ကူညီထောက်ပံ့မှု

  • Jul- 2024 -
    6 July
    စစ်ပြေးဒုက္ခသည်များ

    ဝိုင်းမော် စစ်ရှောင်များအနက် ကိုယ်ဝန်ဆောင်မိခင်နှင့် အမျိုးသမီးများ၏ အခက်အခဲ

    ဝိုင်းမော်မြို့နယ်တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များတွင် လုံလောက်လောက် ကူညီထောက်ပံ့မှု မရရှိဘဲ မိုးရာသီ အဆိုးရွားဆုံး အခြေအနေကို ဖြတ်ကျော်နေရသည်။ ထိုအထဲတွင် ဇူလိုင်လ ပထမအပတ် ဧရာဝတီမြစ်ရေကြီးမှုတွင် ဧရာဝတီမြစ်ကမ်းရှိ စစ်ရှောင်စခန်းများ…

    Read More »
  • May- 2024 -
    15 May
    သတင်း

    ဟဲလုံသစ်ရွာမှာနေ့တိုင်းလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံများ ရွာကနေထွက်ပြေးတိမ်းရှောင်နေရ

    ဗန်းမော်မြို့နယ် ဟဲလုံသစ်ရွာမှာ လက်နက်ကြီးအဆက်မပြတ်ကျရောက်ပေါက်ကွဲနေတာကြောင့် ဒေသခံပြည်သူများ နီးစပ်ရာကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီးကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ ဟဲလုံသစ်ရွာ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကနေ မေလ ၁၃ ရက်နေ့ထိ ဗန်းမော်ဘက်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် ရွာထဲဆက်တိုက်ကျရောက်ပေါက်ကွဲနေတဲ့အတွက် နေအိမ်၊ အဆောက်အအုံအများအပြား ပျက်စီးသွားပြီးဖြစ်တယ်လို့ ဟဲလုံဒေသခံ အမျိုးသားတစ်ယောက်က ကိုပြောပါတယ်။ “အိမ်းအမိုးတွေ ပျက်စီး၊ အုပ်နံရံတွေ ကွဲ၊ တံခါးတွေ အကုန်ပျက်စီး ခေါင်းမိုးတွေဆိုရင်လည်း ဇကာပေါက်တွေလို ဖြစ်နေပြီ၊ မီးဖိုချောင်တွေဆိုရင် ရစရာကိုမရှိတော့ဘူး၊ ခုံတွေဆိုရင် အပေါ်ထိ လွင့်သွားတာ၊ မီးလောင်သွားတဲ့ အိမ်လည်းရှိတယ်”လို့ပြောပါတယ်။ မေလ ၁၁ ရက်နေ့ နေ့လည် ၁၂ ဝန်းကျင် လက်နက်ကြီးတစ်လုံး လူနေအိမ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားတစ်ဦးထိခိုက်သေဆုံးခဲ့သလို နောက်ထပ်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်သူ ၂ ဦးကို လိုင်ဇာဆေးရုံးမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေအနေနဲ့ ရွာထဲလှည့်လည်တာမျိုးတွေရှိနေပြီး စစ်ဆေးမေးမြန်တာတွေလည်း မကြာခဏပြုလုပ်လေ့ရှိတဲ့အပြင် လက်နက်ကြီးတွေကြောင့် ကျေးရွာအတွင်း နေထိုင်လို့ အဆင်မပြေတော့ဘူးလို့ သူကဆက်ပြောဆိုပါတယ်။ “ကျွန်တော်တို့လည်း ပြောတာဘဲ တောင်းပန်တာဘဲ ဒါပေမဲ့ပစ်တာဘဲ၊ ပစ်ချင်ရင် ဘယ်ရက်မှာဖြစ်ဖြစ်ပစ်တယ်၊ သူတို့က ဘယ်နားကျတာလဲဆိုပြီးမေးလာတော့ ရွာထဲမှာဘဲပြန်ကျတယ်၊ လူသေတယ် ပြောတော့ ဝမ်းနည်းပါတယ်ပြောပြီး ပစ်တာဘဲ အဲ့ညမှာဘဲ၊ မေးရင်လည်း မဖြေရင်အခက် ဖြေရင်လည်း ပစ်နေတာဘဲ ဘာမှမထူးဘူးလေ”လို့ပြောပါတယ်။ ဟဲလုံသစ်ကျေးရွာမှာ လူဦးရေ ၁၀၀၀ကျော်၊ အိမ်ထောင်စု ၂၂၇ စုရှိတာဖြစ်ပြီး  ဒေသခံတွေဟာစားဝတ်နေရေးအတွက် လယ်ယာကိုအဓိကလုပ်ကိုင်စားသောက်နေကြတာဖြစ်ပေမဲ့ ဒီရက်ပိုင်းလယ်ကွင်းထဲထိ လက်နက်ကြီးကျရောက်ပေါက်ကွဲနေတာကြောင့် လယ်ဝင်ဖို့လည်း ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။ ခုလို ရွာထဲနေ့ည ဆက်တိုက် လက်နက်ကြီးတွေကျရောက်နေတာကြောင့် ဟဲလုံသစ် ဒေသခံတွေဟာ ရွာနဲ့ ၆ မိုင်အကွာမှာရှိတဲ့ တိမ်းသော်ရွာမှာ သွားရောက်ခိုလှုံနေကြပြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ဗန်းမော်မြို့ ၅မိုင် နမ့်ဖားဂိတ်မှာ စစ်ဆေးမေးမြန်းတာတွေ အတင်းအကြပ်လုပ်ဆောင်နေတဲ့အပြင် ရိုက်နှက်တာတွေလည်းရှိတဲ့အတွက် ဟဲလုံသစ် ဒေသခံတွေအနေနဲ့ ဗန်းမော်မြို့ဘက်ဝင်ရောက်ဖို့အတွက်လည်း အခက်အခဲတွေရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာတွေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • Feb- 2024 -
    22 February
    သတင်း

