ဖမ်းဆီးခံရမှု

  • May- 2024 -
    13 May

    စင်းခန်းကနေထွက်ပြေးလာတဲ့ စစ်တပ်က အရာရှိတစ်ဦးနဲ့တပ်သားတစ်ဦး KIA ပူးပေါင်းတပ်ဖမ်းဆီးရမိ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် အရာခံဗိုလ်တစ်ဦးနဲ့တပ်သားတစ်ဦးကို ရွှေကူနယ်ထဲမှာ ဖမ်းဆီးထားရတယ်လို့ ရွှေကူကာကွယ်ရေးတပ်ကနေ သိရပါတယ်။ မေလ ၇ ရက်နေ့ စင်းခန်းကျေးရွာ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်း၊ ကာကင်းစခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်စဥ် စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အထဲက အရာခံဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးကို မေလ ၁၂ ရက်နေ့မွန်းလွှဲ ၁ နာရီခွဲဝန်းကျင်မှာ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “ဖမ်းတာက ဒီဘက်ကျွန်တော်တို့ LPDF တွေကဖမ်းမိလိုက်တာ သူတို့နှစ်ယောက်က အရပ်ဝတ်နဲ့ထွက်လာတာဟုတ်တယ် ရွာထဲမှာဖမ်းလိုက်မိတာ အရာခံဗိုလ်တစ်ယောက်၊တပ်သားတစ်ယောက်ပါတယ် ခုတော့စစ်ဆေးနေတုန်း”လို့ သူကပြောပါတယ်။ ဖမ်းဆီးရမိတဲ့စစ်ကောင်စီစစ်သားနှစ်ဦးကို သက်ဆိုင်ရာအဖွဲ့တွေက စိစစ်နေဆဲဖြစ်တယ်လို့သိရပြီး စစ်ဆေးပြီးပါက လုပ်ထုံးလုပ်နည်းအရသက်ဆိုင်ရာကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မေလ ၇ ရက်နေ့ စင်းခန်းကျေးရွာ စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်ဝင်ရောက်သိမ်းပိုက်စဥ် ရဲစခန်း၊ ကာကင်းဂိတ်နေရာတွေက စစ်ကောင်စီတပ်သားများ၊စင်းခန်းချောင်းကူးတံတားတွေမှာ အထိုင်ချထားတဲ့စစ်ကောင်စီစစ်သားတွေဟာ ရွာနဲ့တစ်မိုင်ကျော်ဝေးတဲ့ ဥဒေါင်းတောင်ခေါ် တာဝါတိုင်ကုန်းတပ်စခန်းထဲကို ထွက်ပြေးသွားကြတာဖြစ်ပါတယ်။ ဒါပေမယ့် တာဝါတိုင်းကုန်းတပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ ညနေပိုင်းမှာ ဆက်လက်တိုက်ခိုက်ခဲ့တာကြောင့် တာဝါတိုင်ကုန်းမှာရှိနေတဲ့ စစ်ကောင်စီစစ်သား၊ရဲနဲ့ပျူစောထီးတွေ စုပေါင်းအင်အား ၈၀ ဝန်းကျင်ဟာ ညတွင်းချင်း ရွှေကူနယ် တောတောင်တွေထဲကို ထွက်ပြေးသွားပြီး KIA ပူးပေါင်းတပ်ကလည်း လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ပထမကတော့ထွက်ပြေးသွားတဲ့အဲ့အဖွဲ့က ရွှေကူတပ်ထဲကိုရောက်နေပြီဆိုပြီး ဆိုက်ဝါးသတင်းဖြန့်တာတကယ်တော့မရောက်သွားဘူး ဥဒေါင်းတောင်ခြေတစ်ဝိုက်မှာပဲပျောက်နေတယ်။ ဘယ်နေရာမှာပျောက်နေလဲတော့မသိဘူးအဲ့တစ်ဝိုက်မှာက လှိုင်ဂူတွေလည်းပေါတယ်။ လှိုင်ဂူတွေထဲအောင်းနေတာဖြစ်မယ် မနေ့ကဒီကနေ့စစ်ကြောင်းတစ်ကြောင်းတော့တက်သွားတယ် သူတို့ရှာဖို့ဆိုပြီး”လို့ ရွှေကူ KPDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။ မေလ ၁၂ ရက်နေ့ စစ်ကောင်စီစစ်သားနှစ်ဦးကို ဖမ်းဆီးရမိတဲ့ ဇင်းဘုံကျေးရွာဟာ ဥဒေါင်းတောင်ခေါ် တာဝါတိုင်ကုန်းရဲ့တောင်ခြေမှာရှိတာဖြစ်ပြီး ကျန်ရှိနေတဲ့စစ်သားတွေလည်း အဲ့ဒီတောင်ခြေ တစ်ဝိုက်မှာပဲပျောက်ဆုံးနေတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် စင်းခန်းကျေးရွာစခန်းသိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒေသခံပြည်သူတွေထဲက အများပိုင်းဟာ မေလ ၁၀ ရက်နေ့လောက်ကတည်းက နေရပ်ပြန်ဝင်နေကြပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ဗန်းမော်ခရိုင်ထဲက ဗန်းမော်မြို့အပါ မံစီ၊မိုးမောက်မြို့တွင်းထဲက စစ်ကောင်စီအထိုင်တပ်တွေနဲ့ရဲစခန်းတွေကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံပြည်သူ ထောင်ချီလည်းထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ By – Zaw Zaw

