,

Breaking News :

ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား

ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

ကရင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ

ကားမိုင်းထွေအုပ်ရုံး ဗုံးဖောက်ခွဲခံရပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာပြင်းထန်ရရှိကာ ၁ ဦးသေဆုံး

ဖားကန့်တွင် အရပ်သားကား ၂ စီးကို စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး

ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ

ဖားကန့်တွင် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု ပိုမိုအသုံးပြုလာနေ

လုံးခင်းတွင် ဆိုင်ကယ်စီးနှင်လာသည့် လူငယ်တစ် ဦး သေနတ်ပစ်သတ်ခံရ

  1. Home
  2. တိုက်ပွဲ

Category: သတင်း

တိုက်ပွဲ
မိုးမောက် လုံဂျာဘွမ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ၇ ရက်အတွင်း စစ်တပ်မှ ထိခိုက်သေဆုံးမှု များပြား

မိုးမောက် လုံဂျာဘွမ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ၇ ရက်အတွင်း စစ်တပ်မှ ထိခိုက်သေဆုံးမှု များပြား

မိုးမောက်မြို့အရှေ့ဘက် လုံဂျာ ဘွမ်(တောင်ကုန်း) ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်ဖွဲ့ကို စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေဆဲ ၁ ပတ်အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားသည်ဟု ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၂၂ ရက်နေ့မှစတင်ကာ မိုးမောက်မြို့အရှေ့ဘက် တောင်ကုန်းရှိ လုံဂျာဘွမ်ကို လေကြောင်း၊ ကုန်းကြောင်းဖြင့် စတင်တိုက်ခိုက်လာခြင်း ဖြစ်သည်။ ''ဒီနေ့ နေ့လယ်ပိုင်းထိပစ်နေတုန်းပဲ သူတို့က နေ့တိုင်းလိုလို မနက် ၇ နာရီ ၈ နာရီလောက် ကနေစပစ်ရင် နေ့လယ် တစ်နာရီလောက်ထိပစ်။ ကြားမှာနားလည်း ၁၀ မိနစ်

သတင်း
KIA ကို ပိတ်ဆို့ရန် ဖားကန့်သို့ တင်ပို့မည့် ဆန်နှင့် စက်သုံးဆီကားများကို နမ့်ယာတွင် တားမြစ်ထား

KIA ကို ပိတ်ဆို့ရန် ဖားကန့်သို့ တင်ပို့မည့် ဆန်နှင့် စက်သုံးဆီကားများကို နမ့်ယာတွင် တားမြစ်ထား

ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို့ ငွေကြေးစီးဆင်းနေသော ရင်းမြစ်များကို ပိတ်ဆို့ရန် စစ်ကောင်စီသည် စစ်သုံးဆီ နှင့် ဆန် သယ်ယူခွင့် တားမြစ်ထားသည်ဟု ဖားကန့်ဒေသခံများ ပြောသည်။ ဖားကန့်သို့တက်မည့် ဆီကားအစီး ၁၀၀ ကျော်ကို အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ပိုင်း နမ့်ယာကျေးရွာ စစ်တပ်ဂိတ်တွင် ပိတ်ထားသည်မှာ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ဖြစ်သည်။ ဖားကန့် လမ်းမကြီးတစ်လျှောက် နမ့်ယာကျေးရွာနှင့် တဆက်တည်းရှိသော ကပ်မှော်၊ ဆိုင်းဖရာ၊ ခွမ်စိုင်ယန်နှင့် တံတားညီနောင်တို့ရှိ

သတင်း
ဖားကန့် အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင် လွတ်မြောက်လာ

ဖားကန့် အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင် လွတ်မြောက်လာ

စစ်ကောင်စီ၏ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆို ထောင်ဒဏ်ချတ်မှတ်ခံခဲ့ရသည့် ဖားကန့် အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်မောင် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင် ဖားကန့်အကျဉ်းထောင်မှ လွတ်မြောက်လာပြီဖြစ်ကြောင်းသိရသည်။ ကိုဇော်ဝင်မောင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် ပြစ်ဒဏ် ၁ နှစ် ၆လ နှင့် ပို့ကုန်/သွင်းကုန် အက်ဥပဒေအရ ပြစ်ဒဏ် ၁ လ အပါ စုစုပေါင်း ထောင်ဒဏ် ၁ နှစ် ၇ လအထိ

