စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား
,
မြစ်ကြီးနားမြို့ နန်ကျင် ဖီဒါ နှင့် တပ်ကုန်း (၂) ဖီဒါ 11 KV ဓါတ်အားဝန်မျှရန် ဓါတ်အားလိုင်းတည်ဆောက်မည်ဖြစ်သောကြောင့် မြို့ပေါ် ရပ်ကွက်အချို့တွင် မီးပြတ်တောက်မှု ဖြစ်ပွားမည်ဟု ဘူးဂါးလျှပ်စစ် ဓာတ်အားပေးလုပ်ငန်း မှ သိရသည်။ အဆိုပါ ဓါတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့မှ စတင်ကာ ၄ ရက်ခန့်ကြာမြှင့်နိုင်ပြီး၊ ထိုကာလတွင် ဓာတ်အားလိုင်းကို မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဖြတ်တောက်ထားမည်ဟု ဘူးဂါး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျနော်တို့ ဓါတ်အားလိုင်းအသစ်ဆွဲတာပါ အဟောင်းကိုအသစ် ပြန်ပြောင်းတာပေါ့ ခွဲရုံတွေကနေ မီးပေးရတာ အဆင်ပြေအောင်
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် ဇန်နဝါရီလ ပထမအပတ်အတွင်း ကျေးရွာ ၁၂ ရွာခန့် မီးရှို့ခံခဲ့ရပြီး ဒေသခံတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် အရေးပေါ်အကူညီများ လိုအပ်လျှက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဒီပဲယင်းမြို့မှ စတင်စစ်ကြောင်းထွက်ခွာလာပြီး ဒီပဲယင်းအနောက်ခြမ်းရှိ ကျေးရွာ ၁၂ ရွာကို ဝင်ရောက်စီးနင်းကာ မီးတင်ရှို့ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “ဒီပဲယင်းမြို့ပေါ်ကနေ တစ်ခါပြန်ထွက်လာပြီးရှို့တာ ဒီပဲယင်းအနောက်ခြမ်းကို ဒီနေ့ထိဆို ရွာပေါင်း ၁၂
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပထမဆုံးအကြိမ် မြစ်ကြီးနားအကျဉ်းထောင်တွင် ရီမန်ယူခဲ့ပြီးနောက်ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။ ဆရာတော် ခလမ်ဆမ်ဆွန်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နှင့် ပုဒ်မ ၅၀၅ (က) တို့ဖြင့် တရားစွဲဆိုထားပြီး လာမည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တဖန် ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း KBC တာဝန်ရှိသူတစ်ဦးထံမှ
နာမကျန်းမှုကြောင့် ကွယ်လွန်သွားသော KIO အမြဲတမ်းဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် လဖိုင်လ ကို KIA တပ်မဟာ ၂ ဗုံးကျဲ တိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူအဖြစ် စစ်ကောင်စီဝါဒဖြန့် လူမှုစာမျက်နှာများတွင် အပြိုင်အဆိုင် သတင်းအမှား ဖြန့်ဝေနေကြသည်။ KIO တရားရေးအရာရှိ ဗိုလ်မှူးချုပ်လဖိုင်လ အပါအဝင် KIA တပ်ဖွဲ့ဝင် ၇၀ ခန့်သည် ဇန်နဝါရီလ ၉ ရက်နေ့ တပ်မဟာ ၂ တွင် လေယာဉ်ဖြင့် ဗုံးကျဲခံရမှုတွင် ကျဆုံးခဲ့သည်ဟု သတင်းအမှား ရေးသားဖြန့်ဝေ နေကြခြင်း ဖြစ်သည်။ အဆိုပါ
ကချင်ပြည်နယ် မြန်မာ - တရုတ်နယ်စပ် လွယ်ဂျယ် - လိုင်ရင်း နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် မောင်းနင်နေသည့် မြန်မာကုန်ကားသမားများသည် ကုန်စည်ရှားပါးမှုကြောင့် စားဝတ်နေရေးအခက် ကြုံနေရဆဲ ဖြစ်သည်ဟု သိရသည်။ ဗန်းမော်ခရိုင်အတွင်းက တစ်သျှူးငှက်ပျော၊ ကြံ စသည့် သီးနှံစိုက်ပျိုးသူများသည် ၂၀၂၀၊ ၂၀၂၁ ခုနှစ် ကိုဗစ်ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ကုန်စည်ပျက်စီး ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရပြီး ယခုနှစ်သီနှံရာသီအတွက် တစ်သျှူးငှက်ပျောနဲ့ ကြံစိုက်ပျိုးသူ နည်းပါးသွားသည့်အတွက် ယခုလို ခက်ခဲလာသည်ဟု အဆိုပါ လမ်းပိုင်းတွင် မောင်းနင်နေသည့် ကားသမားတစ်ဦးက KNG ကို ပြောသည်။ ''တစ်လတစ်ခေါက်တောင် အနိုင်နိုင်ထွက်နေရတယ်ဗျ။ ကျွန်တော်တို့ကလည်း ကုန်စည်ကားမောင်းဖို့ ကုမ္ပဏီတွေနဲ့
