်းနဲ့မှ ခက်ခက်ခဲခဲဘတ်ရိုက်နိုင်ပြီဆိုမှ မြန်မာနိုင်ငံပြန်ပြီးလုပ်ရမယ်ဆိုတော့ စိုးရိမ်ကြောက်ရွံတာတွေဖြစ်ပြီး စိတ်ကဟိုးအောက်ဆုံးထိကျသွားတာမျိုးဖြစ်တာပေါ့။ ချင်းမိုင်မှာအလုပ်လုပ်နေတဲ့ အသက်၂၀ကျော်အရွယ်လူငယ်တစ်ဦး “ကျွန်တော်က တရားမဝင်လာခဲ့တာဆိုတော့ စကစအစိုးရကိုတော့ အခွန်ပေးစရာမလိုဘူးလို့တော့ထင်တာဘဲ အလုပ်ကတော့ မကောင်းဘူး။ ရတဲ့အလုပ်လုပ်နေရတယ် အရမ်းပင်ပန်းတယ် ရဲတွေကိုလည်းပြန်ကြောက်နေရ ထိုင်းလူမျိုးတွေနဲ့လည်း အဆင်မပြေဖြစ်တာပေါ့” တရားဝင်အလုပ်သမားကတ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးလူငယ်တစ်ဦး ၂၅ရာခိုင်နှုန်းအခွန်ဆောင်ရမှာနဲ့ပက်သက်ပြီးတော့က နိုင်ငံရေးသာကောင်းလို့ရှိရင်တော့ ပေးချင်ပေမယ့် ပြည်ပထွက်ပြီးအလုပ်လုပ်တဲ့သူတွေအတွက်ကမလွယ်ကူဘူးပေါ့ ဝင်ငွေကနည်းတဲ့ထဲမှာမှ စားဖို့သောက်ဖို့သုံးမယ်။ ပြီးတော့ အိမ်ကိုလည်းပြန်ပို့ပေးရတော့ အခုလို အခွန်ဆောင်ရမယ့်သတင်းထွက်လာတော့ အရမ်းကို စိုးရိမ်ပူပန်မှုတွေဖြစ်နေတာပေါ့ တစ်နေ့ထက်တစ်နေ့ ဖြတ်ကျော်ရတာမလွယ်တဲ့ကြားက ဗီဇာသက်တမ်းတိုးရင် ပြန်ရမယ်ဆိုတော့ အဲသတင်းက မမှန်ကန်တဲ့သတင်းဘဲ ဖြစ်ပါစေလို့တွေးနေမိတယ် အလုပ်လုပ်တဲ့သူတွေအတွက်ကတော့ ဗီဇာက အရေးကြီးဆုံးဘဲလေ ခုလိုသတင်းထွက်တော့ မြန်မာနိုင်ငံမပြန်ချင်တာတော့ မဟုတ်ပေမယ့် သူများနိုင်ငံမှာ မျက်နှာငယ်နဲ့ မနေချင်ဘူး…ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာက ဘာမှလုပ်ကိုင်စားသောက်လို့မရတော့အိမ်သားတွေက ဘာတွေလုပ်ကိုင်စားသောက်ပြီးနေရမှာလဲပေါ့..တကယ်ကိုပြည်သူတွေအတွက်တွေးတယ်ဆိုရင် သူများနိုင်ငံမှာနေနေတဲ့ ကိုယ့်ရဲ့ပြည်သူတွေကို ဘယ်လိုလုံခြုံမှုပေးရမလဲဆိုတာကိုတွေးပေးရင်တော့ ပိုကောင်းမယ်ထင်တယ်။ ကောစန်း(ပရံ)အလုပ်လုပ်ကိုင်နေတဲ့အိမ်ထောင်သည်အမျိုးသားတစ်ဦး ကိုယ်အနေနဲ့ ခုလိုအခြေအနေတွေဖြစ်လာတော့ အလုပ်လုပ်တဲ့အချိန်ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ် သွားသွားလာလာ သတိနဲ့နေရတာပေါ့အရင်ကထက်စာရင် ကျွန်တော်တို့က သူတို့တိုင်းပြည်မှာ အလုပ်လုပ်ကိုင်ရင်းနဲ့ အမျိုးမျိုးမှီခိုနေထိုင်နေကြတာပေါ့ ကျနော်တို့ရဲ့တိုင်းပြည်မဟုတ်တဲ့အတွက် ရှာဖွေစားသောက်တဲ့အချိန် နေရာတိုင်းမှာ သူတို့တိုင်းပြည်ကချမှတ်ထားတဲ့ ဥပဒေတွေကိုလိုက်နာပြီး လုပ်ကိုင်တာက ပိုကောင်းမယ်လို့ကျွန်တော့်အနေနဲ့ မြင်မိပါတယ်။ ဈေးရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ လူငယ်တစ်ဦး ကျွန်တော်အနေနဲ့တော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီထက်ပိုပြီး