Fact Check
ဖားကန့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်ပိုင် မြဝတီတွင် သတင်းအမှားများ ဖော်ပြခဲ့

ဖားကန့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်ပိုင် မြဝတီတွင် သတင်းအမှားများ ဖော်ပြခဲ့

ဖားကန့်မြို့ KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါတွင် ၆၂ နှစ်မြောက် KIO အထိမ်းအမှတ်အတွက် တေးဂီတပွဲကျင်းပနေစဥ် အောက်တိုဘာလ (၂၃) ရက်နေ့ည ၈ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီမှ ဂျက်လေယာဉ် ၃ စီးဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင်း အပြစ်မဲ့ပြည်သူအချို့နှင့် ကချင်ဝါရင့်အဆိုတော် သေဆုံးခဲ့သည် ဆိုသော သတင်းသည် ဟောလဟာလသတင်းဖြစ်သည်ဟု စစ်တပ်ပိုင် မြဝတီသတင်းက ဝါဒဖြန့်ထားသည်ကို တွေ့ရသည်။ အဆိုပါ ဝါဒဖြန့်သည့် သတင်းကို စစ်တပ်သတင်းဌာနတစ်ခု ဖြစ်သည့် မြဝတီသတင်းဝက်ဆိုက်တွင် အောက်တိုဘာလ (၂၄)

သတင်း
ဆယ်ဇင်းတွင် စစ်ကောင်စီ တပ်စခန်းနေရာချရန် ဒေသခံပြည်သူများကို အတင်းအဓမ္မဖယ်ရှားခိုင်း

ဆယ်ဇင်းတွင် စစ်ကောင်စီ တပ်စခန်းနေရာချရန် ဒေသခံပြည်သူများကို အတင်းအဓမ္မဖယ်ရှားခိုင်း

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ ဘုရားငါးဆူနေရာတွင် စစ်ကောင်စီတပ်မှ တပ်စခန်းနေရာအသစ်ဆောက်လုပ်ကာ တပ်စွဲနေထိုင်နေသည့်အတွက် ဒေသခံ အိမ်ခြေ ၃၀ ဝန်းကျင်ခန့်ကို အတင်းအဓမ္မဖယ်ရှားခိုင်းခဲ့ကြောင်းသိရသည်။ ဘုရားငါးဆူအနီးတဝိုက်တွင် လက်လုပ်စား စိုက်ပျိုးခြံ လုပ်ကိုင်သူများ နေထိုင်သည့် နေရာတစ်ခုဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့ ထိုနေရာတွင် ရှိနေသည့် ပြည်သူများကို ဖယ်ရှားပေးရန် လာရောက်သတိပေးပြောဆိုခဲ့သည်ဟု ဘုရားငါးဆူအနီးတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး KNG ကိုပြောသည်။ “ဘာလို့ဖယ်ရှားခိုင်းနေလဲတော့ သေချာမသိရဘူး ၄၊ ၅ ရက်လောက်ရှိပြီ ဟုတ်တယ်။

သတင်း
ဖားကန့် အစုပြုံလိုက် ဗုံးကျဲခံရခြင်းမှ လွတ်မြောက်လာသူများကို စစ်ကောင်စီက ထပ်မံရှာဖွေနေ

ဖားကန့် အစုပြုံလိုက် ဗုံးကျဲခံရခြင်းမှ လွတ်မြောက်လာသူများကို စစ်ကောင်စီက ထပ်မံရှာဖွေနေ

ဖားကန့်တွင် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများ ဆုတောင်းပွဲပြုလုပ်ရန် လုံခြုံရေးအရ စိုးရိမ်ရသည့်အပြင် လွတ်မြောက်လာသူများကိုလည်း ဖမ်းဆီးအရေးယူရန် စစ်ကောင်စီက ပြင်ဆင်နေသည်ဟု ဖားကန့်ဒေသခံများထံမှ သိရသည်။ (more…)

သတင်း
ဗန်းမော်တွင်  KIA တက်လာသည်ဟု လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ဗန်းမော်တွင်  KIA တက်လာသည်ဟု လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ကချင်ပြည်နယ် ဗန်းမော်တွင် KIA စစ်သားများတက်လာသည်ဟု ပြောဆိုကာ ဗန်းမော် ၄ မိုင် စစ်တပ်ကုန်းမှ လက်နက်ကြီး ခြောက်လန့်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ ၂၆ ရက် နေ့လည် ၁၂ နာရီဝန်းကျင် ၄ မိုင်စစ်တပ်နှင့် ၁ မိုင်ခန့်အကွာတွင်ရှိသည့် ဘုံဘောကျေးရွာဘက်သို့ လက်နက်ကြီး အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်မှုကြောင့် မံခွန်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ်ရှိ ဒေါ်သန်းဌေးခေါ်သူ

