,

Breaking News :

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

ရွှေဘိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေးအကျဥ်ထောင်ပို့ရန် စီစဥ်နေ

မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ

စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး

အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

  1. Home
  2. ကချင်လွတ်လပ်ရေးတပ်မတော် KIA

Tag: ကချင်လွတ်လပ်ရေးတပ်မတော် KIA

သတင်း
KIA ကို ပိတ်ဆို့ရန် ဖားကန့်သို့ တင်ပို့မည့် ဆန်နှင့် စက်သုံးဆီကားများကို နမ့်ယာတွင် တားမြစ်ထား

KIA ကို ပိတ်ဆို့ရန် ဖားကန့်သို့ တင်ပို့မည့် ဆန်နှင့် စက်သုံးဆီကားများကို နမ့်ယာတွင် တားမြစ်ထား

ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို့ ငွေကြေးစီးဆင်းနေသော ရင်းမြစ်များကို ပိတ်ဆို့ရန် စစ်ကောင်စီသည် စစ်သုံးဆီ နှင့် ဆန် သယ်ယူခွင့် တားမြစ်ထားသည်ဟု ဖားကန့်ဒေသခံများ ပြောသည်။ ဖားကန့်သို့တက်မည့် ဆီကားအစီး ၁၀၀ ကျော်ကို အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ပိုင်း နမ့်ယာကျေးရွာ စစ်တပ်ဂိတ်တွင် ပိတ်ထားသည်မှာ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ဖြစ်သည်။ ဖားကန့် လမ်းမကြီးတစ်လျှောက် နမ့်ယာကျေးရွာနှင့် တဆက်တည်းရှိသော ကပ်မှော်၊ ဆိုင်းဖရာ၊ ခွမ်စိုင်ယန်နှင့် တံတားညီနောင်တို့ရှိ

တိုက်ပွဲ
အခြေအနေ မတည်ငြိမ်သေးသည့်အတွက် မှော်ပုံ ဒေသခံများ နေရပ်မပြန်ကြသေးရန် KIA သတိပေး

အခြေအနေ မတည်ငြိမ်သေးသည့်အတွက် မှော်ပုံ ဒေသခံများ နေရပ်မပြန်ကြသေးရန် KIA သတိပေး

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာ (Maden Yang) ဒေသခံများကို နေရပ်ပြန်လာခြင်း မပြုသေးရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ဘက်က သတိပေးထားသည်ဟု သိရသည်။ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်မှ စစ်ကား ၆ စီးဖြင့် မှော်ပုံကျေးရွာသို့ ဝင်ရောက်လာခဲ့ချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မှော်ပုံဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်သည်။ ''မှော်ပုံကတော့ ရွာလုံးကျွတ်တိမ်းရှောင်နေရတုန်းဗျ။ စစ်သားတွေကမနေ့ကပဲလှည့်ပြန်သွားတာ။ ခုထိတော့ဘာသံမှ မကြားသေးဘူးငြိမ်နေတယ်။ ရွာသားတွေကိုတော့ KIA တပ်မဟာ ၉ ဘက်က မပြန်လာခိုင်းသေးတာ။  အခြေအနေ စောင့်ကြည့်နေတုန်းတဲ့ မငြိမ်သေးဘူး တိုက်ပွဲ ဖြစ်ရင်ဖြစ်လာနိုင်တဲ့ခြေနေမို့မပြန်လာကြသေးဖို့တားထားတယ် ဘယ်နေ့ထိဆိုတာလဲမသတ်မှတ်ထားဘူး''ဟု လုံးခင်းကျေးရွာသို့

တိုက်ပွဲ
ဟူးကောင့် KIA တပ်ရင်း ၁၄ ကို စစ်ကောင်စီ ဂျက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြေပြင်တပ်များလည်း KIA စခန်းကို တိုက်ခိုက်ရန် ပြင်ဆင်နေ

ဟူးကောင့် KIA တပ်ရင်း ၁၄ ကို စစ်ကောင်စီ ဂျက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြေပြင်တပ်များလည်း KIA စခန်းကို တိုက်ခိုက်ရန် ပြင်ဆင်နေ

ဟူးကောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်ရင်း ၁၄ နယ်မြေကို စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းတွင် ဂျက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း စစ်အင်အား ၃၀၀ ကျော်ဖြင့် ထိုးစစ် စတင်ရန် ရှဒူးဇွပ်ကျေးရွာအနီးတွင် ပြင်ဆင်ထားပြီဟု သိရသည်။ ယနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ် ဂျက်လေယာဉ် ၃ စီးဖြင့် KIA တပ်ရင်း ၁၄ ဌာနချုပ်၊ ရှဒူးဇွပ်ကျေးရွာအနီးရှိ KIA စခန်း ၂ ခု စသည့် ၃ နေရာတွင် ဗုံးကျဲ တိုက်ခိုက်သွားသည်ဟု

သတင်း
ပြည်သူ့စစ် စိုးမိုးသော ရှဒူးဇွပ်တစ်ဝိုက်တွင် တိုက်ပွဲမလိုလားကြောင်း ဒေသခံတစ်ချို့မှ KIA နှင့် စစ်ကောင်စီထံ တောင်းဆို