စည်းကမ်းရှိရှိနဲ့နေသင့်တယ်လို့ မြင်မိတယ် ဘာလို့ဆိုတော့ ကျွန်တော်တို့ဘက်မှာ အထောက်အထားမစုံဘဲနဲ့ရောက်လာတဲ့သူတွေပိုများတယ် မြန်မာနိုင်ငံသားတိုင်းတော့ စည်းကမ်းမရှိတာတော့ မဟုတ်ဘူးလေ ထိုင်းလူမျိုးတိုင်းကလည်း မြန်မာနိုင်ငံသားတိုင်းကို မုန်းနေတာမဟုတ်ဘူး လက်ရှိအခြေအနေအရဆိုရင်လည်း အဖမ်းအဆီးအရမ်းများတော့ စိုးရိမ်နေရတာပေါ့ မြန်မာစကားဆိုလည်းရှောင်တယ် ရဲနဲ့တူတဲ့သူကိုတွေ့ပြီဆိုရင်ပုန်းနေလိုက်တာမျိုးပေါ့။ By…
Read More » -
Sep- 2024 -23 September
လေကြောင်းနဲ့တိုက်ခိုက်မှုအပြင်းထန်ကြုံနေရတဲ့ ပင်လည်ဘူးတိုက်ပွဲ ဆက်သွယ်မေးမြန်းချက်
စစ်ကိုင်း– ကချင်အစပ်မှာရှိတဲ့ ပင်လည်ဘူးမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာ တစ်လနဲ့ ၇ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ကောလင်းမြို့ရဲ့အနောက်မြောက်ဘက် ၂၅ မိုင်အကွာ၊ ဝန်းသိုမြို့နဲ့ ၄၁ မိုင်ကွာဝေးတဲ့နေရာမှာရှိတဲ့ ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တို့ဘက် ၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်တိုင်းမြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာ ၆ ကြိမ်တိုင်တိုင်ရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ထိ မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခြင်းမရှိသေးသလို ဩဂုတ်လ ၁၄ ရက်နေ့ကနေ စတင်လာတဲ့ ဒီတစ်ကြိမ်မြို့သိမ်းတိုက်ပွဲဟာ ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ် ထိုးစစ်ဆင်နေတဲ့တိုက်ပွဲလည်းဖြစ်ပါတယ်။ တစ်လကျော်ထိုးစစ်ဆင်နေရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအခြေနေဘယ်လိုရှိနေလဲဆိုတာကို ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာပါဝင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကို KNG က မေးမြန်းထားပါတယ်။ မေး– ပထမဆုံး ပင်လည်ဘူးတိုက်ပွဲနောက်ဆုံးအခြေနေကို ဦးစွာပြောပေးပါအုံး။ ဖြေ– ဟုတ် ဒီနေ့တစ်ရက်ထဲ တောကျောင်းဆိုတဲ့နေရာမှာ ရဲစခန်းနဲ့နီးတယ် မီတာအားဖြင့်ဆိုရင် ၁၄၆ မီတာလောက်ဘဲကွာတဲ့နေရာမှာ စစ်အင်အား လာချသွားတယ်။အဲဒါချနိုင်ဖို့ Y12 နဲ့တောက်လျှောက်ပစ်တာ နေ့လည် ၂ နာရီဝန်းကျင်အထိ ၁၂ ကြိမ်လောက်ရှိပြီ Mi-17 နဲ့စစ်အင်အားချနေတာ ၇ ကြိမ်ရှိပြီ ဒါနောက်ဆုံးအခြေနေပါ။ မေး– အဲတော့ ဒီနေ့လာပို့သွားတဲ့ စစ်ကြောင်းက စစ်အင်အား ဘယ်လောက်ရှိနိုင်လဲ။ ဘယ်တပ်ရင်းဌာနချုပ်ကလဲဆိုတာကော သိရလား။ ဖြေ– စစ်အင်အားကတော့ ၁၀၀ ကျော်နိုင်တယ် ခန့်မှန်းပေါ့ ဒီနေ့ချတာက ကျနော်တို့သိရတဲ့အချက်လက်အရ မကွေးမြို့စောင့်တပ်လို့သတင်းရထားပါတယ်။ မေး– ပင်လည်ဘူး ခုလေလောဆယ်ကော စစ်တပ်ဘက်ကလည်း စစ်အင်အားဖြည့်နေတော့ နှစ်ဖက်ထိတွေ့အခြေနေဘယ်လိုရှိလဲ။ ဖြေ–ခုနက လာချသွားတဲ့အဖွဲ့နဲ့ ကျနော်တို့အဖွဲ့တိုက်ပွဲပြင်းထန်နေပါတယ်။ ပြီးတော့ သူတို့လေကြောင်းကနေချပေးတဲ့ စစ်လက်နက်ရိက္ခာတွေကိုလည်း ကျနော်တို့ဘက်က အများကြီးသိမ်းရမိထားတာတွေရှိပါတယ်။ ဘာတွေလဲဆိုတော့ တိတိကျကျမသိရသေးဘူ။ မေး–အရင်တစ်ခေါက်လည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ပို့နေတဲ့ စစ်လက်နက်ရိက္ခာတွေကို ကာကွယ်ရေးတပ်ဘက်က သိမ်းရမိတာရှိတယ်လို့ သိရတယ် ဟုတ်လား။ ဖြေ– ဟုတ်ပါတယ် ၈ လပိုင်း ၂၁ ရက်နေ့ လာချတဲ့ သိမ်းနိုင်တဲ့ထဲမှာ လက်နက်ခဲယမ်းနဲ့အစားသောက်အဓိကချသွားတာ ဆာလာအိတ်ရော၊သစ်သားသေတ္တာနဲ့ကော လေထီးနဲ့ချတာ။အဲချိန် လာပို့သွားတဲ့ စစ်ကြောင်းကိုလည်း ကျနော်တို့ဘက်က ဖမ်းရမိတာတွေလည်း များတယ်။ မေး– နောက်တစ်ခုက တိုက်ပွဲတစ်လတာအတွင်း ဖမ်းဆီးရမိတဲ့သုံ့ပန်းအခြေနေလေး သိရပါစေ။ ဖြေ– ဒီနေ့လာချတာနဲ့ဆိုရင် စစ်အင်အားဖြည့်တာ ၃ ကြိမ်ရှိပြီ ပထမလာပို့တဲ့စစ်ကြောင်းက တစ်ကြောင်းလုံး လက်နက်ချအလင်းဝင်တယ်။ ဒုတိယအကြိမ်လာပို့တဲ့စစ်ကြောင်းက အရှင်ဖမ်းမိတာရှိတယ် နောက်တစ်ခုက ခုဒီမှာပို့လာတဲ့စစ်သားတွေက အောက်ပိုင်းကနေပို့လာတာဆိုတော့ ဒီဘက်ကို သူတို့နယ်မြေမကျွမ်းဘူး အဲတော့လမ်းမှားပြီး ကျနော်တို့ဘက်ကို ထွက်ပြေးလာတဲ့သူတွေလည်းရှိတယ်။ ပြီးတော့ တစ်ချို့ကစစ်မတိုက်ချင်တော့ဘူးဆိုပြီး ထွက်ပြေးသွားတဲ့သူတွေကိုဖမ်းရမိတာရှိတယ်။ဖမ်းဆီးရမိတာ၊သုံ့ပန်းနဲ့ပေါင်းရင်တော့ ၈၀ ကျော်ပြီ။ မေး–အဲဆိုရင် လက်ရှိ ပင်လည်ဘူးမြို့ထဲ ဘယ်နေရာ၊ဘယ်စခန်းတွေ ကျန်သေးလဲ။ ဖြေ– ခုမြို့ထဲကရဲစခန်းနဲ့အာရှဘဏ်ကုန်းဘဲကျန်တော့တယ် ကျန်တာအကုန်ရပြီ။ ဒီနေရာကို လက်မလွတ်အောင် စစ်တပ်က အပြင်းထန်လေကြောင်းသုံးနေတာ မသိရင် အပြည်ပြည်ဆိုင်ရာလေဆိပ်လားထင်ရတယ်။ နေ့တိုင်းလာပစ်တယ် မပစ်တဲ့နေ့မရှိသလောက်ပါဘဲ။ နေ့တိုင်းတိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေဆဲအခြေနေဖြစ်ပါတယ်။ မေး– ပင်လည်ဘူးတိုက်ပွဲမှာ စစ်တပ်က လေကြောင်းပစ်ခတ်မှုကို အဓိကအားထားနေရတယ်လို့ ပြောချင်တာလား။…
Read More » -
Aug- 2024 -21 August
မြန်မာပြည်မှာ အရပ်သားသေဆုံးမှု မြင့်တက်ခြင်း၊ စီးပွားရေးထိုးကျခြင်းတွေက ဘယ်သူမှာ တာဝန်ရှိပါသလဲ။
ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်း အဆင့် ၂ မှာ မြန်မာနိုင်ငံရှိနေပြီး ပြည်တွင်းစစ်ဖြစ်ပွားတဲ့ နယ်မြေဧရိယာက လည်း ကမ္ဘာ့အဆင့် ၉ နေရာမှာ ရပ်တည်နေလို့ သိရပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားတဲ့ နယ်မြေဒေသ ကျယ်ဝန်းလာတာနဲ့အတူ စစ်ပွဲကြောင့် အရပ်သားသေဆုံးမှုအများဆုံး ကမ္ဘာ့အဆင့် ၃ နေရာမှာ ရှိနေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေနဲ့ တည်နေရာလေ့လာရေးအဖွဲ့ (ACLED) ဩဂုတ်လ ၆ ရက်နေ့…
Read More » -
13 August
ဖုန်း၊အင်တာနက်ပြတ်တောက်နေတဲ့ မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ
ဒါပေမယ့် MPT ဖုန်းလိုင်းကလည်း မြို့တွင်းနေရာ အကန့်အသတ်နဲ့သာရရှိနေပြီး ကျန်တဲ့ဖုန်းလိုင်းအော်ပရီတာလိုင်းတွေအားလုံးပြတ်တောက်နေဆဲဖြစ်တာကြောင့် ပြည်သူတွေဟာ အဖက်ဖက်ကနေ လူမူစီးပွားဆိုင်ရာ အခက်ကြုံနေကြတယ်လို့လည်း သိရပါတယ်။
Read More » -
12 August
တိုက်ပွဲဒေသဖြစ်နေတဲ့ ဗန်းမော်မြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်
ဒါကြောင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိနေတဲ့ ဗန်းမော်မြို့အခြေနေကို ဗန်းမော်ကနေ တစ်ခြားနေရာကို ဒီမနက်ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။
Read More » -
Jul- 2024 -24 July
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ယာယီသမ္မသလွှဲပြောင်းယူလိုက်တဲ့အပေါ် ကချင်ပြည်သူတွေရဲ့ အမြင်သုံးသပ်ချက်
အခုလို ယာယီသမ္မတတာဝန်ကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွှဲပြောင်းရယူလိုက်တဲ့ နောက် မြန်မာနိုင်ငံတဝှမ်း ဝေဖန်ထောက်ပြတာတွေရှိနေပါတယ်။
Read More » -
15 July
ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (KSCU) ကျောင်းရဲ့တတိယအကြိမ်မြောက် ကျောင်းဝင်ခွင့်လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ
Kachin State Comprehensive University(KSCU)ရဲ့ ၂၀၂၅ခုနှစ် စာသင်နှစ်နဲ့ ပက်သက်တဲ့ အကြောင်းအရာ စုံစုံလင်လင်ကို KNG ကနေပြီးတော့ KSCU ကျောင်းရဲ့ ဒု ဒုအဓိပတိဖြစ်သူ ဆရာဒေါက်တာ ဦးအောင်နိုင်သူနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။
Read More » -
4 July
ဧရာဝတီ မြစ်ရေစံချိန်ကျော်မြင့်တက်ခဲ့တဲ့ မြစ်ကြီးနားမြို့ အခြေအနေ မေးမြန်းချက်
မြစ်ကြီးနားမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကစပြီးဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာထက် ၆ ပေကျော်မြင့်တက်ခဲ့ပြီး တစ်မြို့လုံးနီးပါးရေဘေးဒဏ်ကြုံခဲ့ပါတယ်။
Read More »