    မိုးမိတ် စစ်ရှောင်တွေအတွက်ကူညီထောက်ပံ့မှုလိုအပ်နေဆဲ

    ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ်က စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ထဲနယ်မြေရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမလုပ်နိုင်သေးတဲ့အတွက် ဒေသခံတွေဟာ မြို့ထဲဝင်ဖို့ ခက်ခဲနေကြတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ မိုးမိတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်တွေက မိုးမိတ်မြို့ကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမယ့် တိုက်ပွဲတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု တွေကြောင့် အရပ်သားတွေရဲ့နေအိမ်များစွာပျက်ဆီးခဲ့ရတဲ့အပြင် မိုးမိတ်မြို့ပေါ်ကရပ်ကွက်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာနဲ့အနီးတစ်ဝှိုက်က အရပ်သား ၂ သောင်းကျော်လောက်က ဒီနေ့ထိထွက်ပြေးတိမ်းရှောင်နေကြရတာလို့ စစ်ဘေးရှောင် ကူညီနေသူတစ်ယောက်ကပြောပါတယ်။ “အိမ်တစ်အိမ်က မီးလောင်သွားတော့ သူတို့ပြန်ရှင်းလင်းဖို့အိမ်ပြန်ဆောက်ဖို့ ဘယ်မှာလဲငွေက ပြီးရင် အိမ်မရှိတော့ စားစရာသောက်စရာလုပ်ကိုင်စရာကမရှိတော့ဘူးအဲ့လိုအခက်အခဲတွေက အများကြီးပဲ တချို့ကျတော့လည်း အိမ်ဖောက်ခံရတာ ခိုးခံရတာတွေရောပေါ့ဗျာ“လို့ပြောပါတယ်။ လက်ရှိ မိုးမိတ်မြို့ကိုပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ကလည်း နယ်မြေခံစစ်တပ်မဟုတ်သလို ပြန်ဝင်တဲ့ဒေသခံအမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာတွေရှိတာကြောင့် မြို့ထဲပြန်ဝင်ဖို့အတွက် ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ မြို့တွင်းဝင်ရောက်ပြီး အုပ်စုဖွဲ့ခိုးဆိုးလုယက်သူတွေရဲ့ အန္တရာယ်ကလည်း ရှိနေသေးတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ “အခုကတော့ ထောက်ပံ့သူတွေရှိတော့ သူတို့လှူတာတွေနဲ့ပဲစားသောက်နေကြတာ ဒီဘက်ကတော့ အိမ်ကိုမပြန်ရဲကြသေးဘူးဘယ်သူမှ မြို့ကလည်း တော်တော်ကြေသွားပြီကို ကျမတို့ကတော့ပြန် မဝင်သေးဘူး ကြောက်လို့ပေါ့”လို့စစ်ဘေးရှောင်နေတဲ့မိုးမိတ်ဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါတယ်။ လက်ရှိမှာ မိုးမိတ်မြို့ပေါ်က ရွှေဇာလီကျေးရွာ၊ အုန်းချောဟောင်း၊ အုန်းချောသစ်၊ ညောင်နီ၊ အာသံ၊ လည်ကြီး၊ သရက်တော စတဲ့ကျေးရွာတွေအပါအဝင် တိုက်ပွဲဖြစ်ခဲ့တဲ့အနီးတစ်ဝှိုက်က အရပ်သား ၂ သောင်းကျော်လောက် ဘေးလွှတ်ရာဘုန်းကြီးကျောင်းတွေနဲ့ တစ်ခြားသောဘေးလွှတ်ရာမြို့ကြီး တွေဆီထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေး ရှောင် အရပ်သား ၂ ဒဿမ ၆ သန်းကျော်ရှိလာဖြစ်တယ်လို ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရသိရပါတယ်။  စစ်ကောင်စီတပ်တွေဟ မြို့ထဲဝင်တဲ့ဒေသခံအမျိုးသမီးတစ်ချို့ကို မုဒိန်းကျင့်တာတွေရှိနေတဲ့အတွက် ဒေသခံတွေဟာမြို့ထဲဝင်ရောက်ဖို့ ကြောက်ရွံ့နေကြတယ်လို့  မိုးမိတ်စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။ By – အမိုး

