,

Breaking News :

ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိလာ

ဖားကန့်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကေင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

ထီးချိုင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကာ မိုးမောက်ဒေသခံများကို နေရပ်ပြန်ခေါ်ကာ အကာအကွယ်ယူနေ

ဖားကန့်တွင် ​မြေစာပုံပြိုကျပြီး ရေမဆေးသမား ၁ ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ

အင်းတော်နယ် နတ်မဟုတ်ကြီးကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၈ ဦးလည်း ဖမ်းဆီးခံထားရ

ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား

ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

စစ်ကောင်စီ လွှတ်ပေးသည့်စာရင်းတွင် ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များ မပါ

မြစ်ကြီးနားအကျဉ်းထောင်

တစ်နိုင်ငံလုံးအတိုင်းအတာ မတရားဖမ်းဆီးခံထားရသူ ၂၀၀၀ ကျော်ကို အာဏာသိမ်းစစ်တပ်မှ ဇွန်လ ၃၀ ရက်နေ့ လွှတ်ပေးခဲ့ရာ ကချင်ပြည်နယ်ရှိ ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်များ နှင့် သတင်းထောက်များ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။

မြစ်ကြီးနားအကျဉ်းထောင်၊ ဗန်းမော်အကျဉ်းထောင်၊ မိုးညှင်းအကျဉ်းထောင် နှင့် ပူတာအိုအကျဉ်းထောင် စသည့် ထောင် ၄ ခုအနက် မြစ်ကြီးနားအကျဉ်းဦးစီးထောင်မှ ၁၄၀ ကျော်လွှတ်ပေးခဲ့ပြီး၊ ကျန်သည့် ထောင် ၃ ခုတွင် လွှတ်ပေးသည်ကို မကြားသိရကြောင်း ဒေသခံများပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုများကြောင့် မတရားဖမ်းဆီးခံရသူများကို လွှတ်မည်ဆိုသည့် သတင်းကြောင့် ဗန်းမော်အကျဉ်းထောင်သို့ သွားရောက်စောင့်ဆိုင်းခဲ့သည့် ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

“အာဏာသိမ်းပြီးနောက်မှာ ဖမ်းခံရတဲ့သူတွေ လွှတ်မယ်ဆိုလို့ သွားစောင့်တာ ကျမတို့သား မလွှတ်လာဘူး လူငယ်တစ်ချို့တော့ လွှတ်လာတာရှိတယ်တဲ့ ဒါပေမယ့် မူးယစ်မူနဲ့၊ လူသေမူ တစ်ခြားအမူကလူတွေလို့ သိရတယ်” ဆိုပြီး ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက ဇွန်လ ၃၀ ရက်နေ့ မတရားဖမ်းဆီးခံရသူများကိုလွှတ်ပေးရာ အခြားတိုင်းဒေသကြီးများတွင် သတင်းထောက်များနှင့် အနုပညာရှင်အချို့ ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကချင်ပြည်နယ်တွင်မူ အဆိုပါ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ လွှတ်မြောက်ခြင်း မရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မြစ်ကြီးနားအခြေစိုက် သတင်းထောက်များဖြစ်သည့် မချန်ဘူ၊ မမျိုးမြတ်မြတ်ပန်၊ ကိုအားဂျေ၊ ကိုခရစ္စတိုဖာ၊ ကိုလှရော်၊ ဖားကန့်အခြေစိုက် အလွှတ်တန်းသတင်းထောက် ကိုနောင်ရိုး၊ ကိုဇော်ဝင်းမောင်၊ ဗန်းမော်အခြေစိုက် အလွတ်တန်းသတင်းထောက် ဘဘဦးဂျိုးဖြူ စသည့် သတင်းထောက်များအနက် တစ်ဦးမှ လွှတ်မြောက်လာခြင်းမရှိသည်ကို တွေ့ရသည်။

ထို့အပြင် ဝိုင်းမော်မြို့မှ CDM ပြုလုပ်သည့် ဆရာမလငန်လွမ်းနော၊ မိုးညှင်းမြို့မှ ဆရာမအေးသီတာ၊ ကချင်နိုင်ငံရေး တက်ကြွလူပ်ရှားသူများ ကိုလွမ်းဇောင်း၊ မဆိုင်းနူးပန်၊ လီဆူတိုင်းရင်းသားအနုပညာရှင် ကိုယော်တီဖာ၊ ဗန်းမော်မြို့ စနေပရဟိတအသင်းမှ ခေါင်းဆောင် ကိုလွင်ကိုချစ် အပါအဝင် အခြားမြို့နယ်များမှ သပိတ်ဦးဆောင်သည့် လူငယ်များ အများစု လွှတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

” မြို့ကြီးတွေမှာ ရန်ကုန်၊ မန်းလေးလိုမျိုးမှာဘဲ နိုင်/ကျဉ်းသားတွေ ပါတယ်။ ကျနောတို့မိုးညှင်းကဆို လွှတ်မယ်ထင်လို့ သွားစောင့်ကြတာအများကြီး ဒါပေမယ့် တစ်ယောက်မှ လွှတ်ပေးတာမရှိဘူး” ဟု မိုးညှင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီမှ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့ထိ တစ်နိုင်ငံလုံးဖမ်းဆီးချုပ်နှောင်ထားသည့်သူ ၅၂၂၄ ဦး ရှိသည့်အနက် ၂၂၂ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောင်ရေးအသင်း (AAPP) မှ ထုတ်ပြန်ထားသည်။

Read Previous

စစ်ကောင်စီ သေနတ်ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရ

Read Next

စစ်ကိုင်းတိုင်း နေရာ ၃ ခုတွင် အာဏာသိမ်းစစ်တပ်ကို KIA နှင့် PDF ပူးပေါင်း တိုက်ခိုက်