,

Breaking News :

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိလာ

ဖားကန့်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကေင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

ထီးချိုင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကာ မိုးမောက်ဒေသခံများကို နေရပ်ပြန်ခေါ်ကာ အကာအကွယ်ယူနေ

ဖားကန့်တွင် ​မြေစာပုံပြိုကျပြီး ရေမဆေးသမား ၁ ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ

  1. Home
  2. သတင်း

Category: သတင်း

သတင်း
ဖားကန့်မြို့တွင် စစ်ကောင်စီက သုံးရက်ဆက်တိုက် လမ်းသွား လမ်းလာပြည်သူများကို စစ်ဆေးရေး တင်းကြပ်

ဖားကန့်မြို့တွင် စစ်ကောင်စီက သုံးရက်ဆက်တိုက် လမ်းသွား လမ်းလာပြည်သူများကို စစ်ဆေးရေး တင်းကြပ်

ဖားကန့်မြို့တွင် စစ်ကောင်စီ ရဲနှင့် စစ်သားများက မြို့တွင်း ၂ နေရာတွင် သုံးရက်ဆက်တိုက် လမ်းသွားလမ်းလာပြည်သူများကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။ မြို့အဝင် ပန်းတင်တံတား နှင့် ဖားကန့်မြို့မရဲစခန်းရှေ့ တို့တွင် စစ်ကောင်စီရဲနှင့်စစ်သား ပူးပေါင်းတပ်ဖွဲ့များက ပြည်သူများ၏ ကား၊ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းများကို စစ်ဆေးနေကြောင်း ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ''ဘာကိုရှာချင်တာလည်းမသိဘူး ဆက်တိုက်စစ်နေတာသုံးရက်ရှိပြီ အဲ့ပန်းတင်တံတားနဲ့ရဲစခန်းရှေ့ မှာစစ်တာ ၁၂ရက်နေ့ကတည်းကစစ်တာ။ ဒီနက်ထိပဲ လက်ကိုင်ဖုန်းတွေစစ်တယ် ဆိုင်ကယ်တူးဘောက် တွေပြီးတော့ကား အတွင်းခန်းတွေပါ အကုန်စစ်တယ်'' ဟု

သတင်း
KTV ဆိုင်တွင် ဖမ်းဆီးခံရသော KIO အရာရှိများများမှတဆင့် နောက်ဆက်တွဲ ဖမ်းဆီးမှုများပြုလုပ်နေ

KTV ဆိုင်တွင် ဖမ်းဆီးခံရသော KIO အရာရှိများများမှတဆင့် နောက်ဆက်တွဲ ဖမ်းဆီးမှုများပြုလုပ်နေ

မြစ်ကြီးနားမြို့ KTV ဆိုင်တွင် ဖမ်းဆီးခံရသော KIO အရာရှိများမှတဆင့် အခြား ထပ်မံ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း သိရသည်။ တပ်ကုန်းရပ်ကွက် ရွှေလမ်းမကြီးပေါ်ရှိ Happy KTV ၌ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် စစ်ကောင်စီ အင်အား ၂၀ ခန့်သည် KIO အုပ်ချုပ်ရေးပိုင်း အရာရှိများ ပျော်ပါးနေသော အခန်းသို့ တိုက်ရိုက်ရောက်လာကာ စုစုပေါင်း ၁၆ ယောက်ကို ဖမ်းဆီးသွားပြီးနောက် အမျိုးသမီး ၃ ဦးကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်လွတ်ပေးလိုက်သည်။ ထိုအနက် KIO အရာရှိ ၁၃ ယောက် ဖမ်းဆီးခံရပြီးနောက် ၎င်းတို့မှတဆင့် နေ့တွင်းချင်း

သတင်း
မိုးမောက် ၁၅ မိုင်ရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဖမ်းဆီးခံရ

မိုးမောက် ၁၅ မိုင်ရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဖမ်းဆီးခံရ

