ဖမ်းဆီးခံရမှုသတင်း

ဖားကန့်မှာ ဒုရဲအုပ်တစ်ဦးကို KPDF ဖမ်းဆီးရမိ

ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီလောက်က ဒုရဲအုပ်တစ်ဦးကို KPDF တပ်ဖွဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောပါတယ်။

ဖြစ်စဥ်ကတော့ ဆိုင်းတောင်ရဲစခန်းကနေ ရဲ၃ယောက် မြို့ထဲကိုဆင်းလာပြီး ငွေသွင်းငွေထုတ်လုပ်နေတဲ့ အချိန်မှာပဲ KPDF တပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့ပြီး ပစ်ခတ်သံတစ်ချို့လည်းထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့က စခန်းထဲကနေထွက်ပြီးတော့ ငွေလွှဲတာပေါ့ဗျာ ငွေသွင်းငွေထုတ်လုပ်နေတဲ့အချိန်မှာ KPDF တွေ က ဖမ်းဆီးလိုက်တာ သူတို့ထွက်လာတာတော့ ၃ ယောက် လက်နက်အတိုပါတယ် ကျန်တဲ့၂ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတာတဲ့လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ဒုရဲအုပ်ကတော့ ရဲတပ်ရင်း ၃၀ က ဦးလင်းအောင်ကျော်ဆိုသူဖြစ်ပြီး လက်ရှိမှာတော့ သက်ဆိုင်ရာဌာနမှာ ထိန်းသိမ်းထားတယ်လို့ KPDF ဘက်ကပြောပါတယ်။

ဒါ့အပြင် လက်ရှိဖားကန့်မြို့နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူး ပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး ဖားကန့်မြို့ထဲကစစ်ကောင်စီလက်အောက်ခံတပ်စခန်းတွေနဲ့ ရဲစခန်းက စစ်သား၊ရဲတွေဟာ စခန်းအပြင်ကိုမထွက်ရဲကြတော့ဘူးလို့ KPDF က တာဝန်ရှိသူတစ်ယောက်ကပြောပါ တယ်။

ကျနော်တို့လောလောဆယ်မြေပြင်မှာကတော့ KIA နဲ့ KPDF ပူးပေါင်းတပ်တွေက နေရာယူထားကြတာ ရှိပါတယ် ပြောချင်တာတော့ စစ်ကောင်စီရဲ့အမာခံစခန်းတွေကို တိုက်ခိုက်နေဆဲဖြစ်သလို အခုလိုထွက်လာ တာကိုလည်း ဆိုင်ရာဌာနတွေမှာထိန်းသိမ်းတာပေါ့ ပြောချင်တာက နယ်မြေစိုးမိုးမှု ၈၀ ရာခိုင်းနှုန်းလို့ပြော လို့ရတာပေါ့လို့ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလကလည်း ဆိုင်းတောင်ရဲစခန်းကနေပဲ ရဲအရာရှိ တစ်ယောက်နဲ့ ရဲတပ်သားနှစ်ဦးကိုလည်း KIA ပူးပေါင်းအဖွဲ့တွေက ပစ်ခတ်ခဲ့တာကြောင့် ရဲအရာရှိတစ်ယောက်ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကလည်း KIA ပူးပေါင်းအဖွဲ့တွေဟာ ဆယ်ဇင်း ရဲစခန်းနဲ့ နန့်ယားရဲစခန်းတို့ကို တစ်ပြိုင်နက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 လက်ရှိမှာတော့ ဆယ်ဇင်းရော နန့်ယားကိုပါ ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားသလို ဆယ်ဇင်းရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့တယ်လို့သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button