စစ်ပြေးဒုက္ခသည်များ
-
Oct- 2022 -13 October
ရွှေကူအနောက်ခြမ်း စစ်ကောင်စီတပ်ဝင်လာသဖြင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
ကချင်ပြည်နယ် ရွှေကူမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာမှုကြောင့် ကျေးရွာ ၄ ခုမှ ပြည်သူ ၅၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း ၈ နာရီခန့်မှစတင်ကာ စစ်အင်အား ၃၀၀ ကျော်ပါရှိသည့်…
Read More » -
10 October
တနိုင်း COC စစ်ရှောင်စခန်းမှ အရေပြား ဝေဒနာခံစားနေရသော ကလေးငယ်များအတွက် ဆေးဝါးအကူအညီလိုအပ်နေ
ကချင်ပြည်နယ် တနိုင်းမြို့ရှိ COC စစ်ရှောင်စခန်းတွင် အရေပြားယားယံ ဝေဒနာခံစားနေသည့် ကလေးငယ်များအတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။ တနိုင်းမြို့ရှိ COC စစ်ရှောင်စခန်းတွင် အသက် ၁၀နှစ်အောက် ကလေးငယ် ၁၁ ဦးတွင် လွန်ခဲ့သည့် ၂ ပတ်မှစတင်ကာ အရေးပြားယားယံသည့် ဝေဒနာကူးစက်ပြန့်နှံ့နေပြီး ထိရောက်သည့် ဆေးဝါးကုသပေးမှု လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ “ကလေးတွေထက်ဝက်နီးပါးလောက်ကူးစက်နေတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီး…
Read More » -
3 October
ဟောင်ပါးရောက် ဆယ်ဇင်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာ ကူညီမှုများ လိုအပ်နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ဆယ်ဇင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာခက်ခဲလာ၍ အရေးပေါ်ကူညီမှုများ လိုအပ်နေဆဲ ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် သြဂုတ်လက စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် ဆယ်ဇင်းပြည်သူ ၂၀၀၀ ကျော်သည် နီးစပ်ရာ ကျေးရွာများရှိ…
Read More » -
Sep- 2022 -30 September
စစ်ကြောင်း ထွက်ခွာသွားသည့်အတွက် မိုးစစ် စစ်ရှောင်အများပိုင်း နေရပ်ပြန်
ဗန်းမော်နယ် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ စစ်ကြောင်း ကျေးရွာတွင်းမှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သောကြောင့် မိုးစစ်ကျေးရွာမှ စစ်ရှောင်ပြည်သူအများပိုင်း နေရပ်ပြန်ကြဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ကတည်းက အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် မိုးစစ်ကျေးရွာအတွင်း…
Read More » -
26 September
မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲထားသဖြင့် နေရပ်မပြန်နိုင်သည့် စစ်ရှောင် ၄၀၀ ကျော် အကူအညီလိုအပ်နေ
ရွှေကူမြို့နယ် မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ်များ ပြည်သူပိုင်နေရာများတွင် တပ်စွဲထားသဖြင့် ကျေးရွာနေပြည်သူများ ၄၀၀ ကျော် နေရပ်မပြန်နိုင်၍ စစ်ရှောင်နေရဆဲဖြစ်ပြီး အစားအသောက်နှင့် စစ်ရှောင်အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်များထံမှသိရသည်။ စက်တင်ဘာလ ၂၂ရက်နေ့ စစ်အင်အား ၁၀၀ ဝန်းကျင်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည်…
Read More » -
7 September
မိုးမောက်တွင် စစ်ရေးတင်းမာနေသဖြင့် ဒေသခံ ၃၀၀ ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရ
မိုးမောက်မြို့တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာနေသောကြောင့် နှစ်ဖက်တပ်ကြားတွင် ရှိနေသော ဒေသခံ ၃၀၀ ခန့်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေသည်ဟု သိရသည်။ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဗန်းမော်မြို့မှ စစ်ကောင်စီ ခမရ ၄၃၇ အင်အား ၂၀၀…
Read More » -
Aug- 2022 -31 August
ဆယ်ဇင်းစစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျောအဖြစ်များလာ၍ ဆေးဝါအကူအညီများလိုအပ်နေ
ဖားကန့်မြို့နယ် ဆယ်ဇင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများ ယခုရက်ပိုင်းအတွင်း ဝမ်းပျက် ဝမ်းလျှောရောဂါအဖြစ် များလာသောကြောင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများအား ကူညီပေးနေသူများထံမှ သိရသည်။ “စစ်ရှောင်လာတာ တစ်ချို့က တစ်လေကျော်လာပြီ တစ်ချို့က တစ်လပြည့်တော့မယ်။ ဒီမှာနေတာ ကြာလာတော့ ကလေးတွေ၊…
Read More » -
29 August
စစ်ကိုင်းနယ်ရှိ မြို့နယ် ၃ခု၏ စစ်ဘေးရှောင်ပြည်သူများ ၃သောင်းကျော်အတွက် အရေးအပေါ် အကူအညီလိုအပ်နေ
စစ်ကိုင်းတိုင်းဒေသရှိ ကောလင်း၊ ကန့်ဘလူနှင့် ကျွန်းလှ စသော မြို့နယ် ၃ခု၏ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည် ၊ မိုးကာ နှင့် ဆေးဝါးများအရေး ပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှသိရသည်။ ပြီးခဲ့သော ဩဂုတ်လ ၂၃ရက်နေ့မှစပြီး အဆိုပါ…
Read More » -
23 August
ပြည်သူ ၂ ဦး ရိုက်နှက်ခံရသဖြင့် စစ်ရှောင်စခန်းမှ MNDAA အမြန်ထွက်ခွာသွားရန် စစ်ရှောင်များ ထပ်မံ တောင်းဆို
ကွတ်ခိုင်မြို့နယ် ဇွပ်အောင် (Zup Awng) စစ်ရှောင်စခန်းတွင် စခန်းချနေထိုင်သည့် ကိုးကန့် MNDAA တပ်ဖွဲ့သည် စစ်ရှောင်များကို ဖမ်းဆီးရိုက်နှက်မှုပြုလုပ်လာသောကြောင့် စစ်ရှောင်စခန်းမှ အမြန်ဆုံးထွက်ခွာပေးရန် စစ်ရှောင်များ တောင်းဆိုနေကြသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်ည ငါးဖမ်းရာမှ…
Read More » -
19 August
မမုံကျေး ရွာဘက်ရောက်ရှိလာသည့် ဆယ်ဇင်း စစ်ရှောင် ၂၀၀ ကျော်အတွက် အကူအညီတွေလိုအပ်နေ
ဖားကန့်မြို့နယ် ဆယ်ဇင်း တိုက်ပွဲကြောင့် မမုံကျေးရွာသို့ရောက်ရှိလာသော ပြည်သူ ၂၀၀ ကျော်အတွက် အကူအညီလိုအပ်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ဆယ်ဇင်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း မြေပြင်တွင် မီးရှို့ခြင်းတို့ကြောင့် ထောင်နဲ့ချီသည့် ဆယ်ဇင်းစစ်ရှောင်ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လျက်ရှိရာ မမုံရွာ…
Read More »