မိုးမောက်မြို့နယ် ၁၅ မိုင်ရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးဂျန်မာဂမ်မော်ကို စစ်ကောင်စီတပ်က နေအိမ်အတွင်းမှ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီဝန်းကျင် မိုးမောက်အခြေစိုက် ခလရ ၄၃၇ တပ်မှ စစ်ကောင်စီတပ်များသည် ၁၅ မိုင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးဂျန်မာဂမ်အောင်နှင့် ဦးလမာယော်ထုံ ၂ဦးအား နေအိမ်မှ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။ "၂ ယောက်စလုံးက အိမ်ကနေလာဖမ်းသွားတာ ဒါပေမယ့် ဦးလမာယောထုံက အသက်လည်းအရမ်းကြီးနေလို့လားမသိ

သတင်း
ဖမ်းဆီးခံထားသည့် လူငယ် ၂၀ ဦးကို စစ်ကောင်စီက ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေ

ဖမ်းဆီးခံထားသည့် လူငယ် ၂၀ ဦးကို စစ်ကောင်စီက ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေ

အင်းတော်မြို့တွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရသည့် လူငယ် ၂၀ ဦးကို စစ်ကောင်စီမှ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း အင်းတော် ဒေသခံများထံမှသိရသည်။ ဖမ်းဆီးခံရသည့် လူငယ် ၂၀ ဦးသည် နိုဝင်ဘာလ ၁၃ ရက်နေ့ အင်းတော် စစ်ဆေးရေးဂိတ်၌ ဖြတ်သန်းသွားလာစဉ် PDF အဖွဲ့ဖြစ်သည်ဟု စွပ်စွဲပြောဆိုပြီး ဖမ်းဆီးခံလိုက်ရပြီးနောက် ဖမ်းဆီးခံရသူများကို တစ်ဦးလျှင် ခန့်မှန်းငွေပမာဏ ၁၀ သိန်းကျပ်ဖြင့် ပြန်ရွေးခိုင်းနေသည်ဟု အင်းတော် PDF မှ

သတင်း
ဖားကန့်တွင် စစ်ကောင်စီ ရဲတပ်သား ၂ ဦးပျောက်ဆုံးနေသဖြင့် နေရာအနှံ့လိုက်ရှာနေ

ဖားကန့်တွင် စစ်ကောင်စီ ရဲတပ်သား ၂ ဦးပျောက်ဆုံးနေသဖြင့် နေရာအနှံ့လိုက်ရှာနေ

ဖားကန့်မြို့တွင်း မြို့မရဲစခန်းမှ ရဲတပ်သား ၂ ဦး ပျောက်ဆုံးနေသဖြင့် ဖားကန့် စစ်ကောင်စီ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်း ဒေသခံများထံမှသိရသည်။ ရဲတပ်သား ၂ဦးသည် နိုဝင်ဘာလ ၁၀ ရက်နေ့ ကတည်းမှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ပျောက်ဆုံနေသောကြောင့် စစ်ကောင်စီအဖွဲ့  မြို့တွင်း မြို့ပြင် လိုက်လံရှာဖွေနေသည်ဟု ဖားကန့် ငှက်ပျောတောရပ်ကွက်နေ အမျိုးသားတစ်ဦး KNG သတင်းဌာနကိုပြောဆိုသည်။ “သူတို့က ရဲ ၂ ယောက်ပျောက်တယ်ဆိုလို့

တိုက်ပွဲ
မိုင်းဆွဲခံလိုက်ရသည့်  စစ်ကောင်စီတပ်သည် မိုးမောက် မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့

မိုင်းဆွဲခံလိုက်ရသည့်  စစ်ကောင်စီတပ်သည် မိုးမောက် မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့

ဗန်းမော်ခရိုင် မိုးမောက် မြို့နယ် လုံဂျာဘွမ်ဆုတောင်းတောင်ဘက်မှဆင်းလာသည့် စစ်ကြောင်းအား KIA တပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် မိုးမောက်မြို့တွင်းပစ်ခတ်မူများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။ (more…)

သတင်း
မြန်မာ့စီးပွားရေးဘဏ်‌ရှေ့ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရကာ ၅ ဦး သေဆုံး

မြန်မာ့စီးပွားရေးဘဏ်‌ရှေ့ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရကာ ၅ ဦး သေဆုံး

