မြေယာနှင့် သဘာဝပတ်ဝန်းကျင်
-
Apr- 2023 -22 April
လူတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် Earth Day တွင် KNF ထုတ်ပြန်တောင်းဆို
ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို အနာဂတ်မျိုးဆက်များအတွက် လက်ဆင့်ကမ်းရန် လူတိုင်းတွင် တာဝန်ရှိကြောင်း ဧပြီလ ၂၂ ရက်နေ့ကျရောက်သော (၅၃) ကြိမ်မြောက် Earth Day တွင် Kachin National Forum KNF မှ ထုတ်ပြန်ချက်ဖြင့်…
Read More » -
19 April
တစ်သျှူးငှက်ပျောခြံမှ စွန့်ပစ်သော အမှိုက်များကို တာဝန်ယူပေးရန် တောင်းဆို
ဝိုင်းမော်မြို့ တစ်သျှူးငှက်ပျောခြံများတွင် စွန့်ပစ်ထားသော ပလပ်စတစ်အမှိုက်များကို စနစ်တကျ သိမ်းဆည်းစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။ ဝါးရှောင်ကျေးရွာအထက် ဂေါ်ဆက်ယန်နှင့် အနီးတစ်ဝိုက်ရှိ တစ်သျှူး ငှက်ပျောခြံများတွင် စည်းကမ်းမဲ့စွာ စွန့်ပစ်ထားသည့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ငှက်ပျောခြံကုမ္ပဏီများကို…
Read More » -
15 April
မြေရှားတူးဖော်ရေး စီမံကိန်းများ ရပ်တန့်မည်ဟု KIO ဥက္ကဋ္ဌ ပြောဆိုခဲ့ကြောင်း ဒေသခံများဆို
ကချင်လူထုအပြင်းအထန် ကန့်ကွက်နေသော ဗန်းမော်ခရိုင် ဒိန်းဆင်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းများအားလုံးကို ရုပ်သိမ်းပေးမည်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီးအင်ဘန်လ က ဒေသခံများကို ယနေ့ပြောဆိုလိုက်ကြောင်း သိရသည်။ ဧပြီ ၁၅ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် အင်ဘာပါဒေသရှိ…
Read More » -
13 April
ပူတာအိုမြို့တွင်း ရွှေတူးဖော်နေမှုကို ရပ်တန့်ပေးရန် ဒေသခံများ တောင်းဆို
ပူတာအိုမြို့တွင်း ဌာနဆိုင်ရာရုံးအနီးတွင် စီးဆင်းနေသော မဂျော့ဝေါ့ချောင်းတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုကို ထိရောက်စွာ အရေးယူပေးရန် ဒေသခံများ တောင်းဆိုနေကြသည်။ ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် အနီးနားရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများထိခိုက်လာမည်ကို စိုးရိမ်သဖြင့် ယခုလို တောင်းဆိုခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “စက်ယန္တရား ဘတ်ဟိုး…
Read More » -
10 April
မြေရှားတူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားရေး ဒေသခံများ ဆုတောင်းခြင်းအစီစဉ် ပြုလုပ်
ဗန်းမော်ခရိုင်တွင် မြေရှားသတ္တုတူးဖော်ခြင်းလုပ်ငန်း လုံး၀ရပ်ဆိုင်းသွားရန် နှင့် သက်ဆိုင်ရာ KIO အစိုးရမှ ပြည်သူ့ဆန္ဒအား အလေးပေးလာတတ်ရန် ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်ကို ဧပြီလ ၁၀ ရက်နေ့ တွင် ဒေသခံများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဗန်းမော်ဇုံနယ်အတွင်းရှိ…
Read More » -
10 April