    Read More »
  • 21 February
    သတင်း

    စီခမ်းကြီးစစ်ရှောင်တွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

    “ထွက်ပြေးလာတဲ့ တစ်ချို့ဆို ဖိနပ်တောင်မပါကြဘူး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာ တဲ့သူ တွေများတယ်၊ သူတို့တွေ ဆန်၊ဆီ၊ဆားကအစ အိုးတွေကအစပေါ့ ပြီးရင် ခင်းစရာဖျာလေးတွေ၊ စောင်လေးတွေလည်း လိုအပ်နေတာဖြစ်တယ်”လို့ပြောပါတယ်။

    Read More »
  • 13 February
    သတင်း

    အိုးမဲ့ အိမ်မဲ့ နမ့်ဖတ်ကာစစ်ရှောင်တွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ တိုက်ပွဲကြောင့် နေစရာအိမ်မရှိတော့ဘဲ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေအတွက်ကူညီထောက်ပံ့မှု အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး နမ့်ဖတ်ကာစစ်ရှောင်တွေဟာနေရပ်ပြန်လာကြပြီဖြစ်ပေမယ့် နေအိမ်မရှိတော့တဲ့သူတွေကတော့ နီးစပ်ရာကျေးရွာတွေရှိ အသိအိမ်တွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ “ပြန်လာကြတဲ့ စစ်ဘေးရှောင်ထဲမှာ အိမ်ကနေလို့မရတော့တာတွေ အများကြီးရှိတယ်အိမ်မရှိတော့တဲ့သူတွေက ဟိုဖျက်ရွာဘက်တို့ အနီးအနားရွာတွေမှာ ကိုယ့်အသိမိတ်ဆွေအိမ်တွေမှာနေနေကြသေးတယ်။ အိမ်ဝင်နေလို့ရတဲ့သူတွေကတော့ ပြန်လာနေကြပြီ။ အိမ်တွေက အတော်များများပျက်စီးသွားတယ်။ အိမ်တစ်ခုလုံး မီးလောင်သွားတာတွေ၊ လေယာဉ်ဗုံးကြောင့်နဲ့ လက်နက်ကြီးကြောင့်မီးလောင်တာနဲ့ ပျက်စီးတာနဲ့ဆိုတော့။ လုံး၀ရစရာမရှိတော့တဲ့အိမ်တွေ ရှိတာပေါ့”ဟု နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံအများပိုင်း နီးစပ်ရာ ဟိုဖျက်၊ နမ့်အွမ်၊ နမ့်ကွတ်၊ ဟိုနောင်စတဲ့ကျေးရွာတွေရှိ အသိမိတ်ဆွေအိမ်တွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ သိရပါတယ်။  တစ်လနီးပါးကြာမြင့်ခဲ့တဲ့ နမ့်ဖတ်ကာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုနဲ့လက်နက်ကြီးတွေကြောင့် မီးလောင်ပြာကျသွားတဲ့အိမ်အပါအဝင် ပျက်စီးသွားတဲ့အိမ်ပေါင်း ၁၀၀ထက်မနည်းရှိတယ်လို့ သိရပါတယ်။  လက်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ နမ့်ဖတ်ကာပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေသလို အစားအသောက်နဲ့နေရာထိုင်ခင်းလည်း ကူညီထောက်ပံ့မှုများစွာ လိုအပ်နေတယ်လို့ ဆိုပါတယ်။ “အခု အရေးပေါ်က အစားအစာ၊ နေစရာအိမ်ဖြစ်တယ်။ တချို့တစ်အိမ်လုံးမီးလောင်သွားတဲ့သူတွေအတွက်က အဝတ်အစားရော အရေးပေါ် လိုအပ်တယ်။ခေါင်မိုးပေါက်သွားတဲ့အိမ်တွေအတွက် အခု နွေရာသီလည်း ရောက်တော့မယ်ဆိုတော့ တချို့အတွက်ကဖာစရာတွေ၊ ပြင်စရာတွေ၊ တချို့က တစ်အိမ်လုံးမရှိတော့ဘူးဆိုတော့ အစစရာရာ အားလုံးလိုအပ်တယ်။ ဗုံးစထိမှန်ပြီး ခြေထောက်ပြတ်သွားတဲ့သူတွေ၊ ဒဏ်ရာနဲ့သူတွေလည်းရှိတယ်။ အရေးပေါ်က စားဖို့သောက်ဖို့နဲ့ နေထိုင်စရာအိမ်ဖြစ်တာပေါ့”ဟုသူကဆက်ပြောပါတယ်။  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး နမ့်ဖတ်ကာကို သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ် ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ တစ်လဝန်းကျင်အကြာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကြောင့် အရပ်သားပြည်သူ ၃၀ ဝန်းကျင်ထိခိုက်သေဆုံးခဲ့ရပြီး လက်ရှိ ထိခိုက်ဒဏ်ရာရရှိထားတဲ့သူတွေအတွက်လည်း ကူညီမှုတွေ လိုအပ်နေတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Dec- 2023 -
    18 December
    သတင်း

    ပျက်စီးသွားတဲ့ တနိုင်းစစ်ရှောင်စခန်း နေအိမ်တွေ ပြုပြင်ဖို့ အကူညီလိုအပ်နေ

    ကချင်ပြည်နယ် တနိုင်းမြို့၊ စိန်ဂျိုးဇက် စစ်ရှောင်စခန်းမှာ အိမ်တန်းလျားခေါင်မိုးလဲရန်အတွက် ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်ည၊ တနိုင်းမြို့မှာ မိုးသက်လေပြင်းကျရောက်ပြီး အချိန် ၁ နာရီခန့်ကြာ မိုးသီးအဆက်မပျက်ကျတဲ့အတွက် စစ်ရှောင်စခန်းထဲက အိမ်ခေါင်မိုးတွေ ပျက်စီးသွားတယ်လို့ စစ်ရှောင်တစ်ဦးက KNG ကို ပြောပါတယ်။ “အိမ်အကုန်နီးပါးဘဲ၊ အကုန်ပေါက်ကုန်တာ၊ ခေါင်မိုးတွေလည်း…

