သတင်း

စစ်တပ်နဲ့ တွေ့ဆုံတာတွေမလုပ်ဖို့ ဖင်လန်နဲ့ ဆွတ်ဇာလန်အစိုးရကို အရပ်ဘက်အဖွဲ့အစည်း ၄၀၀ ကျော်တောင်းဆို

ဖင်လန်နဲ့ ဆွတ်ဇာလန်နိုင်ငံတွေအနေနဲ့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် ဖင်လန်နဲ့ ဆွတ်ဇာလန်နိုင်ငံတွေက ပံ့ပိုးကူညီနေမှုကို ကန့်ကွက်တဲ့အနေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၄၅၅ ဖွဲ့က လက်မှတ်ထိုးတောင်းဆိုထားတဲ့ ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၀ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဖင်လန်အစိုးရက ဟယ်စင်ကင်မြို့မှာ စစ်ကောင်စီနဲ့ လျှို့ဝှက်တွေ့ဆုံဖို့ CMI- Martti Ahtisaari Peace Foundation ကတစ်ဆင့် ဆက်သွယ်တွေ့ဆုံခဲ့ ကြသလို ဆွတ်ဇာလန် အစိုးရဘက်က အောက်တိုဘာလ ၁၆ရက်ကနေ ၁၈ ရက်နေ့အထိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCAနဲ့ ပက်သက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ Centre For Humanitarian Dialogue Swisspeace တို့နဲ့ပူးပေါင်းပြီး နေပြည်တော်မှာ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဆွတ်ဇာလန်အစိုးရနဲ့ ဖင်လင်အစိုးရရဲ့ လုပ်ရပ်တွေဟာ လူပေါင်း ၄၀၀၀ ကျော်ကိုသတ်ဖြတ်ပြီး လူပေါင်း၁.၇သန်းကျော်ကိုအိုးမဲ့အိမ်မဲ့ဖြစ်တဲ့ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုတာဖြစ်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို လုံ့ဆော်ပေးနေသလိုဖြစ်နေတယ်ထုတ်ပြန်ခဲ့ပါတယ်။

ခုလိုဆွတ်ဇာလန်နိုင်ငံနဲ့ ဖင်လန်နိုင်ငံ က တော်လှန်ရေးအင်အားစုအစိုးရတွေ ဖြစ်တဲ့ NUG၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို အသိမပေးဘဲ တိုးတိုးတိတ်တိတ်လုပ်တာကိုရပ်တန့်ဖို့ခုလိုထုတ်ပြန်ချက်ကို ထုတ်ခဲ့တာ ဖြစ်တယ်လို့ရှေ့ပြေးအသံအဖွဲ့ဘုတ်ဥက္ကဌဒေါ်ခင်ဥမ္မာက KNGကိုပြောပါတယ်။

သူတို့အနေနဲ့ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိတဲ့ ငြိမ်းချမ်းရေးကို ရှေးရှုဦးဆောင်ထားတဲ့ နိုင်ငံတွေဆိုရင် ခုလို တိုးတိုးတိတ်တိတ် တွေ့ဆုံဆွေးနွေးတာကို ရပ်တန်းကရပ်ပြီး အကူအညီမပေးဖို့ ပြီးတော့ သူတို့ဘက်ကနောက်မဆုတ်ဘူးဆိုရင် နိုင်ငံတကာဉပဒေနဲ့ ကြည့်လိုက်ရင်တောင် မှ သူတို့ကိုယ်တိုင်လည်းအကြမ်းဖက်မှုတွေမှာ အားပေးအားမြောက် ပါဝင်တဲ့လူတွေဖြစ်ကြောင်းသတိပေးထုတ်ပြန်တာတွေ ထပ်လုပ်ပါမယ်။ဒီအပေါ်မှာသူတို့ဘက်ကဘာတွေပြန်တုံပြန်လာမလဲဆိုတာကိုရောစောင့်ကြည့်နေတယ် ဝေဖန်မှုတွေကိုလဲဆက်လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဖင်လန်နိုင်ငံနဲ့ ဆွတ်ဇာလန်နိုင်ငံတွေအနေနဲ့ စစ်အုပ်စုတွေပူးပေါင်းပြီး သူတို့နဲ့ ပက်သက်နေတဲ့ အဖွဲ့အစည်းတွေအောက်ကလူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကိုမပေးဖို့ရပ်တန်းကရပ်ဖို့ကိုလည်းတောင်းဆိုထားတယ်လို့ ပြောပါတယ်။ 

ဒါအပြင်မြန်မာပြည်သူတွေရဲ့နိုင်ငံရေးလိုလားချက်တွေဖြစ်တဲ့ဖယ်ဒရယ်ဒီမိုကရေစီ ကို လက်တွေ့ထောက်ခံပြီး ပြည်သူတွေနဲ့အတူရပ်တည်ပေးဖို့နဲ့ ဒီထုတ်ပြန်ချက်လောက်နဲ့ပြီးသွားမယ့်ကိစ္စမဟုတ်တဲ့အတွက်တခြားဖိအားပေးလုပ်ဆောင်မှုတွေကိုလည်းဆက်လက်လုပ်ဆောင်သွားမယ်လို့ ရှေ့ပြေးဉက္ကဌဒေါ်ခင်ဥမ္မာက KNG ကိုဖြေကြားခဲ့ပါတယ်။

By – Hope

Show More

Related Articles

Back to top button