ဖမ်းဆီးခံရမှုသတင်း

ဆိုင်းတောင်တံတားထိပ်မှာ အရပ်သား ၃ ဦးဖမ်းဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား  ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုင်းတောင်မှာနေထိုင်သူတွေကနေ သိရပါတယ်။

အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင် ဆိုင်းတောင်တံတားထိပ်မှာ တစ်နာရီအကြာပိတ်ဆို့စစ်ဆေးခဲ့ပြီး အရပ်သား  ဦးကိုဖမ်းဆီးသွားတယ်လို့ ဆိုင်းတောင်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အကြာကြီးတော့မဟုတ်ဘူး ခနပဲလုပ်သွားတာ အဲ့မှာသူတို့မသင်္ကာတဲ့အမျိုးသားသုံးယောက်ကိုတော့ဖမ်းသွားတယ်။ ဆိုင်းတောင်ရဲကုန်းကိုခေါ်သွားတယ်။ နောက်ဆက်သွယ်တော့မသိရသေးဘူးအခုတော့မရှိတော့ဘူး ပြန်ဆုတ်သွားကြပြီလို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ အရပ်သား ၃ ဦးဟာ အသက် ၃၀ နဲ့ ၄၀ ကြားရှိသူတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းလို့ရပေမယ့် မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

မေလ ၁ ရက်နေ့ စစ်ကောင်စီတပ်ဟာ ဆိုင်ကယ်၊ကားနဲ့လက်ကိုင်ဖုန်းတွေကို အဓိကစစ်ဆေးခဲ့တာကြောင့် ဖမ်းဆီးသွားတဲ့ အရပ်သား ၃ ဦးကိုလည်း မသင်္ကာမှုနဲ့ဖမ်းသွားတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

ဒါ့အပြင် ဧပြီလ ၃၀ ရက်နေ့မှာလည်း ဆိုင်းတောင်ကျေးရွာ ငွေလွှဲ၊ငွေထုတ်ဆိုင်မှာ ငွေလာလွှဲနေတဲ့ ဆိုင်းတောင်ရဲစခန်းကုန်းက ဒုရဲအုပ်တစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

ဒါကြောင့် စစ်တပ်အနေနဲ့ တံတားထိပ်မှာ ခုလိုရှောင်တခင်စစ်ဆေးဖမ်းဆီးတာဖြစ်နိုင်တယ်လို့လည်း ဆိုင်းတောင်ကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။

အရင်နေ့ကဖြစ်စဥ်ကြောင့်ထင်တယ် ဒီနေ့ ရုတ်တရက်ဆင်းလာပြီး စစ်ဖမ်းသွားတာ သူတို့ပြန်ပြီးနောက် လက်နက်ကြီးပစ်သံလည်း တစ်ချက် နှစ်ချက်ကြားလိုက်တယ်လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ စစ်အာဏာသိမ်းနောက်ပိုင်း စစ်ကောင်စီရဲအရာရှိတွေ၊ရဲတပ်သားတွေနဲ့ မီးသတ်ဝန်ထမ်း၊အုပ်ချုပ်ရေးမှူးတွေမကြာခနဖမ်းဆီးခံနေရသလို အရပ်သားတွေဖမ်းခံရမှုလည်းမကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button