,

Breaking News :

မုံးကိုး နဲ့ တီးမ ကျေးရွာဘက် စစ်ကောင်စီ နဲ့ MNDAA ၊ KIA တို့ တိုက်ပွဲဖြစ်

အုပ်ချုပ်ရေးဒိုင်း ဘောလုံးပွဲကြောင့် နောင်မွန်တွင် Covid-19 ပိုးတွေ့ လူနာပိုများလာ

ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကျန်းမာရေးနှင့် အစားအသောက်အကူညီများ ပြန်လည်လိုအပ်လာ

မြန်မာ-တရုတ် နယ်စပ်မှာ ပိတ်ထားတဲ့ ဂိတ်တွေကို ပြန်လည် ဖွင့်ဖို့ ဆိုင်းငံ့ထား

မြစ်ဆုံဒေသ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုကို ဒေသခံများ ကန့်ကွက်

ကသာမြို့နယ် ရပ်ကျေး အုပ်ချုပ်ရေးမှူး အများစု တာဝန်မှ နှုတ်ထွက်

ကချင်စစ်ရှောင်စခန်းများတွင် Covid-19 အတည်ပြုလူနာ ပိုးတိုးလာသဖြင့် စားဝတ်နေရေးအလွန်ခက်ခဲလာ

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု မျှတမှု မရှိလို့ မြန်မာ လုပ်ငန်းရှင်များ ဆုံးရှုံးမှုများနေ

မုံးကိုးတိုက်ပွဲမှာ အရပ်သားပြည်သူ ၆ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရ

ပြည်သူ့စစ်အဖွဲ့ အကျိုးအမြတ်ရနေသော ရွှေမှော်များကို KIA ပိတ်သိမ်းခိုင်း

ပူတာအိုတွင် လာဖမ်းသည့် လူငယ်ကို မမိသဖြင့် ယောက်ဖဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွား

ပူတာအိုမြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်က လူငယ်တစ်ဦးကို သူ၏နေအိမ်တွင် လာရောက်ဖမ်းဆီးချိန် ထိုလူငယ်မရှိသည့်အတွက် သူ၏ယောက်ဖဖြစ်သူကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဇွန်လ ၂၈ရက် ယနေ့ မွန်းလွဲ  ၃နာရီဝန်းကျင်ခန့်တွင် ပူတာအို မြို့မရပ်ကွက်နေထိုင်သူ ရင်းထန်ထယ်ရမ်ကို  ရဲနှင့်စစ်သားများက အိမ်စီးကားအပါ ကား ၆စီး၊ စစ်အင်အား ၄၀ ဝန်းကျင်ခန့်က လာရောက်ဝန်းရံ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မျက်မြင်သက်သေတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုခဲ့သည်။

“သူတို့လာဖမ်းတဲ့ လူငယ်က မရှိတော့ သူ့ယောက်ဖကို ဖမ်းဆီးသွားတယ်။ လူစားအဖြစ်နဲ့ ဖမ်းဆီးသွားတဲ့ပုံစံဟုတ်တယ်။ လာဖမ်းတဲ့ သူက ထွက်ပြေးလွတ်သွားတော့ သူ့အိမ်မှာရှိနေတဲ့ သူ့ယောက်ဖဖြစ်သူကို ခေါ်သွားတယ်။ အဲ့ကြောင့် ဖမ်းခံရတဲ့ သူရဲ့မိသားစုဝင်တွေက အရမ်းစိုးရိမ်နေတယ်” ဟု ပြောဆိုသည်။

ကိုရင်းထန်ထယ်ရမ်ကို စစ်ကောင်စီက လာရောက်ဖမ်းဆီးမှုမှာ စစ်ကောင်စီ ဒလန် သတင်းပေးချက်အရ ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူမှာ အသက် ၃၀ ဝန်းကျင် ဦးရင်ထန်ဒီးဖြစ်ပြီး လက်ရှိ ပူတာအိုမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းခံထားကြောင်း သိရသည်။

Read Previous

ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲအစီစဉ် ပါဝင်ခဲ့သော နောင်မွန် ခရစ်ယာန်ဓမ္မဆရာ ၃ ဦး တရားစွဲခံရ

Read Next

တောဆင်တစ်ကောင် မှုန်ယို‌နေကာ လူနေအိမ်အချို့ ဖျက်ဆီးနေသဖြင့် ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရ

Leave a Reply

Your email address will not be published. Required fields are marked *