အလွတ်တန်းသတင်း​ထောက် ကိုနောင်ရိုး ကို ပထမအကြိမ်ရုံးထုတ်

ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံထားရသော ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ယနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

“ဒီနေ့က ပထမအကြိမ်ရုံးထုတ်တဲ့သဘောပါ စစ်ဆေးတာတွေ‌မရှိသေးဘူး။ ရှေ့နေပါဝါတင်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။”ဟု နီးစပ်သူတစ်ဦးက ပြောသည်။

အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးသည် ပြီးခဲ့သည့် ဧပြီလ ၉ရက်နေ့ ဖားကန့်မြို့တွင် သတင်းသွားယူရန် လုံးခင်းမှ အထွက် ပန်းတင်တံတားအနီးတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ထို့နောက် တစ်လကျော်ကြာမြင့်လာသည်အထိ ရုံးထုတ်ခဲ့ခြင်းမရှိကာ ယနေ့မှ ပထမအကြိမ် ရုံးထုတ်ခဲ့သည်။

“ဖမ်းသွားပြီးနောက် စစ်ဆေးတာတွေကရှိပေမယ့် ရိုက်နှက်တာမျိုးတော့ မရှိဘူးလို့ သိရတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။”ဟု အမည်မဖော်လိုသူ တစ်ဦးကပြောသည်။

လက်ရှိအချိန်ထိ ဖားကန့်မြို့နယ်တွင် စစ်တပ်အပေါ် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသူ စုစုပေါင်း ၄၀ ကျော်ရှိ​ပြီဖြစ်ကြောင်း သိရသည်။

Show More
Back to top button