    Read More »
  • 6 May

    ဖမ်းဆီးထားတဲ့ မြေသယ်ကား ၆ စီးကို ငွေကျပ် သိန်းငါးထောင်နဲ့ရွေးခိုင်းနေ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ပြည်သူ့စစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေက မြေသယ်ကား ၆ စီးဖမ်းဆီးထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့သိရပါတယ်။ ဟိုပင်ပြည်သူ့စစ်ခေါင်းတောင် ဦးငမျိုး(တရုတ်လူမျိုး) ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့နဲ့  စစ်ကောင်စီပူးပေါင်းတပ်က မတ်လ ၅ ရက်ရက်နေ့ ဖားကန့်ဘက်ကိုတက်မယ့် မြေသယ်ကား (၁၀ဘီးကား) ၆ စီးကို ဟိုပင်တိုးဂိတ်အကျော် လမ်းခုလတ်မှာ ဖမ်းဆီးထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဖမ်းဆီးခံရတဲ့မြေသယ်ကားပိုင်ရှင်တွေနဲ့နီးစပ်သူတစ်ဦးကKNGကိုပြောပါတယ်။ “တရုတ်ငမျိုးဆိုပြီးလည်းခေါ်ကြတယ်သူ့ကိုဟိုပင်ပြည်သူ့စစ်ခေါင်းဆောင်ဟုတ်တယ် သူပဲလုပ်နေတာ ဖမ်းတာက ဟိုပင်တိုးဂတ်အကျော်မှာဖမ်းလိုက်တာ အဲ့ငမျိုးဆိုတဲ့ပြည်သူ့စစ်ခေါင်းဆောင်ကဖမ်းက ၆ စီးစလုံးကိုသိန်းငါးထောင်တောင်းလို့အခုညှိနေကြတယ်”လို့ အထက်ဖော်ပြပါဟိုပင်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မြေသယ်ကား ၆ စီးစလုံးကို လက်ရှိ ဟိုပင် တပ်ရင်း ၄၀ ထဲမှာ ထိန်းသိမ်းထားပြီး စစ်ကောင်စီတပ်နဲ့ ဟိုပင်ပြည်သူ့စစ်ခေါင်းဆောင်ဦးငမျိုးတို့တောင်းတဲ့ကျပ်သိန်းငါးထောင်နဲ့ရွေးရင်ပြန်လွတ်ပေးမှာဖြစ်ကြောင်း ကားပိုင်ရှင်တွေကိုပြောဆိုထားတယ်လို့သိရပါတယ်။ “အခုဖမ်းထားတဲ့အဲ့ ၆ စီးလုံးက ၄၀ ထဲမှာ တပ်ရင်း ၄၀ ထဲမှာထားထားတယ်။ အရင်တစ်ခေါက်ကလို တစ်ခါထဲဖမ်းပြီးမှ မီးရှို့တာမျိုးတော့မလုပ်သေးဘူး ဖမ်းပြီးနောက်ရက်မီးရှို့တာအခုတစ်ခေါက်ကလည်း သူပဲလုပ်တာ သူပဲဖမ်းပြီးသူပဲလွတ်တာ အရှေ့၇ စီးကတစ်ခါဖမ်းပြီးမီးရှို့တာ။ အဲ့ကသူမစားရလို့လားမသိဘူး အခုဒီ ၆ စီးကသူကိုယ်တိုင်လုပ်တာ သူကိုယ်တိုင်ပိုက်ဆံပေးမယ့် ကုန်သည်တွေနဲ့လုပ်ပြီးသူကအခုအောက်ခြေနဲ့ ပြန်ညှိပြီးပြန်လွတ်ဖို့လုပ်နေတယ်”လို့ အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ကလည်း ဖားကန့်ဘက်တက်မယ့် မြေသယ်ကား ၇ စီးကို မိုးညှင်းမြို့နယ်ရှိ နန်းခွင်တံတားအကျော် ပွင့်ဖြူစစ်ကောင်စီတပ်စခန်းဂိတ်မှာ  စစ်ကောင်စီတပ်နဲ့ဟိုပင်ပြည်သူ့စစ်ပူးပေါင်းတပ်တွေကဖမ်းဆီးပြီးငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းရာ ပြန်မရွေးနိုင်တာကြောင့်မီးရှို့ဖျက်ဆီးလိုက်တယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • 3 May

