,

Breaking News :

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

  1. Home
  2. သတင်း

Category: သတင်း

သတင်း
ဖားကန့်တွင် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဆုတောင်းခြင်းနှင့် အလံလွှင့်ထူ

ဖားကန့်တွင် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဆုတောင်းခြင်းနှင့် အလံလွှင့်ထူ

ဇန်နဝါရီလ ၁၀ ရက် ယနေ့ ကျရောက်သည့် (၇၅)နှစ်မြှောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Myusha Zinlum Hpung) မှ ဉီးဆောင်ကာ ဖားကန့်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း (Myusha Zinlum Hpung) မှ သိရသည်။ အစီအစဉ် အခမ်းအနားကို ဖားကန့်မြို့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ရုံးချုပ်တွင် ဆုတောင်းခြင်းနှင့် ယနေ့နံနက်အစောပိုင်းက ဖားကန့်ဒေသရှိ ကချင်ပြည်သူများအားလုံး ကချင်အမျိုးသားအလံကို လွှင့်ထူခဲ့ကြသည်ဟုတာဝန်ရှိသူ ဦးဒရှီနော်လောန်(Dashi Naw Lawn)မှ

ရွေးကောက်ပွဲဆိုင်ရာ
ကချင် မြို့နယ်အချို့တွင် စစ်တပ်က ရွေးကောက်ပွဲအတွက် လူဦးရေ စတင်ကောက်ခံနေ

ကချင် မြို့နယ်အချို့တွင် စစ်တပ်က ရွေးကောက်ပွဲအတွက် လူဦးရေ စတင်ကောက်ခံနေ

ကချင်ပြည်နယ်ရှိ မြို့ပေါ် ရပ်ကွက် နှင့် ကျေးရွာများတွင် စစ်ကောင်စီတပ်က လာမည့်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း စတင်ကောက်ခံနေပြီဟု ဒေသခံများပြောသည်။ မဲစာရင်းအမှားရှိခဲ့သည်ဟုဆိုကာ အာဏာသိမ်းလိုက်သော စစ်ကောင်စီတပ်သည် လာမည့် ဩဂုတ်လတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် စီစဉ်နေသည့်အလျောက် ကချင်ပြည်နယ်တွင်လည်း လူဦးရေ စာရင်းကို ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်‌ကာ ကောက်ခံ‌နေပြီဟုသိရသည်။ "သန်းခေါင်စာရင်းက အိမ်တိုင်း မထည့်မနေရလို့ ပြောလို့ မနေ့က သွားထည့်တယ်"ဟုမိုးညှင်းမြို့ဒေသခံတစ်ဦးက KNG ကို ပြောသည်။ လက်ရှိတွင် အဓိကအားဖြင့် မိုးညှင်းမြို့၊ မိုးကောင်းမြို့၊ မြစ်ကြီးနားမြို့၊ ပူတာအိုမြို့၊ တနိုင်းမြို့၊ ဆဒုံးမြို့၊

သတင်း
Maden Yang တွင် ဖမ်းဆီးခံရသော အရပ်သား ၁၀ ဦး တစ်လကျော်ကြာသည်အထိ မိသားစုဝင်များနှင့် ဆက်သွယ်ခွင့် မရသေး

Maden Yang တွင် ဖမ်းဆီးခံရသော အရပ်သား ၁၀ ဦး တစ်လကျော်ကြာသည်အထိ မိသားစုဝင်များနှင့် ဆက်သွယ်ခွင့် မရသေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် Maden Yang (မှော်ဘုံ) ကျေးရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးခံလိုက်ရသည့် အရပ်သား ၁၀ ဦးကို တစ်လကျော်ကြာသည့်အထိ စစ်တပ်က စစ်ကြောရေးတွင်သာ ထားရှိထားပြီး မိသားစုဝင်များနှင့်လည်း ဆက်သွယ်ခွင့် မပေးသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် မှော်ဘုံကျေးရွာ ဘုံးကြီးကျောင်းအတွင်း ခေတ္တတိမ်းရှောင်နေကြသည့် Ginsi (ကံဆီး) ဘက်မှ စစ်ရှောင်ပြည်သူအချို့နှင့် CDM ပြုလုပ်ထားသည့် လူငယ်အချို့တို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောင်စီးနင်းပြီး ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ''ဒီလ ၆ ရက်နေ့ဆို သူတို့ဖမ်းခံရတာ တစ်လပြည့်ပြီ ခုထိ

