သတင်း

အောင်မြေ ၁ ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်တဲ့ နမ်ဆန်ယန်စစ်ရှောင်တွေအတွက် အစားအသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

ဝိုင်းမော်မြို့နယ် အောင်မြေ()ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်နေပြီဖြစ်တဲ့ နမ်ဆန်ယန်ဒေသခံစစ်ရှောင်တွေအတွက် အစားအသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်း ကော်မတီအဖွဲ့ဝင်တွေကနေ သိရပါတယ်။

မြစ်ကြီးနားဗန်းမော်ကားလမ်းမပေါ်  ကဇူးရွာမှာစစ်ရှောင်နေတဲ့ နမ်ဆန်ယန်စစ်ရှောင်ပြည်သူတွေကို  ပြည်သူ့စစ်တပ်ဖွဲ့တွေက လူသားဒိုင်းအဖြစ် စစ်ရှောင်အမျိုးသား ၈ ယောက်ကိုဆွဲခေါ် ဖမ်းဆီးသွားရာကနေ စစ်ရှောင်တွေဟာ လုံခြုံရေးအခြေအနေစိုးရမ်ရတဲ့အတွက် စက်တင်ဘာလ ၂၇ ရက်နေ့မှာ အရေးးပေါ် ပြောင်းရွေ့လိုက်ရတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းဆောက်လုပ်မပြီးစီးသေးပေမယ့် ခုလိုအရေးပေါ်ပြောင်းရွှေ့လိုက်ရလို့ စားနပ်ရိက္ခာတွေခက်ခဲနေတယ်လို့ စစ်ရှောင်ကော်မတီအဖွဲ့ဝင် တစ်ဦးက KNG ကိုပြောပါတယ်။

အခုအဓိကလိုအပ်နေတာက ဒီအခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အခြေခံစားသောက်ကုန်တွေလိုတာပေါ့။ ပြီးရင်ဒီမှာက မီးမရသေးတဲ့အတွက် မီးစက်နှိုးဖို့ ဆီတွေ နဲ့ဆောက်နေဆဲဖြစ်တဲ့ဟာတွေအတွက် သံပြားတွေလည်း လိုအပ်နေတယ်” လို့ပြောပါတယ်။

လက်ရှိမှာ အောင်မြေ  ဘက်မှာ ပြောင်းရွှေ့နေထိုင်တဲ့ နမ်ဆန်ယန်စစ်ရှောင်အိမ်ခြေဟာ အိမ်ထောင်စု ၁၉ စုနဲ့ လူဦးရေ ၅၆ ယောက်ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့အကြား မြစ်ကြီးနား– ဗန်းမော်ကားလမ်းပိုင်းမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားနေတာ ခုဆိုရင်  လကျော်ရှိလာပြီဖြစ်ပါတယ်။

ဒါကြောင့် နမ်ဆန်ယန်စစ်ဘေးရှောင်တွေဟာ လုံခြုံရေးအတွက် စိုးရိမ်ရလို့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ခုပြောင်းရွှေ့နေထိုင်တဲ့နေရာမှာလည်း အဆောင်တွေမပြီးသေးလို့ နေထိုင်နေကြရတာ စိုးရိမ်နေရသေးတယ်လို့ ပြောပါတယ်။

လုံခြုံရေးက အရမ်းအရေးကြီးတယ်၊ ဒီနေ့ဘာဖြစ်မယ်၊ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာမသိဘူး၊ ဟိုနေ့ကဖြစ်သွားတဲ့ ကိစ္စဆိုရင်လည်း ဘယ်သူမှ ကြိုမသိထားဘူးလေ၊ ကျွန်တော်တို့ဆီမှာ လည်း ဘယ်အချိန်ဘာဖြစ်လာမယ်ဆိုတာမသိလို့ ဘယ်နေရာမှာဖြစ်ဖြစ် ကိုယ်ရှိနေတဲ့နေရာမှာလုံလုံခြံခြုံနေနိုင် ဖို့က တကယ်အရမ်းအရေးကြီးတယ်လို့ ပြောပါတယ်။

နမ်ဆန်ယန်ဘက်မှာ တိုက်ပွဲအခြေအနေ တင်းမာနေဆဲဖြစ်တာကြောင့် သေနတ်သံတွေလည်း မကြာခဏကြားနေရတဲ့အတွက် ဒေသခံတွေဟာ လုံခြုံရေးအတွက် စိုးရိမ်နေကြရဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် လဆန်းပိုင်းကတည်းက နမ်ဆန်ယန်ဘက်ကို ဝင်ရောက်ဖို့ ကြိုးစားလာရာကနေ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်စပြုလာချိန်ကစပြီး နမ်ဆန်ယန်ရွာဒေသခံတွေဟာ ဝိုင်းမော်မြို့နဲ့မြစ်ကြီးနားမြို့ဘက် ကိုထွက်ပြေးခိုလှုံနေရတာ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button