    ကိုးကန့်တပ်ဖွဲ့ ကချင်အမျိုးသမီးတစ်ဦးကိုဖမ်းဆီးထား 

    ရှမ်းမြောက် နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာမှာ ကိုးကန့် MNDAA တပ်ဖွဲ့က ကချင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားတာ ၃ ရက်ကြာလာပေမယ့် ပြန်လွတ်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ မေလ ၁ ရက်နေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ကိုးကန့် MNDAA…

    Read More »
  • 2 May

    ဆိုင်းတောင်တံတားထိပ်မှာ အရပ်သား ၃ ဦးဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုင်းတောင်မှာနေထိုင်သူတွေကနေ သိရပါတယ်။ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင် ဆိုင်းတောင်တံတားထိပ်မှာ တစ်နာရီအကြာပိတ်ဆို့စစ်ဆေးခဲ့ပြီး အရပ်သား ၃ ဦးကိုဖမ်းဆီးသွားတယ်လို့ ဆိုင်းတောင်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အကြာကြီးတော့မဟုတ်ဘူး ခနပဲလုပ်သွားတာ အဲ့မှာသူတို့မသင်္ကာတဲ့အမျိုးသားသုံးယောက်ကိုတော့ဖမ်းသွားတယ်။ ဆိုင်းတောင်ရဲကုန်းကိုခေါ်သွားတယ်။ နောက်ဆက်သွယ်တော့မသိရသေးဘူးအခုတော့မရှိတော့ဘူး ပြန်ဆုတ်သွားကြပြီ”လို့ ပြောပါတယ်။ ဖမ်းဆီးခံရသူ အရပ်သား…

    Read More »
  • 1 May

    ဖားကန့်မှာ ဒုရဲအုပ်တစ်ဦးကို KPDF ဖမ်းဆီးရမိ

    ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီလောက်က ဒုရဲအုပ်တစ်ဦးကို KPDF တပ်ဖွဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောပါတယ်။ ဖြစ်စဥ်ကတော့ ဆိုင်းတောင်ရဲစခန်းကနေ ရဲ၃ယောက် မြို့ထဲကိုဆင်းလာပြီး ငွေသွင်းငွေထုတ်လုပ်နေတဲ့ အချိန်မှာပဲ…

    Read More »
  • Apr- 2024 -
    29 April

    ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကိုဖမ်းဆီးပြီး စစ်ကောင်စီ မီးရှို့ဖျက်ဆီး

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းခွင်တံတားအကျော် ပွင့်ဖြူစစ်ကောင်စီဂိတ်စခန်းမှာ ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကို စစ်တပ်ကဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၂ ထောင်အခွန်ဆောင်ပြီးရွေးရမယ်လို့ဆိုကာ ငွေမပေးလို့ ကားတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီ မြေသယ်ကား ၇…

    Read More »
  • 29 April

    ကချင်မှာ ၄ လအတွင်း အရပ်သားပြည်သူ  ၂၀၀ ဝန်းကျင် ဖမ်းဆီးခံရ

    ဖမ်းဆီးခံရမှုတွေထဲမှာ ပြန်လွတ်လာတဲ့သူတွေရှိသလို့ လက်ရှိချိန်ထိ ပြန်မလွတ်လာသေးဘဲ သတင်းမကြား၊ ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိနေပါတယ်။

    Read More »
  • 23 April

    စစ်တပ်ကဖမ်းဆီးသွားတဲ့ မော်ဖောင်းကျေးရွာက ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦးလွတ်မြောက်လာ

    မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာက ဖမ်းခံသွားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦး လွတ်မြောက်လာပြီလို့ အသင်းတော်နဲ့နီးစပ်သူတွေကနေ သိရပါတယ်။ ဧပြီ ၂၂ ရက် မနေ့ည ၇ နာရီလောက်မှာ ဖမ်းဆီးခံရတဲ့ ဘာသာရေးအမှုတော်ဆောင် ဆရာ ၃ ဦးနဲ့အတူ ကျောင်းစောင့် ၂ ဦး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့အာမခံချက်နဲ့ လွတ်လာပြီဖြစ်တယ်လို့ မော်ဖောင်းရွာ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “မနေ့ည PCG ကတာဝန်ရှိသူတွေကိုယ်တိုင် ဘုရားကျောင်းဝင်းထိ လာပို့ပြီ အားလုံးလွတ်မြောက်ပြီ။ ဖမ်းထားတဲ့အချိန် စစ်ဆေးရာမှလည်း ခြေပါ၊လက်ပါ မလုပ်ဘူးတဲ့။ ကောင်းကောင်းမွန်မွန်နဲ့ ပြန်လွတ်လာတာပေါ့။ PCG ကနေမှ အာမခံချက်ပေးပြီး လွတ်မြောက်လာပြီ”ဟု နီးစပ်သူအသင်းသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ည ၁၀ နာခွဲဝန်းကျင် KBC နှစ်ခြင်းခရစ်ယန်ဘုရားထဲမှာရှိနေတဲ့ သင်းအုပ်နဲ့အတူ အမှုတော်ဆောင်ဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦးနဲ့ ကတ်သလစ်အသင်းတော်ဘုရားကျောင်းက တရားဟောဆရာနဲ့အတူ နောက်ထပ် ကျောင်းစောင့် ၁ ဦး၊ စုစုပေါင်း ၅ ဦး ကို စစ်တပ်ကဖမ်းခေါ်သွားတာဖြစ်ပါတယ်။…

