သတင်း

မိုးတားလေးတိုက်နယ် ပကဖရဲ့ ဒရုန်းတပ်ဖွဲ့ဝင် ၃ ယောက် အသတ်ခံရ

စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ် မိုးတားလေးတိုက်နယ်မှာ မနေ့က ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း စစ်ဆင်ရေးသွားပြီး ပြန်လာတဲ့ မိုးတားတိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒရုန်းတပ်ဖွဲ့ဝင် ၃ ယောက် စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး အသတ်ခံခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါ တယ်။

မနေ့က မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်မှာ ကသာမြို့အဝင်စစ်ကောင်စီဂိတ်ကို ဒရုန်းစစ်ဆင်ရေးအဖြစ် သွားရောက်တိုက်ခိုက်ခဲ့ပြီးအပြန် မင်္ဂလာသုခရွာအရောက်မှာ စစ်ကောင်စီရဲ့နောက်ထပ်စစ်ကြောင်း တစ်ကြောင်းနဲ့တိုးပြီး သတ်ဖြတ်ခံခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။

သူတို့က မြို့တွင်းကို ဒရုန်းနဲ့စစ်ဆင်ရေးသွားလုပ်တာ အဲ့ဒီအပြန်မှာပဲ စစ်ကြောင်းပိတ်တာကိုခံလိုက်ရတာ ပေါ့လေ အဲ့လိုပိတ်ပြီးသူတို့သတ်ခံလိုက်ရတာပေါ့လေ ၃ ယောက်ကျသွားပါတယ် အင်္ကျီလှန်ပြီး ဗိုက်ပေါ်မှာ လည်း ကျားဘီလူးစစ်ကြောင်းဆိုပြီးရေးသွားတယ်လို့ပြောပါတယ်။

အသတ်ခံခဲ့ရတဲ့သူတွေဟာ မိုးတားလေးတိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒရုန်းတပ်ဖွဲ့ဝင်တွေဖြစ်ပြီးအသက် ၂၀ ဝန်းကျင်အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၆၀ ဝန်းကျင်လောက်ရှိပြီး မနေ့ကအဲ့ဒီဖြစ်စဥ်ဖြစ်ပြီး နာရီပိုင်း အကြာမှာပဲ ကသာမြို့ထဲပြန်ဝင်သွားတယ်လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းက ရွေ့လျားထိုင်တဲ့စစ်ကြောင်းပါ မြို့ထဲမှာကို တစ်ရက်နဲ့တစ်ရက်မတူဘူး ညဘက်လည်း ရွေ့တယ် အင်အားကတော့ ၆၀ လောက်ရှိတယ်လို့ပြောပါတယ်။

မိုးတားလေးတိုက်နယ် ပကဖတွေမသတ်ခံရခင် လုပ်ခဲ့တဲ့ အဲ့ဒီဒရုန်းစစ်ဆင်ရေးမှာလည်း စစ်ကောင်စီတပ်ဘက်က တစ်ယောက်သေဆုံးခဲ့ပြီး တစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း မနေ့က ဒီဇင်ဘာလ ၂၀ ရက်နေ့ည တစ်ညလုံး လက်နက်ကြီးတွေနဲ့ ရွာတွေဘက် ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေလုပ်ခဲ့ပြီး အရပ်သားတစ်ယောက်သေဆုံးခဲ့တယ်လို့သိရပေမဲ့ အသေးစိတ်အခြေနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒရုန်းတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်သွားတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ က ပင်းမလွှတ်ကျေးရွာက ကသာမြို့နယ်ရဲ့ ပကဖသတင်းတာဝန်ခံအပါအဝင် ၃ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button