ကချင်အစပ်

  • Oct- 2024 -
    15 October
    သတင်း

    ကသာမှာ သန်းခေါင်စာရင်းကောက်နေတဲ့အချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ သန်းခေါင်စာရင်းကောက်ယူနေတဲ့အချိန်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေအကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ လဆန်းကတည်းကစတင်လို့ ကသာမြို့ပေါ်ရပ်ကွက်တစ်ချို့မှာ စစ်သားတွေအပါအဝင် ရဲတပ်ဖွဲ့တစ်ချို့လုံခြုံရေးယူကာ သန်းခေါင်စာရင်းစတင်ကောက်ခံနေတာဖြစ်ပြီး ကသာမြို့နယ် ရပ်ကွက်…

    Read More »
  • Sep- 2024 -
    10 September
    သတင်း

    ပင်လည်ဘူးလက်မလွှတ်ရရေး စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းရောမြေပြင်ကနေလူအင်အားထပ်မံဖြည့်တင်းထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့ နဲ့ ၉ ရက်နေ့တို့မှာ ဝန်းသိုမြို့နယ်ဘက်ကနေ မြေပြင်စစ်ကြောင်းထိုးပြီးတက်လာပေမယ့် မြေပြင်စစ်ကြောင်းထိုးမရလို့ လေကြောင်းအသုံးပြုပြီး စစ်အင်အားထပ်ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။ “ပင်လည်ဘူးမြို့ကမသိမ်းနိုင်သေးပါဘူးဗျ။ စစ်ကောင်စီဘက်က လေကြောင်းကနေ Mi 17 ၄ စင်းနဲ့ စစ်ကူ ထပ်ဖြည့်လို့တိုက်နေရတုန်းပါ။ ဝန်းသိုကလာတဲ့စစ်ကြောင်း မြေပြင်ကတိုးမရလို့ ဝေဟင်က ထိုးလာတာ”လို့ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ပင်လည်ဘူးမြို့နယ်ရဲ့နေရာအတော်များများကို KIA နဲ့ပူးပေါင်းအဖွဲ့ဘက်ကထိန်းချုပ်ထားပြီဖြစ်ပြီး စစ်ကောင်စီက မြို့တွင်းရဲစခန်းတွင်အဓိကနေရာယူပြီးခုခံနေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြော ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက စစ်ကိုင်းနဲ့ကချင်အစပ်ကမြို့တွေကို KIA အပါအဝင် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF ၊ NUG လက်အောက်ခံ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက မြို့သိမ်းတိုက်ပွဲအဖြစ်ဆောင်ရွက်နေတာဖြစ်ပြီး ပင်လည်ဘူးမြို့နယ်လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ်က တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ပြောတာက “ကချင်နဲ့စစ်ကိုင်းအစပ်ဘက်ကတော့ ကျနော်တို့ KIO အနေနဲ့ကူညီနေတဲ့သဘောမျိုးပဲဖြစ်ပါတယ်။ တာဝန်ယူပြီးထိုးစစ်ဆင်နွှဲနေတာကတော့ NUG ရဲ့ အမှတ် ၁ စစ်ဒေသဘက်က စစ်ဦးစီးမှုူးတွေပဲဖြစ်တော့ အသေးစိတ်တော့မသိရဘူး”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကတော့ ပင်လည်ဘူးမြို့နယ်ထဲက လေကြောင်းနဲ့လာပို့ထားတဲ့ အင်အား ၈၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခု ကာကွယ်ရေးတပ်ဆီ လက်နက်ချအညံ့ခံခဲ့ပါသေးတယ်။ ဒါ့အပြင် ပင်လည်ဘူးမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်အကြား နှစ်စဉ်နှစ်တိုင်းတိုက်ပွဲပြင်းထန်နေတဲ့မြို့ဖြစပြီး ဒေသခံပြည်သူတွေက  ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ မြို့ပေါ်တိုက်ပွဲတွေကြောင့် ဘေးလွှတ်ရာကို ထွက်ပြေးခဲ့ရာကနေ ဒီနေ့ထိ ပြန်မလာတဲ့သူတွေများတယ်လို့ ဆိုပါတယ်။ ပင်လည်ဘူးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ တပ်ခစန်းတွေကို KIA နဲ့ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ တိုက်ခိုက်ခဲ့ပေမယ့် မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်တာတော့ မရှိခဲ့ပါဘူး။ ဒါကြောင့် KIA/KPDF ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ်တိုက်ပွဲထိုးစစ်ဆင်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီတစ်ကြိမ်ဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ By –…

