စစ်ပြေးဒုက္ခသည်များသတင်း

မိုးမိတ် စစ်ရှောင်တွေအတွက်ကူညီထောက်ပံ့မှုလိုအပ်နေဆဲ

ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ်က စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ထဲနယ်မြေရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမလုပ်နိုင်သေးတဲ့အတွက် ဒေသခံတွေဟာ မြို့ထဲဝင်ဖို့ ခက်ခဲနေကြတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ မိုးမိတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်တွေက မိုးမိတ်မြို့ကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမယ့် တိုက်ပွဲတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု တွေကြောင့် အရပ်သားတွေရဲ့နေအိမ်များစွာပျက်ဆီးခဲ့ရတဲ့အပြင် မိုးမိတ်မြို့ပေါ်ကရပ်ကွက်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာနဲ့အနီးတစ်ဝှိုက်က အရပ်သား  သောင်းကျော်လောက်က ဒီနေ့ထိထွက်ပြေးတိမ်းရှောင်နေကြရတာလို့ စစ်ဘေးရှောင် ကူညီနေသူတစ်ယောက်ကပြောပါတယ်။

အိမ်တစ်အိမ်က မီးလောင်သွားတော့ သူတို့ပြန်ရှင်းလင်းဖို့အိမ်ပြန်ဆောက်ဖို့ ဘယ်မှာလဲငွေက ပြီးရင် အိမ်မရှိတော့ စားစရာသောက်စရာလုပ်ကိုင်စရာကမရှိတော့ဘူးအဲ့လိုအခက်အခဲတွေက အများကြီးပဲ တချို့ကျတော့လည်း အိမ်ဖောက်ခံရတာ ခိုးခံရတာတွေရောပေါ့ဗျာလို့ပြောပါတယ်။

လက်ရှိ မိုးမိတ်မြို့ကိုပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ကလည်း နယ်မြေခံစစ်တပ်မဟုတ်သလို ပြန်ဝင်တဲ့ဒေသခံအမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာတွေရှိတာကြောင့် မြို့ထဲပြန်ဝင်ဖို့အတွက် ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တစ်ဖက်မှာ မြို့တွင်းဝင်ရောက်ပြီး အုပ်စုဖွဲ့ခိုးဆိုးလုယက်သူတွေရဲ့ အန္တရာယ်ကလည်း ရှိနေသေးတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

အခုကတော့ ထောက်ပံ့သူတွေရှိတော့ သူတို့လှူတာတွေနဲ့ပဲစားသောက်နေကြတာ ဒီဘက်ကတော့ အိမ်ကိုမပြန်ရဲကြသေးဘူးဘယ်သူမှ မြို့ကလည်း တော်တော်ကြေသွားပြီကို ကျမတို့ကတော့ပြန် မဝင်သေးဘူး ကြောက်လို့ပေါ့လို့စစ်ဘေးရှောင်နေတဲ့မိုးမိတ်ဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါတယ်။

လက်ရှိမှာ မိုးမိတ်မြို့ပေါ်က ရွှေဇာလီကျေးရွာ၊ အုန်းချောဟောင်း၊ အုန်းချောသစ်၊ ညောင်နီ၊ အာသံ၊ လည်ကြီး၊ သရက်တော စတဲ့ကျေးရွာတွေအပါအဝင် တိုက်ပွဲဖြစ်ခဲ့တဲ့အနီးတစ်ဝှိုက်က အရပ်သား  သောင်းကျော်လောက် ဘေးလွှတ်ရာဘုန်းကြီးကျောင်းတွေနဲ့ တစ်ခြားသောဘေးလွှတ်ရာမြို့ကြီး တွေဆီထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေး ရှောင် အရပ်သား  ဒဿမ  သန်းကျော်ရှိလာဖြစ်တယ်လို ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရသိရပါတယ်။

 စစ်ကောင်စီတပ်တွေဟ မြို့ထဲဝင်တဲ့ဒေသခံအမျိုးသမီးတစ်ချို့ကို မုဒိန်းကျင့်တာတွေရှိနေတဲ့အတွက် ဒေသခံတွေဟာမြို့ထဲဝင်ရောက်ဖို့ ကြောက်ရွံ့နေကြတယ်လို့  မိုးမိတ်စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button