လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နမ္မတီးမြို့ စာသင်ကျောင်းတွင် စစ်တပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကို ပြည်သူများ မလိုလား

မိုးကောင်းမြို့နယ် နမ္မတီးမြို့ အထက်တန်းကျောင်းဝင်းတွင် အာဏာသိမ်းစစ်တပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကို မလိုလားကြောင်း ဒေသခံများ ပြောသည်။

စာသင်ကျောင်းဝန်းတွင် စစ်သားများက သဲအိတ်များဖြင့် ပန်ကာအသွင်ပြုလုပ်ကာ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်တပ်စွဲနေထိုင်မှုကို မလိုလားကြောင်း ဒေသခံ တစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောသည်။

“ကျနော့အသက်နဲ့မျှ ဘဝမှာတစ်ခါမှ မမြင်ဖူးသေးဘူး။ ကျောင်းမှာက သဲအိတ်တွေချပြီး လုံခြုံရေးယူစရာမလိုဘူးလို့ မြင်တယ်။ ကလေးတွေ ပညာသင်တဲ့နေရာလေ။ စစ်တပ်မှမဟုတ်တာ”ဟု ပြောဆိုသည်။

ကျောင်းဝင်းအတွင်း နေရာ ၃ ခုတွင် သဲအိတ်များချကာ နေ့စဉ် စစ်သား ၁၀ ဦးထက်မနည်း တပ်စွဲ နေရာယူထားသည်ကို သိရသည်။

အဆိုပါ နမ္မတီး အထက ကျောင်းသည် ပြီးခဲ့သည့်လမှစတင်ကာ စစ်ကောင်စီ၏အမိန့်အရ စာသင်နေသောကျောင်းဖြစ်သည်။

စစ်ကောင်စီတပ်သည်လည်း ကျောင်းဖွင့်ပြီး မကြာမှီ စာသင်ကျောင်းဝင်းအတွင်း ဝင်ရောက်တပ်စွဲလာခြင်းဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button