    Read More »
  • May- 2024 -
    6 May
    သတင်း

    ကသာမှာ မိုးကြိုးပစ်လို့ အမျိုးသားတစ်ဦးသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ မေလ ၅ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင် မိုးကြိုးပစ်လို့ အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ ကသာမြို့နယ် မိုးတားလေးကျေးရွာ တစ်ဖက်ကမ်းမှာရှိတဲ့ မြေနုကျွန်းရွာမှာ ဖြစ်ပွား ခဲ့တာဖြစ်ပြီး အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးသေဆုံးတဲ့အပြင် နွား ၄…

    Read More »
  • 1 May
    သတင်း

    ကသာမြို့နယ် ပြည်သူ့ဆေးရုံမီးလောင်

    စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်က ပြည်သူ့ဆေးရုံ မနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မှာ မီးလောင်ခဲ့ပြီး ပြင်ပလူနာဌာနအဆောင်တစ်ခုလုံးမီးလောင်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါ တယ်။ ကသာမြို့နယ် ရပ်ကွက် ၄ မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးမီးလောင်ခဲ့တာဖြစ်ပြီး ကလေးမီးဖွားစာရင်းတွေနဲ့ ကလေးတွေအတွက်…

    Read More »
  • Mar- 2024 -
    22 March
    သတင်း

    ကသာမှာ တိုက်ပွဲဖြစ်တာမရှိပဲ လေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်က ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကသာမြို့နယ်ထဲက ဟဲနားဆိုတဲ့ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာတစ်စုံတစ်ရာမရှိပဲ ဂျက်ဖိုက်တာအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က KNG…

    Read More »
  • Feb- 2024 -
    22 February
    သတင်း

    ပင်လည်ဘူးမြို့ပေါ် မှာ တိုက်ပွဲပြင်းထန်နေ

    “မနေ့က မနက်အစောကတည်းကစဖြစ်နေတာပါ မနေ့ကတော့ လေယာဥ်နဲ့ ဂျက်တွေရောပေါ့ လာပစ်သွားတယ် တိုက်ပွဲကလည်း မြို့ပေါ်မှာပဲဖြစ်နေတာပါ လေကြောင်းက မနေ့ကတည်းက ရော ဒီနေ့မနက်ရောတိုက်ခိုက်နေတယ်” လို့ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

    Read More »
  • 15 February
    သတင်း

    ကသာမြို့အဝင်ဂိတ်မှာ အမျိုးသား ၆ ယောက်ဖမ်းဆီးခံရ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ မနေ့က မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်က မြို့အဝင်ဂိတ်မှာ စစ်ဆေးရေးတင်းကြပ်ခဲ့ပြီး အရပ်သား ၆ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ  မနေ့က မနက်ပိုင်း ၁၀ နာရီလောက်မှာပဲ ကသာမြို့အဝင်ဂိတ်ကိုဖြတ်တဲ့ အမျိုးသားတွေကို…

    Read More »
  • Dec- 2023 -
    28 December
    သတင်း

    ကသာမြို့နယ် ကျောက်ထုံးကြီးရွာကို စစ်တပ်ဗုံးကျဲတိုက်ခိုက်

    စစ်ကိုင်း – ကချင်အစပ်မှာရှိတဲ့ ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လေကြောင်းကနေ ဂျက်ဖိုက်တာရော၊ Mi 35 အပါအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဆီကသိရပါတယ်။ ဒီကနေ့ မွန်းလွှဲပိုင်း…

    Read More »
  • 21 December
    သတင်း

    မိုးတားလေးတိုက်နယ် ပကဖရဲ့ ဒရုန်းတပ်ဖွဲ့ဝင် ၃ ယောက် အသတ်ခံရ

    စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ် မိုးတားလေးတိုက်နယ်မှာ မနေ့က ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း စစ်ဆင်ရေးသွားပြီး ပြန်လာတဲ့ မိုးတားတိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒရုန်းတပ်ဖွဲ့ဝင် ၃ ယောက် စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး အသတ်ခံခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါ တယ်။…

    Read More »
  • Jan- 2023 -
    20 January
    တိုက်ပွဲ

    မိုးတားလေးတိုက်ပွဲတွင် စစ်ကောင်စီ ဗျူဟာမှူးတစ်ဦးကျဆုံးသဖြင့် ဂျက်ဖိုက်တာ ၂ စီးဖြင့် ထပ်မံပစ်ခတ်နေ

    စစ်ကိုင်း–ကချင်အစပ် မိုးတားလေးတိုက်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ABSDF၊ KPDF ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ကာ ၃ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗျူဟာမှူးတစ်ဦးကျဆုံးပြီး လက်ရှိချိန်တွင်လည်း ဂျက်လေယာဉ်ဖြင့် ထပ်မံပစ်ခတ်နေကြောင်း KPDF ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့မှစကာ ကသာ၊ ချောင်းဝကျေးရွာမှ…

    Read More »
Back to top button