သတင်း
ဗန်းမော်တွင် စစ်ရိက္ခာသယ် သင်္ဘောများ ဝင်ရောက်နေသဖြင့် စစ်ကောင်စီ လက်နက်ကြီးများပစ်ခတ်နေ

ဗန်းမော်တွင် စစ်ရိက္ခာသယ် သင်္ဘောများ ဝင်ရောက်နေသဖြင့် စစ်ကောင်စီ လက်နက်ကြီးများပစ်ခတ်နေ

ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာသည့် စစ်ရိက္ခာသယ် သင်္ဘော ၇ စီးကို ကာကွယ်ရန်အတွက် လုံခြုံရေးဟုဆိုကာ ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ် နေကြောင်း ဗန်းမော်ဒေသခံ များထံမှသိရသည်။ “စစ်ရိက္ခာသယ်လာတဲ့ သင်္ဘောတွေ ဒီကနေ့ရောက်မယ်ဆိုတော့ လမ်းကြောင်းရှင်းပေးတဲ့အနေနဲ့ လက်နက်ကြီးတွေနဲ့ထုနေကြတယ်။ ဒီကနေ့ ၁ နာရီလောက်ကနေ ပစ်နေကြတယ် အချက်ပေါင်းမနည်းတော့ဘူး။ ပစ်လိုက်နားလိုက် လုပ်နေတာ အချက်ပေါင်း ၃၀ ကျော်လောက်ရှိပြီ”ဟု ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။ အဆိုပါ

သတင်း
ဖားကန့်ဒေသတွင် စစ်ကောင်စီအဖွဲ့ စစ်ဆေးရေးတင်းကြပ်နေသည့်အတွက် KIA ဘက်မှ ညမထွက်ရ အမိန့်ထုတ်ပြန်

ဖားကန့်ဒေသတွင် စစ်ကောင်စီအဖွဲ့ စစ်ဆေးရေးတင်းကြပ်နေသည့်အတွက် KIA ဘက်မှ ညမထွက်ရ အမိန့်ထုတ်ပြန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ အများပြည်သူကို ရှောင်တခင် စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်နေသည့်အတွက် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ပြီး ည ၆ နာရီနောက်ပိုင်း အပြင်မထွက်ကြရန် KIA အမိန့်ထုတ်ထားသည်ဟု သိရသည်။ ဖားကန့် မြို့တွင်း မြို့ပြင် လမ်းကြောင်းနေရာများဖြစ်ကြသည့် ဆန်းကြွယ် တံတား၊ ပန်းတင်တံတားနှင့် လုံးခင်းလမ်းဆုံး နေရာများအနှံ့တွင် စစ်ကောင်စီ အဖွဲ့မှ စစ်အင်အား အများအပြားဖြင့် လမ်းပိတ်ဆို့ စစ်ဆေးမှုများ တင်းကြပ်ထားသည်ဟု ဖားကန့်မြို့ဒေသခံ

သတင်း
ဖားကန့်တွင် ပြည်သူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းသည် စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုဟု ဆို

ဖားကန့်တွင် ပြည်သူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းသည် စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုဟု ဆို

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ A Nang Pa တွင် ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ် ကြိုဆိုပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုသည် ‘ပြည်သူလူထုကို ပစ်မှတ်ထားကာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ဆောင်နေခြင်းသာဖြစ်သည်’ ဟု ကချင်လူထု ပြောသည်။ စစ်ရေးနှင့် မသက်ဆိုင်ဘဲ ပြည်သူများ စုဝေးနေသည့်နေရာတွင် စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပေါ် ဖားကန့် ဒေသခံ ကချင်ပြည်သူတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။ “စစ်တပ်က ကျနော်တို့ အတွက် မိတ်ဆွေမဟုတ်ဘူး ရန်သူသာဖြစ်တယ် ဆိုတာကို ကွင်းကွင်းကွက်ကွက်မြင်ရတယ်။ အခုလို