လူ့အခွင့်အရေးချိုးဖောက်မှု
-
Jul- 2021 -6 July
နမ္မတီးမြို့ စာသင်ကျောင်းတွင် စစ်တပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကို ပြည်သူများ မလိုလား
မိုးကောင်းမြို့နယ် နမ္မတီးမြို့ အထက်တန်းကျောင်းဝင်းတွင် အာဏာသိမ်းစစ်တပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကို မလိုလားကြောင်း ဒေသခံများ ပြောသည်။ စာသင်ကျောင်းဝန်းတွင် စစ်သားများက သဲအိတ်များဖြင့် ပန်ကာအသွင်ပြုလုပ်ကာ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်တပ်စွဲနေထိုင်မှုကို မလိုလားကြောင်း ဒေသခံ တစ်ဦးက KNG သတင်းဌာနကို ယခုလို…
Read More » -
5 July
ပူတာအို ဒေသခံများ၏ တူမီးသေနတ်နှင့် ပိုက်ဆံ စစ်ကောင်စီတပ် ဒုတိယအကြိမ် လုယူ
ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာ (Lung Sha Yang)တွင် ဇူလိုင် ၅ ရက်နေ့ အာဏာသိမ်းစစ်တပ်က အထက်အမိန့်ဟုဆိုကာ ကျေးရွာအတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေပြီး တူမီးသေနတ်နှင့် ငွေသားအချို့ကို သိမ်းယူသွားကြောင်း သတင်းရရှိပါသည်။ ဇူလိုင်လ ၅ရက် ယနေ့…
Read More » -
5 July
ဘုန်းကြီးကျောင်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး ဘုန်းကြီးနှင့် ဦးဇင်းများ ကြိုးတုတ်ခြိမ်းခြောက်ခံရ
မိုးညှင်းခရိုင် ဟိုပင်မြို့အနီး သဲဂုဏ်ကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် တော်လှန်ရေးလုပ်ငန်းများလုပ်ကိုင်နေသည်ဟုဆိုကာ အာဏာသိမ်းစစ်တပ်မှ ဇူလိုင် ၄ ရက်ညက ဝင်ရောက်စီးနင်းခဲ့ပြီး ဘုန်းကြီးနှင့် ဦးဇင်းများကို ကြိုးတုတ်ထားကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၄ ရက် ယမန်နေ့ည…
Read More » -
3 July
ဖားကန့် အလွတ်တန်းသတင်းထောက် ကိုနောင်းရိုးကို ဒုတိယအကြိမ် ရုံးထုတ်
ဇူလိုင်လ ၂ရက်နေ့ ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ဒုတိယအကြိမ်ရုံးထုတ်ခဲ့သော်လည်း တရားလိုရောက်မလာသည့်အတွက် အမူစစ်ဆေးခြင်း မပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ “အမှန်တော့ တရားလိုဘက်က စပြီး စစ်ဆေးရမယ့်နေ့ပေါ့နော်။ ဒါပေမယ့် တရားလိုက ရောက်မလာခဲ့ဘူးလို့ သိရတယ်” ဟု ဖမ်းဆီးခံထားရသည့်…
Read More » -
2 July
စစ်ကောင်စီ လွှတ်ပေးသည့်စာရင်းတွင် ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များ မပါ
တစ်နိုင်ငံလုံးအတိုင်းအတာ မတရားဖမ်းဆီးခံထားရသူ ၂၀၀၀ ကျော်ကို အာဏာသိမ်းစစ်တပ်မှ ဇွန်လ ၃၀ ရက်နေ့ လွှတ်ပေးခဲ့ရာ ကချင်ပြည်နယ်ရှိ ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်များ နှင့် သတင်းထောက်များ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။ မြစ်ကြီးနားအကျဉ်းထောင်၊ ဗန်းမော်အကျဉ်းထောင်၊ မိုးညှင်းအကျဉ်းထောင် နှင့်…
Read More » -
Jun- 2021 -28 June
ပူတာအိုတွင် လာဖမ်းသည့် လူငယ်ကို မမိသဖြင့် ယောက်ဖဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွား
ပူတာအိုမြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်က လူငယ်တစ်ဦးကို သူ၏နေအိမ်တွင် လာရောက်ဖမ်းဆီးချိန် ထိုလူငယ်မရှိသည့်အတွက် သူ၏ယောက်ဖဖြစ်သူကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဇွန်လ ၂၈ရက် ယနေ့ မွန်းလွဲ ၃နာရီဝန်းကျင်ခန့်တွင် ပူတာအို မြို့မရပ်ကွက်နေထိုင်သူ ရင်းထန်ထယ်ရမ်ကို ရဲနှင့်စစ်သားများက…
Read More » -
28 June
ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲအစီစဉ် ပါဝင်ခဲ့သော နောင်မွန် ခရစ်ယာန်ဓမ္မဆရာ ၃ ဦး တရားစွဲခံရ
မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းအစီစဉ်တွင် ပါဝင်ခဲ့သော နောင်မွန်မြို့နယ်မှ ကချင် ခရစ်ယာန် ဓမ္မဆရာတော် ၃ ဦး ကို ပုဒ်မ ၅၀၅(က) ဖြင့် အာဏာသိမ်းစစ်တပ်နှင့် ပြည်သူ့စစ်တို့က တရားစွဲဆိုထားကြောင်း သိရသည်။ ကချင်ပြည်နယ်မြောက်ပိုင်း နောင်မွန်မြို့နယ်တွင်…
Read More » -
21 June
ဘာသာရေးနှင့် ပြည်သူပိုင်နေရာများတွင် တပ်စွဲထားမှု ဒေသခံများ မလိုလား
ဒေါ့ဖုန်းယန်မြို့တွင်း ဘာသာရေးအဆောက်အဦးနှင့် ဆေးရုံ ၊ အစိုးရရုံးတို့တွင် အာဏာသိမ်းစစ်ကောင်စီက တပ်စွဲထားခြင်းကို အလိုမရှိကြောင်း ဒေသခံများ ပြောသည်။ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းကစတင်ပြီး စစ်အင်အား ၂၀၀ ခန့်သည် မြို့တွင်း ဘုန်းကြီးကျောင်း၊ ဆေးရုံ၊…
Read More » -
18 June
အလွတ်တန်းသတင်းထောက် ကိုနောင်ရိုး ကို ပထမအကြိမ်ရုံးထုတ်
ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံထားရသော ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ယနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ “ဒီနေ့က ပထမအကြိမ်ရုံးထုတ်တဲ့သဘောပါ စစ်ဆေးတာတွေမရှိသေးဘူး။ ရှေ့နေပါဝါတင်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။”ဟု နီးစပ်သူတစ်ဦးက…
Read More » -
17 June
စစ်တပ်က ၎င်း၏ ဆုံးရှုံးမှုကို လက်တုန့်ပြန်သောအနေဖြင့် အရပ်သားများကို ပစ်ခတ်သတ်ဖြတ်နေကြောင်း KWAT ထောက်ပြ
ကချင်ဒေသများတွင် အာဏာသိမ်းစစ်တပ်က သူ၏ဆုံးရှုံးမှုအတွက် လက်တုန့်ပြန်သည့်လုပ်ရက်အနေဖြင့် အရပ်သားပြည်သူများကို ပစ်ခတ် သတ်ဖြတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) က ဇွန်လ ၁၆ ရက်နေ့တွင် အစီရင်ခံစာဖြင့် ထောက်ပြထားသည်ကို တွေ့ရသည်။ ကချင်လွတ်လပ်ရေးတပ်မတော်…
Read More »