သတင်း
ဖားကန့်တွင် ငွေကြေးမပေးသည့် ကျောက်ကုမ္ပဏီများကို စစ်ကောင်စီ ဖမ်းဆီး

ဖားကန့်တွင် ငွေကြေးမပေးသည့် ကျောက်ကုမ္ပဏီများကို စစ်ကောင်စီ ဖမ်းဆီး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်ကုမ္ပဏီများတွင် စစ်ကောင်စီတပ်က ငွေကြေးအဓမ္မကောက်ခံမှုများ ပိုမိုလုပ်ဆောင်လာပြီး ငွေကြေးမပေးသည့် ကုမ္ပဏီတာဝန်ရှိသူများကို ဖမ်းဆီးနေသည်ဟု ဒေသခံများ ပြောသည်။ ပြီးခဲ့သော ဒီဇင်ဘာလကုန်ပိုင်းအတွင်း မနမှော်၊ မှော်စီဆာမှော် ၊ ဝှေခါမှော်အစရှိသည့် လုပ်ကွက်များတွင် စစ်ကောင်စီ တပ်သားများက စစ်ဝတ်စုံ၊ အရပ်ဝတ်များဖြင့် ကုမ္ပဏီလုပ်ကွက်များအတွင်း ဝင်ရောက်ကာ ငွေကြေးတောင်ခံလျက်ရှိပြီး မပေးပါက ကုမ္ပဏီ တာဝန်ရှိသူများကို ဖမ်းဆီးခြင်း စက်ယန္တယားများ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ''အဲ့တာတွေက တကယ်ဟုတ်တယ်။ ကိုယ်စား လှယ်တွေဖမ်းပြီးတော့မှ ထိန်းသိမ်းပြီးတော့မှ သူတို့ပိုက်ဆံတွေတောင်းတယ် တချို့ကုမ္ပဏီတွေဆိုရင်သိန်းသောင်းထပ်အောင်ကိုတောင်းတယ်တဲ့

သတင်း
တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်နယ်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံး

တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်နယ်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း‌ဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ ကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ များရှိ‌ကြောင်း ဒေသခံများထံမှ သိရသည်။ "အလယ်တောမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တာ မိုင်ဝက်လောက်ကွာတဲ့ဘုန်းကြီးကျောင်းမှာ ကျ‌တော့ အဲမှာ စစ်ရှောင်နေတဲ့သူတွေထိတယ်။ တစ်‌ယောက်ကပွဲချင်းပြီးသေတယ် ၈ ယောက်လောက်က ထိခိုက်ဒဏ်ရာရတဲ့သူ‌လည်း ရှိတယ်။ အသေးစိတ်မသိရသေးဘူး"ဟုဒေသကာကွယ်ရေးတပ်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့မှစတင်ကာ စစ်အင်အား ၈၀ ကျော်ဖြင့်

သတင်း
ကချင် ဂန္တဝင်တေးသံရှင်ကြီး ဆရာမကြီး အင်ဖန်းဂျာရာ ကွယ်လွန်

ကချင် ဂန္တဝင်တေးသံရှင်ကြီး ဆရာမကြီး အင်ဖန်းဂျာရာ ကွယ်လွန်

ကချင်အနုပညာရှင်အသင်းချုပ် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့သည့် ဂန္တဝင်တေးသံရှင်ကြီး အသက် ၉၁ နှစ်အရွယ် ဆရာမကြီး အင်ဖန်းဂျာရာ (U Yen Sinwa Nhpan Ja Ra) သည် ဒီဇင်ဘာလ ၉ ရက် ယနေ့ နံနက်ပိုင်း ၉ နာရီအချိန် မြစ်ကြီးနားမြို့ ရင်စိန်ဆေးရုံးကြီးတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ ဆရာမကြီး အင်ဖန်းဂျာရာသည် ပြီးခဲ့သည့် သောကြာနေ့ ညနေပိုင်း ၅ နာရီအချိန်တွင် ရုတ်တရက် ခန္ဓာကိုယ်အတွင်း

သတင်း
ရွှေမှော်လုပ်ငန်းရှင်များကို KIA သတိပေး ထွက်ခွာခိုင်းပြီးနောက် ပြည်သူ့စစ်အဖွဲ့ မှ KIA ကိုပိတ်ဆို့

ရွှေမှော်လုပ်ငန်းရှင်များကို KIA သတိပေး ထွက်ခွာခိုင်းပြီးနောက် ပြည်သူ့စစ်အဖွဲ့ မှ KIA ကိုပိတ်ဆို့

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ဒေသတွင် ရွှေတူးနေသူများကို KIA သတိပေး ထွက်ခွာခိုင်းပြီးနောက် ပြည်သူ့စစ်အဖွဲ့ဘက်မှလည်း ရွှေမှော်လမ်းများကို ထပ်မံ ပိတ်ဆို့ရန် ပြင်ဆင်နေသည်ဟု သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ ရှဒူးဇွပ်ကျေးရွာ အနီးတဝိုက် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ နယ်မြေ စိုးမိုးထားသော ချောင်းဆုံ၊ ကနွယ်သူ၊ ဘန်ကောက်၊ ဂျာဝမ် နှင့် ကိုင်းတော စသည့် နေရာများတွင် ရွှေတူးဖော်နေသူများကို ၁၀ ရက်အတွင်း အမြန်ထွက်ခွာသွားကြရန် KIA က သတိပေးခဲ့သည်။ ထို့ကြောင့် ပြည်သူ့စစ်အဖွဲ့ဘက်မှလည်း ဇန်နဝါရီလ

