မြေယာနှင့် သဘာဝပတ်ဝန်းကျင်
-
Jan- 2023 -4 January
ရှဒူးဇွပ်ဒေသတွင် ရွှေမှော်လုပ်ငန်းရှင်များ အမြန်ထွက်ခွာကြရန် KIA သတိပေး
တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Ja Htu Zup) ဒေသတွင် ရွှေတူးဖော်နေသော လုပ်ငန်းရှင်များကို ၁၀ ရက်အတွင်း အမြန်ထွက်ခွာသွားကြရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA က သတိပေးပြောဆိုထားကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် နှစ်ကုန်းပိုင်းမှ စတင်ကာ ရှဒူးဇွပ်ကျေးရွာ တဝိုက်ရှိနေသည့် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ နယ်မြေစိုးမိုးထားသည့် ချောင်းဆုံ၊…
Read More » -
Dec- 2022 -23 December
အင်းတော်ကြီးဒေသ ရွှေတူးဖော်မှုကြောင့် ရေလမ်းကြောင်းပျက်စီးပြီး ဒေသခံများ ရွှေ့ပြောင်းနေထိုင်ရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ဆယ်စုနှစ်တစ်ခုအကြာ အကြီးစား ရွှေတူးဖော်မှုများကြောင့် လူနေအိမ်များ ပြောင်းရွေ့နေရသည့်အပြင် အရေးပါသည့် ရေကြောင်းလမ်းများပါ ပျက်စီးနေပြီဟု ဒေသခံများ ပြောဆိုသည်။ ယခင်က ထိုဒေသ ရွှေတူးဖော်မှုရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် သတ်မှတ်ထားသည့်နေရာကျော်လွန်းပြီး အလွန်အကျွံ တူးဖော်နေသည့်အပေါ်…
Read More » -
8 December
ကျောက်စိမ်း တူးဖော်မှုကြောင့် အင်းတော်ကြီး – ဖားကန့်လမ်းပိုင်း ပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နှင့် အင်းတော်ကြီးဒေသကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ် အနီး ဝှေခါကျေးရွာနှင့် မှော်ကလုံ ကျေးရွာဧရိယာတွင် ကျောက်စိမ်းတူးဖော်မှုကြောင့် လမ်းထိခိုက်ပျက်စီးလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ပြောသည်။ အောက်တိုဘာ လဆန်းပိုင်းကတည်းက အဆိုပါဒေသတွင် စက်ယန္တာရားကြီးများဖြင့် ကျောက်စိမ်းတူးဖော်လာသည့်အတွက် အင်းတော်ကြီး –ဖားကန့် လမ်းပိုင်းပျက်စီးလာပြီး အသွားအလာ ခက်ခဲသွားမည်ကိုဒေသခံများက စိုးရိမ်နေကြသည်။ “အဲ့ဘက်ဝှေခါဘက်မှာက အခုမှစလုပ်လာတာ မိုးတွင်းဆိုအဲ့ဘက်ကလုပ်လို့မရဘူး။ အခုပွင့်လင်း ရာသီဝင်လာလို့ သူတို့တွေစလုပ်လာနေကြတာ တကယ်ဆို အဲ့မှာကလုပ်ကိုမလုပ်သင့်ဘူးဗျ ဘာလို့ ဆိုရင်…
Read More » -
6 December
ရွှေကူ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီး ရွှေတူးဖော်သည့် စက်လှေများ ထပ်မံရောက်ရှိ
ကချင်ပြည်နယ် ရွှေကူမြို့၏ အရှေ့ဘက်ခြမ်း သင်္ဘောအင်းအနီးရှိ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီးတွင် ရွှေတူးဖော်ရန် စက်လှေ များထပ်မံရောက်ရှိလာ၍ နေ့ည မနား ရွှေတူးဖော်မှုအများအပြားလုပ်ဆောင်လာကြောင်း ဒေသခံပြည်သူများထံမှသိရသည်။ ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ကာ ရွှေတူးဖော်သည့် စစ်လှေများ ၁၀ စီးထက်မနည်းရောက်ရှိလာပြီး…
Read More » -
1 December
ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ
ဆွမ်ပရာဘွမ်မြို့နယ် ဖုန်အိန်ယာန် ကျေးရွာနယ်နမိတ်တွင် ရွှေတူးဖော်မည့်အစီစဉ်ကို ကန့်ကွက်သည့် ဒေသခံများနှင့် ခွင့်ပြုခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တာဝန်ရှိသူတို့ကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် ရွှေတူးဖော်ရန်သာ ခွင့်ပြုခဲ့သည်ဟု ဒေသခံများဆိုသည်။ ဖုန်အိန်ယာန်ကျေးရွာ အနောက်ဘက်ခြမ်း ဖုန်အိန်ချောင်းတစ်ကမ်းရှိ ဒေသခံပြည်သူများ ရာသီအလိုက် တောင်ယာအခင်း လုပ်ကိုင်စားသောက်နေသည့်…