မြင်းမူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသခံကာကွယ်ရေး တပ်ပေါင်းစုများက လက်ပစ်ဗုံးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးမှုရှိခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ထံမှ သိရသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် အဆိုပါ မြန်မာ့စီးပွားရေးဘဏ်ကို လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့များ အိပ်နေစဥ်အတွင်း သွားရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးဆောင်ရွက်စဥ်ပါဝင်ခဲ့သည့် Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “ဒီနေ့မနက်၅နာရီဝန်းကျင်မှာ မြင်းမူမြို့ပေါ်က မြန့်မာ့စီးပွားရေးဘဏ်မှာ စောင့်နေတဲ့ စခ၈ကောင် အိပ်ပျော်နေတဲ့အချိန်မှာ လက်ပစ်ဗုံးနဲ့အနီးကပ်ပစ်ခတ်ခဲ့တယ်

သတင်း
နန့်ယားစစ်တပ်ဂိတ်တွင် ညနေ ၅ နာရီမှ မနက် ၈ နာရီအထိ သွားလာခွင့်ကို စစ်ကောင်စီ ပိတ်ပင်

နန့်ယားစစ်တပ်ဂိတ်တွင် ညနေ ၅ နာရီမှ မနက် ၈ နာရီအထိ သွားလာခွင့်ကို စစ်ကောင်စီ ပိတ်ပင်

ဖားကန့် လမ်းမပေါ်  နန့်ယားကျေးရွာ စစ်တပ်ဂိတ်တွင် ဒေသခံများကို ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်သဖြင့် ကျေးရွာ ၅ ခုမှ ဒေသခံပြည်သူများက သွားလာရေး အခက်ကြုံတွေ့နေရသည်ဟု သိရသည်။ နိုဝင်ဘာ ၉ ရက်နေ့မှစတင်ကာ ကျေးရွာဂိတ်ဖြတ်သန်းခွင့်ကို နံနက်ပိုင်း ၈ နာရီမှ ညနေပိုင်း ၅ နာရီအထိသာ သတ်မှတ်လိုက်သောကြောင့် နံနက်အစောပိုင်း စျေးသည်များသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် ခက်ခဲသွားသည်ဟု နန့်ယားကျေးရွာအနီးရှိ ဆိုင်ဖရာဒေသခံတစ်ဦး KNG ကို ပြောသည်။ “၈နာရီအထိ စျေးမသွားဖို့ ဘယ်မှမသွားဖို့ လမ်းတွေမှာ မိုင်းထောင်ထားတယ်လို့ စစ်သားတွေက

လူ့အခွင့်အရေးချိုးဖောက်မှု
PDF ထောက်ပံ့သည်ဆိုကာ နန်းမားဒေသခံ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

PDF ထောက်ပံ့သည်ဆိုကာ နန်းမားဒေသခံ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

မိုးညှင်းမြို့နယ် နန်းမားကျေးရွာမှ အရပ်သားပြည်သူ အမျိုးသမီး ၂ဦးကို KPDF ထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း နန်းမားကျေးရွာ အလယ်တောရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် ဒေါ်ယဉ်ယဉ်တင် နှင့် ဒေါ်ညိုလေးတို့ ၂ ဦးအား KPDF ထောက်ပံ့သည်ဟု စွပ်စွဲ၍ ၎င်းတို့၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နန်းမားကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောသည်။ ''မနေ့က ညနေပိုင်းလောက်မှာ

သတင်း
ဗန်းမော်တွင် ၄ ရက်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ် ၂၀၀ ကျော် ဖမ်းဆီးခံရ

ဗန်းမော်တွင် ၄ ရက်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ် ၂၀၀ ကျော် ဖမ်းဆီးခံရ

ဗန်းမော်မြို့တွင် စစ်ကောင်စီက ၄ ရက်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ် အစီး ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။ နိုဝင်ဘာ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ စုစုပေါင်း ၄ ရက် ဆက်တိုက် ဗန်းမော်မြို့တွင် ဖမ်းဆီးမှုပြုလုပ်ခဲ့သည်ဟု ဗန်းမော်မြို့တွင်း အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ ''အရင်နေ့က ဖမ်းတဲ့ နေရာတွေမှာပဲ ဖမ်းတာ။ ၈ရက်နေ့ကတော့ နောင်ခို ရပ်ကွက်ဘက်မှာ ပိုပြီးဖမ်းတယ်။ ပထမနေ့ကတော့ မနက် ၈နာရီ ကနေ ညနေ သုံးနာရီ ထိ ဖမ်းတယ်။ နောက်ဆုံး