လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖားကန့် အလွတ်တန်းသတင်းထောက် ကိုနောင်းရိုးကို ဒုတိယအကြိမ် ရုံးထုတ်

ဇူလိုင်လ ၂ရက်နေ့ ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ဒုတိယအကြိမ်ရုံးထုတ်ခဲ့သော်လည်း တရားလိုရောက်မလာသည့်အတွက် အမူစစ်ဆေးခြင်း မပြုလုပ်နိုင်‌ခဲ့ကြောင်း သိရသည်။

“အမှန်တော့ တရားလိုဘက်က စပြီး စစ်ဆေးရမယ့်နေ့ပေါ့နော်။ ဒါပေမယ့် တရားလိုက ရောက်မလာခဲ့ဘူးလို့ သိရတယ်” ဟု ‌ဖမ်းဆီးခံထားရသည့် သတင်းထောက်နောင်ရိုးနဲ့ နီးစပ်သူများထံမှ သိရသည်။

ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုခံထားရသည့် အလွတ်တန်းသတင်းထောက်ကိုနောင်ရိုးအား ဖားကန့်လုံးခင်းရဲစခန်းမှူး ဒုရဲမှူး ကျော်မြင့်နိုင်မှ တရားလိုပြုကာ တရားစွဲဆိုထားခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ်ခဲ့သည်။

အလွတ်တန်းသတင်းထောက် ကိုနောင်ရိုး၏ နောက်ထပ် တတိယအကြိမ်ရုံးချိန်းအား ဇူလိုင်လ ၁၆ရက်တွင် ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

ဇွန်လ ၃၀ရက်နေ့ တနိုင်ငံလုံးရှိ မတရားဖမ်းဆီးခံထားရသူ ၂၀၀၀ကျော်ကို စစ်ကောင်စီက လွှတ်ပေးရာ အခြားပြည်နယ်တိုင်းဒေသများတွင် သတင်းထောက် ၁၄ဦး လွှတ်ပေးခဲ့သော်လည်း ကချင်ပြည်နယ်မှ ဖမ်းဆီးခံထားရသည့် သတင်းထောက်များ တစ်ယောက်မျှ လွှတ်မြောက်လာခြင်း မရှိခဲ့ပေ။

Show More

Related Articles

Back to top button