    Read More »
  • Nov- 2023 -
    13 November
    သတင်း

    စစ်တပ်နဲ့ တွေ့ဆုံတာတွေမလုပ်ဖို့ ဖင်လန်နဲ့ ဆွတ်ဇာလန်အစိုးရကို အရပ်ဘက်အဖွဲ့အစည်း ၄၀၀ ကျော်တောင်းဆို

    ဖင်လန်နဲ့ ဆွတ်ဇာလန်နိုင်ငံတွေအနေနဲ့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် ဖင်လန်နဲ့ ဆွတ်ဇာလန်နိုင်ငံတွေက ပံ့ပိုးကူညီနေမှုကို ကန့်ကွက်တဲ့အနေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၄၅၅ ဖွဲ့က လက်မှတ်ထိုးတောင်းဆိုထားတဲ့ ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၀ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဖင်လန်အစိုးရက ဟယ်စင်ကင်မြို့မှာ စစ်ကောင်စီနဲ့…

    Read More »
  • 2 November
    သတင်း

    ရောဘတ်စစ်ရှောင်စခန်းက မသန်စွမ်းအယောက် ၈၀ ကျော်အတွက် ကူညီထောက်ပံ့မှုလိုအပ်နေ

    ကချင်ပြည်နယ် ဗန်းမော်မြို့မှာရှိတဲ့ ရောဘတ်စစ်ရှောင်စခန်းက မသန်စွမ်းအယောက် ၈၀ ကျော်အတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။ စစ်ရှောင်စခန်းက မသန်စွမ်းသူတွေအတွက် အာဏာမသိမ်းခင် မသန်စွမ်းတွေလိုအပ်တဲ့ အထောက်အကူပစ္စည်းတွေ ထောက်ပံ့ပေးတာရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ကူညီထောက်ပံ့တာတွေမရှိတော့တဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ ရောဘတ်စစ်ရှောင်စခန်းတာဝန်ခံက ခုလိုပြောပါတယ်။ “မသန်းစွမ်းတွေက တစ်ယောက်နဲ့တစ်ယောက်မတူတော့လေ အမြင်မသန်စွမ်းဆိုရင် မျက်မှန်၊ မျက်လုံးခွဲစိတ်ပေးတာတို့၊ အကြား တွေအတွက်ဆို နားကြပ်တို့ ပေါ့နော် အဲ့လိုမျိုးပေါ့၊ တစ်ယောက်ချင်းစီအတွက် လိုအပ်တာတွေ…

    Read More »
  • Oct- 2023 -
    12 October
    သတင်း

    အောင်မြေ ၁ ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်တဲ့ နမ်ဆန်ယန်စစ်ရှောင်တွေအတွက် အစားအသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

    ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်နေပြီဖြစ်တဲ့ နမ်ဆန်ယန်ဒေသခံစစ်ရှောင်တွေအတွက် အစားအသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်း ကော်မတီအဖွဲ့ဝင်တွေကနေ သိရပါတယ်။ မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ်  ကဇူးရွာမှာစစ်ရှောင်နေတဲ့ နမ်ဆန်ယန်စစ်ရှောင်ပြည်သူတွေကို  ပြည်သူ့စစ်တပ်ဖွဲ့တွေက လူသားဒိုင်းအဖြစ် စစ်ရှောင်အမျိုးသား ၈ ယောက်ကိုဆွဲခေါ် ဖမ်းဆီးသွားရာကနေ စစ်ရှောင်တွေဟာ လုံခြုံရေးအခြေအနေစိုးရမ်ရတဲ့အတွက် စက်တင်ဘာလ ၂၇ ရက်နေ့မှာ အရေးးပေါ် ပြောင်းရွေ့လိုက်ရတာဖြစ်ပါတယ်။ လက်ရှိမှာ စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းဆောက်လုပ်မပြီးစီးသေးပေမယ့် ခုလိုအရေးပေါ်ပြောင်းရွှေ့လိုက်ရလို့ စားနပ်ရိက္ခာတွေခက်ခဲနေတယ်လို့ စစ်ရှောင်ကော်မတီအဖွဲ့ဝင်…

    Read More »
Back to top button