Read More » -
Oct- 2022 -18 October
ကချင် သမိုင်းဝင်ဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ရန် စီစဉ်နေမှုကို ဒေသခံများ ကန့်ကွက်
ပူတာအိုမြို့နယ် လန်းဒေါင်အုပ်စုရှိ ကချင်တစ်မျိုးသားလုံး တန်ဖိုးထားသင့်သော ဒေသအခေါ် N’Dum Latep ဒေသတွင် မကြာမှီ လပိုင်းမှစတင်ကာ အကြီးစား ရွှေတူးဖော်မှုများပြုလုပ်ရန် ပြင်ဆင်နေသည့်အပေါ် ပူတာအိုဒေသခံများ ကန့်ကွက်နေကြသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ နှစ်ကုန်ပိုင်းမှစတင်ကာ N’Dum Latep ဒေသတွင် ဦးခေါ်သား နှင့် ဦးကျော်ဇင်မင်း လုပ်ရှင်…
Read More » -
11 October
အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်နေသည့် ဘက်ဟိုး ၄၇ စီးကို ပိုင်ရှင်မဲ့အဖြစ် စစ်ကောင်စီဖမ်းဆီး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် တရားမဝင်ရွှေတူးနေသည့် ဘက်ဟိုး ၆၇ စီး ကို စစ်ကောင်စီတပ်မှ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၆ရက်နေ့တွင် အင်းတော်ကြီးဒေသ မမုံနှင့်မိုင်းနောင် ကျေးရွာ ၂ခုကြားတွင် ရွှေတူးဖော်နေသည့်…
Read More » -
1 October
လယ်ယာမြေ ဖော်ထုတ်ရန် လျာထားမြေနေရာကို ရွှေတူးဖော်ရန် ကြိုးစားနေမှု တိန်းကောက်ဒေသခံများ ကန့်ကွက်
ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ် တိန်ကောက်ကျေးရွာတွင် ဒေသခံများကို လယ်ယာမြေလုပ်ကိုင်ရန် တားမြစ်ထားသည့် မြေဧရိယာတွင် လုပ်ငန်းရှင်များ ရွှေတူးဖော်ရန် စီစဉ်နေသဖြင့် ဒေသခံများကန့်ကွက်နေကြသည်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး ၆ လခန့်အကြာမှစတင်ကာ တိန်းကောက်ကျေးရွာတစ်ဝိုက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ခွင့်ပြုမိန့်ဖြင့် စက်ယန္တရားကြီးများအသုံးပြုကာ လုပ်ငန်းရှင်…
Read More » -
Sep- 2022 -9 September
နောင်မွန်တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ပျက်ဆီးသွားသည့် လယ်ယာမြေတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်
ပူတာအိုခရိုင် နောင်မွန်မြို့တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ဒေသခံပြည်သူများ၏ လယ်ယာစိုက်ပျိုးမြေ ဧက ၂၀ ကျော်အထိ ထိခိုက်ပျက်စီးသွားပြီး ထိုပျက်စီးသွားသည့် လယ်ယာမြေယာတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်လိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ နောင်မွန်ဒေသတွင် စက်တင်ဘာ လဆန်းပိုင်းအတွင်းမှ မိုးသည်းထန်ရွာစွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်…
Read More » -
2 September
မချမ်းဘော့ မလိခမြစ်ကြောင်းတစ်လျှောက် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ပိုမိုများပြားလာ
ပူတာအိုခရိုင် မချမ်းဘော့မြို့ မလိခမြစ်ကြောင်းတစ်လျှောက်တွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ယခုနောက်ပိုင်းပိုမို၍ များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။ မချမ်းဘော့မြို့နယ် မလိခမြစ်ကြောင်းတစ်လျှောက်တွင် ယခင်က ရွှေတူးဖော်မှု မရှိခဲ့သော်လည်း စစ်ကောင်စီ အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း မေလခန့်မှစတင်ကာ ရွှေတူးဖော်မှု များပြားလာသည်ဟု မချမ်းဘော့ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို…
Read More »