ပြည်သူ့စစ် စိုးမိုးသော ရှဒူးဇွပ်တစ်ဝိုက်တွင် တိုက်ပွဲမလိုလားကြောင်း ဒေသခံတစ်ချို့မှ KIA နှင့် စစ်ကောင်စီထံ တောင်းဆို

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်လာမည်ကို မလိုလားကြောင်း ဒေသခံတချို့သည် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ထံ သွားရောက်တွေ့ဆုံကာ တောင်းဆိုထားသည်ဟု သိရသည်။ ဩဂုတ်လ ၂၇ ရက်နေ့ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ ကျေးရွာများမှ ဘာသာရေးပေါင်းစုံ ရပ်မိရပ်ဖ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြပြီးနောက် KIA နှင့် စစ်ကောင်စီကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်ဟု ရှဒူးဇွပ် (Jahtu Zup) ဒေသခံတစ်ဦး KNG ကို ပြောသည်။ “အဓိကတော့ တိုက်ပွဲတွေ မဖြစ်ပေးဖို့ထက် ပြည်သူတွေ အေးချမ်းစွာနေထိုင်ဖို့၊ အဲ့ဒါကို တာဝန်ရှိတဲ့ သူတွေအနေနဲ့ ငြိမ်းချမ်းစွာ

သတင်း
ရွှေကူတွင် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး နှင့် တပ်ကြပ်တစ်ဦးကို KIA နှင့် PDF ဖမ်းဆီး

ရွှေကူတွင် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး နှင့် တပ်ကြပ်တစ်ဦးကို KIA နှင့် PDF ဖမ်းဆီး

ကချင်ပြည်နယ် ရွှေကူမြို့နယ် ရွှေကူ-ဗန်းမော်ကြားရှိ ဧရာဝတီမြစ် ရေကြောင်းလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ ဖမ်းဆီးသွားကြောင်းသိရသည်။ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့် ရွှေကူမှ ဗန်းမော်မြို့သို့ ရေယာဉ်ဖြင့် စစ်ကောင်စီတပ်အတွက် စက်သုံးဆီပေပါများ သယ်ဆောင်လာမည့်သတင်းကြောင့် KIA နှင့် PDF များမှ သွားရောက်စစ်ဆေးရာ စက်သုံးဆီပေပါများပါရှိသည့် ရေယာဉ်ကို လွဲချော်သွား၍ ဗန်းမော်တက်မည့်

တိုက်ပွဲ
ဖားကန့် အာဏာသိမ်းစစ်တပ်၏ ရဲတပ်ရင်းများကို KIA တိုက်ခိုက်ဖျက်စီး

ဖားကန့် အာဏာသိမ်းစစ်တပ်၏ ရဲတပ်ရင်းများကို KIA တိုက်ခိုက်ဖျက်စီး

ဖားကန့်မြို့နယ် အာဏာသိမ်းစစ်တပ် လက်အောက်ရှိ ရဲတပ်ရင်း စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၂၈ရက်နေ့ ယနေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (more…)

သတင်း
မြစ်ကြီးနားမြို့တွင် သံချပ်ကာ၊ ဘူဒိုဇာ နှင့် ရဟတ်ယာဉ်များဖြင့် အာဏာသိမ်းစစ်တပ်က ညအချိန် လည့်လည်

မြစ်ကြီးနားမြို့တွင် သံချပ်ကာ၊ ဘူဒိုဇာ နှင့် ရဟတ်ယာဉ်များဖြင့် အာဏာသိမ်းစစ်တပ်က ညအချိန် လည့်လည်

အာဏာသိမ်းစစ်တပ်၏ သံချပ်ကာ ကား၊ ဘူဒိုဇာနှင့် စစ်ကားများ အပြင် ရဟတ်ယာဉ်များက မတ်လ ၂၃ ရက်ညတွင်း မြစ်ကြီးနားမြို့တွင်လည့်လည်ခဲ့သောကြောင့် မြို့နေ ပြည်သူများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။ ည ၁၀ နာရီခန့်အချိန်တွင် မြစ်ကြီးနားမြို့ရှိ ဒူကထောင် နှင့် ရှမ်းစုတောင် လမ်းမများပေါ်တွင် စစ်ကားများဖြင့် လည့်လည်နေသည်ကို မြင်ရကြောင်း ထိုနေရာတွင်ရှိနေသူများက ပြောဆိုကြသည်။ အလားတူ ရဟတ်ယဉ် ၂ စီးခန့်ကလည်း ည ၁၀ ခန့်အချိန်တွင်

ငြိမ်းချမ်းရေးသတင်း
ရှမ်းမြောက် Howa Bum တောင်ပေါ် မြန်မာ စစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

ရှမ်းမြောက် Howa Bum တောင်ပေါ် မြန်မာ စစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် Howa Bum တောင်ပေါ် မြန်မာစစ်တပ် တပ်မ (၈၈) စစ်ကြောင်း နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃၆) တပ်ဖွဲ့များကြား စက်တင်ဘာ ၂၄ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှ တိုက်ပွဲပြန်လည် ဖြစ်ပွားလာကြောင်း ဒေသခံများဆိုပါသည်။ တပ်မ (၈၈) စစ်ကြောင်းများ KIA တပ်ရင်း (၃၆) စခန်းရှိရာ Howa Bum တောင်ပေါ်ကို “နယ်မြေရှင်းလင်းရေး” စစ်ဆင်သောကြောင့် ည