    Read More »
  • 22 April

    မော်ဖောင်းရွာက ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ကျောင်းစောင့် ၂ ဦး မိသားစုဝင်တွေနဲ့အဆက်သွယ်မရ

    မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာက ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ဘုရား ကျောင်းစောင့် ၂ ဦး ၂ ရက်ကြာလာပေမဲ့ လက်ရှိချိန်ထိ မိသားစုဝင်တွေနဲ့အဆက်သွယ်မရ သေးတဲ့အပြင် ဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့အသင်းသားတွေဆီကနေ သိရပါတယ်။ ဧပြီ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် မော်ဖောင်းကျေးရွာ ကချင်နှစ်ခြင်းခရစ် ယာန် KBC အသင်းတော် ဘုရားကျောင်းဝင်းထဲက သင်းအုပ်ဆရာတစ်ပါးနဲ့အတူ အမှု တော်ဆောင်ဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦး စုစုပေါင်း ၃ ဦးကို စစ်တပ်ကဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဆက်တည်းမှာ မော်ဖောင်းကျေးရွာ ကတ်သလစ်အသင်းတော်ဘုရား ကျောင်းဝင်းထဲက တရားဟောဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦးကိုလည်း ထပ်ပြီး ဖမ်းခေါ်သွားတာကြောင့် တစ်ညထဲမှာ ဘာသာရေးခေါင်းဆောင် ၃ ဦး၊…

    Read More »
  • 19 April

    သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ဆေးမှု မလုပ်သေးဘဲ အကျယ်ချုပ်ထားဆဲ

    မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့ပေမယ့် တစ်ရက်မပြည့်ခင် ပြန်ပြီးဖမ်းဆီးခံရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း Rev. Dr Hkalam Sam Son ကို စစ်တပ်က ဒီနေ့ထိ စစ်ဆေးမှု မပြုလုပ်ဘဲ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ မြစ်ကြီးနားအကျဉ်းထောင်ထဲကနေ ဧပြီလ ၁၇ ရက်နေ့ လွတ်မြောက်လာတဲ့ ဆရာတော် ခလမ်ဆမ်ဆွန်ဟာ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်း ၂ နာရီဝန်းကျင် စစ်တပ်က လုံခြုံရေးအရ ခေတ္တစစ်ဆေးဖို့ဆိုပြီး ပြန်ခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ ၁၉ ရက်နေ့အထိ စစ်ဆေးမှုမလုပ်သေးဘဲ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ မြစ်ကြီးနားအကျဉ်းထောင်နဲ့ နီးစပ်တဲ့တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ “လုံခြုံရေးအရ ဆိုပြီး ပြန်ခေါ်သွားတယ်။ အခုချိန်အထိ ပြန်လည်စစ်ဆေးတာတို့ ဘာမှမရှိသေးဘူး။ အကျဉ်းဦးစီးကနေ သတ်မှတ်ပေးထားတဲ့ တည်နေရာမှာရှိနေပါတယ်။ မိသားစုတွေနဲ့ကတော့ တွေ့ခွင့်ပေးထားတယ်”လို့ပြောပါတယ်။ ဆရာဒေါက်တာခလာဆမ်ဆွမ်ကို ထပ်မံ ဖမ်းဆီးသွားပြီးနောက် အကျဉ်းထောင်ကိုပို့လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိမှာတော့ မြစ်ကြီးနားအကျဉ်းထောင်ဦးစီးရဲ့ သတ်မှတ်ပေးထားတဲ့နေရာမှာ ထိန်းသိမ်းခံထားရတာဖြစ်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလမိုင်ဂွမ်ဂျာလည်း ဆရာခလမ်ဆမ်ဆွန်နဲ့အတူ စောင့်ကြည့်ပေးနေတယ်လို့လည်း သိရပါတယ်။ ခုလို ဆရာဒေါက်တာခလမ်ဆမ်ဆွမ် ပြန်လည်…

    Read More »
Back to top button