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံကျေးရွာကို ဖြတ်သန်းစီးဆင်းနေသော နန့်ရင်းခချောင်းဖျားတွင် စက်ယန္တရားကြီးများဖြင့် ရွှေဖြူ နှင့် ရွှေဝါ တူးဖော်နေမှုကြောင့် အင်းတော်ကြီးကန် ပျက်စီးထိခိုက်လာမှုကို ဒေသခံများစိုးရိမ်နေကြသည်။ နန့်ရင်းခချောင်းသည် အင်းတော်ကြီးကန်ထဲသို့ စီးဝင်နေသည့် ချောင်းဖြစ်ပြီး လက်ရှိ အင်းတော်ကြီးကန် နှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် နန့်ခင်းခ ချောင်းဖျားဘက်တွင် စက်ယန္တရားကြီးများဖြင့် ရွှေဖြူ ၊ ရွှေဝါ တူးဖော်မှု ပိုမိုများပြားလာသည်ဟု အင်းတာ်ကြီးဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ''အင်းတော်ကြီးနဲ့တော့ မိုင် ၂၀ ကျော်ကျော်လောက်
မန္တလေးမြို့တွင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသည့် ဖားကန့် အလွတ်တန်း သတင်းထောက် ဇော်မိုးထက် ယမန်နေ့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း နီးစပ်သူများမှ သိရသည်။ ဒီဇင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃နာရီ ဝန်းကျင်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်ဟု နီးစပ်သူ တစ်ဦးမှ KNG ကိုယခုလို ပြောသည်။ “ကျွန်တော်လည်း တစ်ဆင့်ပြန်မေးရတာဆိုတော့ ဟိုဘက်ကပြောတာ ညနေပိုင်းလောက်က
ဝိုင်းမော်မြို့နယ် ဝူယာန်ကျေးရွာ လီဆူရပ်ကွက်တွင် လက်နက်ကြီးကျည်တစ်လုံးကို ကောက်ယူ ဆော့ကစားခဲ့သော ဆယ်ကျော်သက် ကျောင်းသား ၃ ဦးသည် ကျည်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ ဇန်နဝါရီလ ၁၀ ရက် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ကျောင်းဆင်းပြီး ပြန်လာသည့် ကလေးငယ် ၃ ဦးသည် ၎င်းတို့၏ အိမ်ပြန်လမ်း ပြည်သူ့စစ်တပ်စခန်းအနီးတဝိုက်တွင် လက်နက်ကြီးကျည်တွေ့ရှိခဲ့ပြီးနောက် ၎င်းကို ဆော့ကစားရာမှ ပေါက်ကွဲမှု
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား နှစ်ရက်တာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပူးပေါင်းတပ်ဘက်မှ ၂ ဦးကျဆုံးခဲ့ကာ စစ်ကောင်စီတပ် ဘက်မှလည်း အကျအဆုံးများပြား ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ စစ်အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်ကာ ထီးချိုင့်မြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာအချို့သို့ ဝင်ရောက် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဇန်နဝါရီလ ၈ ရက် နှင့် ၉ ရက်နေ့တွင် KIA+PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။
ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၂ နှင့် ၉ နယ်မြေတွင် ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ KIA ဘက်မှ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ ဗုံးကျဲတိုက်ခိုက်ခဲ့သော နေရာများမှာ ကချင် စစ်ကိုင်းနယ်စပ် ခန္တီးဒေသ KIA တပ်မဟာ ၉ အောက် တပ်ရင်း ၃၁ နှင့် ၂၆ တပ်စခန်းများနှင့် တနိုင်းမြို့နယ် KIA တပ်မဟာ ၂ ဌာနချုပ်တို့တွင် ဖြစ်သည်။ ယမန်နေ့ ညနေ ၆ နာရီ