သတင်း

ကသာမှာ မိုးကြိုးပစ်လို့ အမျိုးသားတစ်ဦးသေဆုံး

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ မေလ ၅ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင် မိုးကြိုးပစ်လို့ အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဖြစ်စဥ်ကတော့ ကသာမြို့နယ် မိုးတားလေးကျေးရွာ တစ်ဖက်ကမ်းမှာရှိတဲ့ မြေနုကျွန်းရွာမှာ ဖြစ်ပွား ခဲ့တာဖြစ်ပြီး အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးသေဆုံးတဲ့အပြင် နွား ၄ ကောင်လည်းသေဆုံးခဲ့ရ တယ်လို့ဒေသခံတစ်ယောက် ကပြောပါတယ်။

မနေ့ညကမိုးချုပ်မှာဖြစ်သွားတာ မိုးသက်လေပြင်းတွေကျပြီး လူတစ်ယောက်နဲ့ နွားလေးကောင်သေသွား တယ်လို့ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုအတည်ပြုပါတယ်။

ဒီဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့အမျိုးသားအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကလည်းထောက်ပံ့ကြေး ပေးသွားမယ်လို့ ဒေသခံတွေကပြောပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲနေတာကြောင့် ကသာမြို့နယ်ပြည် သူ့အုပ်ချုပ်ရေးဘက်ကလည်း သတိပြုနေထိုင်ကြဖို့ အသိပေးချက်ထုတ်ပြန်ထားပါတယ်။

ကသာမြို့နယ်အတွင်း မနေ့က အပူချိန် ၃၆°C အထိရှိခဲ့ရာကနေ ညပိုင်းမှာ ရုတ်တရက်မိုးရွာပြီး မိုးကြိုး ပစ်ခဲ့တာလို့ ဒေသခံတစ်ယောက်ကဆက်ပြောပါတယ်။

ဖြစ်တောင့်ဖြစ်ခဲပါ တစ်ခါတစ်ရံတော့ဖြစ်တတ်ပါတယ် ရာသီဥတုအပူအချိန်က မနေ့က ၃၆ လောက်ပဲ ရှိတာပါ အဲ့လောက်အပူချိန်ကနေ လာပြီးတော့ မိုးသက်လေပြင်းတွေကျပြီးမိုးကြိုးပစ်တော့တာပဲ လို့ပြောပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝှမ်း လေပြင်းနဲ့မိုးကြိုးပစ်တာတွေမကြာခဏကြုံတွေ့နေရပြီး ကချင်ပြည် နယ် မိုးကောင်းမြို့နယ် ဆားမှော်ရွာမှာလည်း ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့မနက်ပိုင်းက မိုးကြိုးပစ်လို့ နွား၂၂ ကောင်သေဆုံးသွားခဲ့သလို အဲ့ဒီနေ့တစ်ရက်တည်းမှာပဲ မိုးညှင်းမြို့နယ်မှာလည်း လေပြင်းတိုက်လို့ နေအိမ် ၁၀၀ ခန့်ပျက်စီးခဲ့ရပါသေး တယ်။

ကသာမြို့နယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မြို့နယ်ရုံးတွေအခြေစိုက်ရာမြို့ဖြစ်သလို ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ လူဦးရေ ၁သိန်း၆သောင်းကျော်ရှိတဲ့မြို့ကြီးဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button