သတင်း
စစ်ကိုင်းမြို့နယ် ကွဲကျေးရွာကို စစ်တပ် ဝင်စီးပြီး သံဃာတော်အပါအဝင် ပြည်သူတွေကို သတ်ဖြတ်ထား

စစ်ကိုင်းမြို့နယ် ကွဲကျေးရွာကို စစ်တပ် ဝင်စီးပြီး သံဃာတော်အပါအဝင် ပြည်သူတွေကို သတ်ဖြတ်ထား

စစ်ကိုင်းမြို့နယ်ရှိ ဒီပဲယင်းကွဲကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်စီးနင်းမီးရှို့ပြီးနောက် သံဃာတော်တစ်ပါး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူ ၂ ဦးတို့ကို သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများ ပြောပါတယ်။ ဒီနေ့ မနက်ပိုင်း ၆ နာရီ ဝန်းကျင်ခန့်က ကြွယ်ပုံကျေးရွာ မှ ပျူစောထီး နှင့် စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ခန့်မှာ ဒီပဲယင်း ကွဲကျေးရွာကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ် ဝင်ရောက်လာပြီးနောက် နေအိမ်  ၇၀ ကျော်ကို မီးတင်ရှို့ခဲ့ပြီး ဒေသခံတွေကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ သတ်ဖြတ်ခံရသူတွေထဲမှာ သက်တော် ၄၂ နှစ်၊ ဝါတော် ၂၂ ဝါရှိ သံဃာတော်တစ်ပါး၊

သတင်း
PDF နှင့် CDM များ အလင်းဝင်ကြရန် စစ်ကောင်စီတပ်က လက်ကမ်းစာစောင် ဖြန်ဝေနေ

PDF နှင့် CDM များ အလင်းဝင်ကြရန် စစ်ကောင်စီတပ်က လက်ကမ်းစာစောင် ဖြန်ဝေနေ

အင်းတော်မြို့နယ်တွင် စစ်ကောင်စီကို တော်လှန်နေသော PDF များ၊ CDM ဝန်ထမ်းများအနေဖြင့် အချိန်မှီအလင်းဝင်လာကြရန် ဖိတ်ခေါ်တဲ့ လက်ကမ်း စာစောင်တွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံ ဖြန့်ဝေနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့ အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေရဲ့ ဆိုင်ကယ် ကား၊ ခရီးသွားကားတွေကို ရပ်တန့်ပြီးတော့ အဆိုပါ လက်ကမ်း စာစောင်တွေကို စစ်ကောင်စီ တပ်သားတွေက ဖြန့်ဝေခဲ့တာဖြစ်တယ်လို့ အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ ''မနေ့တုန်းက အင်းတော်ဂိတ်မှာ ပေါ့လာသမျှကားတွေ ဆိုင်ကယ်တွေကိုတားပြီးတော့ ဝေနေတာ သူတို့က အဓိက ကတော့ ပြည်ပမှာ ထွက်ပြေးနေတဲ့ သူတွေပြန်လာကြဖို့၊ နောက်ပြီးတော့ သူတို့ပုဒ်မတပ်ပြီး ထွက်ပြေးနေတဲ့လူတွေ CDM တွေ ပြန်လာဖို့နဲ့ PDF တွေအလင်းဝင်လာဖို့ အခုဝင်လာရင်တော့ သူတို့ဖြေလျှော့ပေးမယ်၊

သတင်း
ဆယ်ဇင်း စစ်ရှောင် ၂၀၀၀ နီးပါးအတွက် ဆေးဝါး အကူအညီလိုအပ်နေ

ဆယ်ဇင်း စစ်ရှောင် ၂၀၀၀ နီးပါးအတွက် ဆေးဝါး အကူအညီလိုအပ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဆယ်ဇင်းဒေသခံ စစ်ရှောင်ပြည်သူ ၂၀၀၀ နီးပါးအတွက် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရပါတယ်။ စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်လို့ ကျေးရွာမီးလောင်သွားတဲ့အတွက်ကြောင့် လက်ရှိ ဖားကန့်မြို့နယ်က မှော်ဘုံ (မဒဲ့ယန်)၊ မှော်စီဆာ၊ ဆိုင်းတောင်၊ ဟောင်ပါး၊ တာမခံ၊ နမ္မဖြစ်၊ လုံးခင်း စတဲ့ ကျေးရွာတွေမှာစစ်ရှောင်နေရတဲ့ ဆယ်ဇင်း ပြည်သူ ၅၀၀၀ ကျော်ထဲက ၂၀၀၀ နီးပါးအတွက် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ ''အခုကသိတဲ့အတိုင်းပဲ ဆေးစရိတ်ကလည်း ထောင်တက်နေတော့ ကျနော်တို့ကလည်း လူမှုကူညီရေးအသင်းဆိုတော့ အများကြီးမတတ်နိုင်ဘူး။ ကုရင်တော့ စခန်းအားလုံးကို လှည့်ပြီးကုရမှာ။ အဖျားအနာကတော့များတယ်။ စစ်ရှောင်စခန်းတစ်ခုမှာ လူ