ရှားပါး ငှက်မျိုးစိတ်များအား ဖမ်းဆီးရောင်းချနေမှုကို တားဆီးသင့်ကြောင့် ပူတာအိုဒေသခံအချို့ ပြောဆို
ပူတာအိုစျေးတွင် ထိန်းသိမ်းကာကွယ်ထားသင့်သော ရှားပါးငှက်မျိုးစိတ်များကို ဖမ်းဆီးသတ်ဖြတ်ကာ ပေါ်ပေါ်တင်တင် ရောင်းချနေမှုကို တားဆီးသင့်ပြီဟု ဒေသခံတစ်ချို့က ပြောဆိုနေကြသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ထိုသို့ ရှားပါးငှက်မျိုးစိတ်ဖမ်းဆီးသတ်ဖြတ်မှုများကို ထိန်းသိမ်းကာကွယ်မည့်သူ မရှိတော့သဖြင့် ယခုလို ပိုမို ဆိုးရွာလာခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ “ပူတာအိုမှာ အခုက အရေးယူမှုပိုင်းတွေ မရှိတော့တာကြောင့်…
Read More » -
10 April
ယုဇနကုမ္ပဏီထွက်ခွာခြင်း ၂ နှစ်ပြည့်ခဲ့သော်လည်း ဒေသခံများ မြေယာပိုင်ဆိုင်ခွင့်မရရှိသေး
ဟူးကောင့်ချိုင့်ဝှမ်းဒေသတွင် စစ်တပ်ကျောထောက်နောက်ခံပြုထားသော ယုဇနကုမ္ပဏီ ထွက်ခွာသွားခြင်း ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်သော်လည်း မျှော်လင့်ထားသည့်အတိုင်း လယ်ယာမြေလုပ်ကိုင်ခွင့် အပြည့်အဝ မရရှိသေးကြောင်း ဒေသခံတောင်သူများဖွင့်ဟပြောဆိုသည်။ တနိုင်းသွားလမ်း လီဒိုလမ်းမတစ်လျှောက်ရှိ လယ်ယာမြေဧက ၄ သိန်း ကျော်ကို ယုဇနကုမ္ပဏီသည် စိုက်ပျိုးမြေအဖြစ်…
Read More » -
5 April
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရေးဇတ်လမ်းတို ပြိုင်ပွဲအတွက် ဖိတ်ခေါ်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သော ပညာပေးဇတ်လမ်းတို ပြိုင်ပွဲအစီအစဉ် ပြန်လည်ပြုလုပ်မယ်လို့ World Kachin Congress (WKC) က မတ်လ ၂၄ ရက်နေ့မှာ ကြေညာထားပါတယ်။ ‘Asak Lamu Ga’ (ကမ္ဘာမြေ အသက်) ဆိုတဲ့…
Read More » -
Mar- 2023 -21 March
မြေရှားတူးဖော်ရေး လုပ်ငန်းခွင်ရှိ မိုးကာတဲများကို ဒေသခံများ သွားရောက် ဖျက်ဆီး
ဗန်းမော်ခရိုင် မံစီမြို့နယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေရှိ မြေရှားတူးဖော်ရေး လုပ်ငန်းရပ်တန့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် လုပ်ငန်းခွင်ရှိ မိုးကာတဲများကို ဒေသခံများ ယနေ့ သွားရောက် ဖျက်ဆီးလိုက်ကြောင်း သိရသည်။ အင်ဘာပါနှင့် ဒိန်ဆင်းပါဒေသတွင် မြေရှားတူးဖော်နေသော တရုတ်ကုမ္မဏီများကို အပြီးထွက်ခွာသွားရန်…
Read More » -
20 March
ပူတာအိုဒေသတွင် ကြိမ်ခုတ်ယူ ရောင်းဝယ်မှုပြန်လည်ရှိလာ
ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုဒေသရှိ ကျေးရွာများတွင် ယခုနောက်ပိုင်း ကြိမ် အလွန်အကျွံ ခုတ်ယူကာ တရုတ်နိုင်ငံသို့ ရောင်းချမှုများ ပြန်လည်တွေ့မြင်လာရသည်ဟု ဒေသခံများ ပြောသည်။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှစတင်ကာ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တွင် ကြိမ်ခုတ်သည့် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေပြီး ၁၂…
Read More »









