ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

ရှမ်းမြောက် Howa Bum တောင်ပေါ် မြန်မာ စစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် Howa Bum တောင်ပေါ် မြန်မာစစ်တပ် တပ်မ (၈၈) စစ်ကြောင်း နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃၆) တပ်ဖွဲ့များကြား စက်တင်ဘာ ၂၄ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှ တိုက်ပွဲပြန်လည် ဖြစ်ပွားလာကြောင်း ဒေသခံများဆိုပါသည်။

တပ်မ (၈၈) စစ်ကြောင်းများ KIA တပ်ရင်း (၃၆) စခန်းရှိရာ Howa Bum တောင်ပေါ်ကို “နယ်မြေရှင်းလင်းရေး” စစ်ဆင်သောကြောင့် ည ၈ နာရီချိန်ထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီး မြန်မာစစ်တပ်၏ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများ ပြောပါသည်။

“မွန်းလွဲပိုင်း ၄နာရီ မိနစ် ၂၀ ခန့် ကနေ KIA တပ်ရင်း (၃၆) စခန်း Howa Bum တောင်မှာ အခုထပ်မံ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ တပ်မ (၈၈) ဖက်က သွား တိုက်ခိုက်လို့ တိုက်ပွဲ ဖြစ်တာပါ။ အခုချိန်ထိ လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ကြာသပတေးနေ့ည ၈နာရီခန့်မှာ ပြောပါသည်။

KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) နယ်မြေ မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲ ဧရိယာအတွင်း တပ်မတော် တပ်မ (၈၈) နှင့် တပ်မ (၉၉) စစ်ကြောင်းများ “နယ်မြေရှင်းလင်းရေး” စစ်ဆင်နေသောကြောင့် ယခုလ စက်တင်ဘာ (၁၀)မှ ပြန်လည် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများ ဆိုပါသည်။

၎င်း တိုက်ပွဲပြန်စခဲ့သည့်နေ့တွင် လူဦးရေ ၃၀၀ ခန့်ရှိ Man Kawng (မန်ကောင်း)ရွာသား အားလုံးသည် နီးစပ်ရာ Man Pying (မန်ပိန်း) ရွာသို့ စစ်ရှောင် ခိုလှုံနေရသည်ဟု Man Kawng ရွာလူကြီးက အစောပိုင်းက ကချင်သတင်းဌာန KNG ကို ပြောပါသည်။

တပ်မတော်၏တစ်ဖက်သတ် ထိုးစစ် ရပ်ထားမှုကို စက်တင်ဘာ (၃၀) ထိ ရက်တိုး ထားသော်လည်း တပ်မ (၈၈)၊ တပ်မ (၉၉) နှင့် တပ်မ (၂၂) တပ်ဖွဲ့များက “နေမြေရှင်းလင်းရေး စစ်ဆင်လှုရှားမှု” ကို ရှမ်းပြည်မြောက်ပိုင်း အထူးသဖြင့် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ KIA၊ ကိုးကန့် MNDAA၊ ရခိုင် AA နှင့် တအာင်း TNLA စခန်းများရှိရာ မူဆယ်ခရိုင်အတွင်း ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

 

……..Zawgyi………

 

ရွမ္းေျမာက္ Howa Bum ေတာင္ေပၚ ျမန္မာ စစ္တပ္ ႏွင့္ KIA တိုက္ပြဲ ျဖစ္ပြား

September 24, 2020/ KNG

ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္ Howa Bum ေတာင္ေပၚ ျမန္မာစစ္တပ္ တပ္မ (၈၈) စစ္ေၾကာင္း ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္ရင္း (၃၆) တပ္ဖြဲ႕မ်ားၾကား စက္တင္ဘာ ၂၄ ၾကာသပေတးေန႔ မြန္းလြဲပိုင္းမွ တိုက္ပြဲျပန္လည္ ျဖစ္ပြားလာေၾကာင္း ေဒသခံမ်ားဆိုပါသည္။

တပ္မ (၈၈) စစ္ေၾကာင္းမ်ား KIA တပ္ရင္း (၃၆) စခန္းရွိရာ Howa Bum ေတာင္ေပၚကို “နယ္ေျမရွင္းလင္းေရး” စစ္ဆင္ေသာေၾကာင့္ ည ၈ နာရီခ်ိန္ထိ ႏွစ္ဖက္တိုက္ပြဲ ျဖစ္ပြားၿပီး ျမန္မာစစ္တပ္၏ လက္နက္ႀကီး ပစ္ခတ္သံမ်ား ၾကားေနရသည္ဟု ေဒသခံမ်ား ေျပာပါသည္။

“မြန္းလြဲပိုင္း ၄နာရီ မိနစ္ ၂၀ ခန္႔ ကေန KIA တပ္ရင္း (၃၆) စခန္း Howa Bum ေတာင္မွာ အခုထပ္မံ တိုက္ပြဲ ျဖစ္ပြားေနပါတယ္။ တပ္မ (၈၈) ဖက္က သြား တိုက္ခိုက္လို႔ တိုက္ပြဲ ျဖစ္တာပါ။ အခုခ်ိန္ထိ လက္နက္ႀကီးေတြ ပစ္ခတ္ေနပါတယ္”ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး ကခ်င္သတင္းဌာန KNG ကို ၾကာသပေတးေန႔ည ၈နာရီခန္႔မွာ ေျပာပါသည္။

KIA တပ္မဟာ (၆) လက္ေအာက္ တပ္ရင္း (၃၆) နယ္ေျမ မူဆယ္ခ႐ိုင္ ၾကဴကုတ္ (ပန္ဆိုင္း)ၿမိဳ႕နယ္ခြဲ ဧရိယာအတြင္း တပ္မေတာ္ တပ္မ (၈၈) ႏွင့္ တပ္မ (၉၉) စစ္ေၾကာင္းမ်ား “နယ္ေျမရွင္းလင္းေရး” စစ္ဆင္ေနေသာေၾကာင့္ ယခုလ စက္တင္ဘာ (၁၀)မွ ျပန္လည္ တိုက္ပြဲမ်ားျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ား ဆိုပါသည္။

၎ တိုက္ပြဲျပန္စခဲ့သည့္ေန႔တြင္ လူဦးေရ ၃၀၀ ခန္႔ရွိ Man Kawng (မန္ေကာင္း)႐ြာသား အားလုံးသည္ နီးစပ္ရာ Man Pying (မန္ပိန္း) ႐ြာသို႔ စစ္ေရွာင္ ခိုလႈံေနရသည္ဟု Man Kawng ႐ြာလူႀကီးက အေစာပိုင္းက ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။

တပ္မေတာ္၏တစ္ဖက္သတ္ ထိုးစစ္ ရပ္ထားမႈကို စက္တင္ဘာ (၃၀) ထိ ရက္တိုး ထားေသာ္လည္း တပ္မ (၈၈)၊ တပ္မ (၉၉) ႏွင့္ တပ္မ (၂၂) တပ္ဖြဲ႕မ်ားက “ေနေျမရွင္းလင္းေရး စစ္ဆင္လႈရွားမႈ” ကို ရွမ္းျပည္ေျမာက္ပိုင္း အထူးသျဖင့္ ေျမာက္ပိုင္းမဟာမိတ္ ၄ဖြဲ႕ KIA၊ ကိုးကန္႔ MNDAA၊ ရခိုင္ AA ႏွင့္ တအာင္း TNLA စခန္းမ်ားရွိရာ မူဆယ္ခ႐ိုင္အတြင္း ျပဳလုပ္ေနျခင္းလည္း ျဖစ္သည္။

Show More

Related Articles

Back to top button