သတင်း

ဟဲလုံသစ်ရွာမှာနေ့တိုင်းလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံများ ရွာကနေထွက်ပြေးတိမ်းရှောင်နေရ

ဗန်းမော်မြို့နယ် ဟဲလုံသစ်ရွာမှာ လက်နက်ကြီးအဆက်မပြတ်ကျရောက်ပေါက်ကွဲနေတာကြောင့် ဒေသခံပြည်သူများ နီးစပ်ရာကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီးကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ ဟဲလုံသစ်ရွာ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ  ရက်နေ့ကနေ မေလ ၁၃ ရက်နေ့ထိ ဗန်းမော်ဘက်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် ရွာထဲဆက်တိုက်ကျရောက်ပေါက်ကွဲနေတဲ့အတွက် နေအိမ်၊ အဆောက်အအုံအများအပြား ပျက်စီးသွားပြီးဖြစ်တယ်လို့ ဟဲလုံဒေသခံ အမျိုးသားတစ်ယောက်က ကိုပြောပါတယ်။

အိမ်းအမိုးတွေ ပျက်စီး၊ အုပ်နံရံတွေ ကွဲ၊ တံခါးတွေ အကုန်ပျက်စီး ခေါင်းမိုးတွေဆိုရင်လည်း ဇကာပေါက်တွေလို ဖြစ်နေပြီ၊ မီးဖိုချောင်တွေဆိုရင် ရစရာကိုမရှိတော့ဘူး၊ ခုံတွေဆိုရင် အပေါ်ထိ လွင့်သွားတာ၊ မီးလောင်သွားတဲ့ အိမ်လည်းရှိတယ်လို့ပြောပါတယ်။

မေလ ၁၁ ရက်နေ့ နေ့လည် ၁၂ ဝန်းကျင် လက်နက်ကြီးတစ်လုံး လူနေအိမ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားတစ်ဦးထိခိုက်သေဆုံးခဲ့သလို နောက်ထပ်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်သူ  ဦးကို လိုင်ဇာဆေးရုံးမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေအနေနဲ့ ရွာထဲလှည့်လည်တာမျိုးတွေရှိနေပြီး စစ်ဆေးမေးမြန်တာတွေလည်း မကြာခဏပြုလုပ်လေ့ရှိတဲ့အပြင် လက်နက်ကြီးတွေကြောင့် ကျေးရွာအတွင်း နေထိုင်လို့ အဆင်မပြေတော့ဘူးလို့ သူကဆက်ပြောဆိုပါတယ်။

ကျွန်တော်တို့လည်း ပြောတာဘဲ တောင်းပန်တာဘဲ ဒါပေမဲ့ပစ်တာဘဲ၊ ပစ်ချင်ရင် ဘယ်ရက်မှာဖြစ်ဖြစ်ပစ်တယ်၊ သူတို့က ဘယ်နားကျတာလဲဆိုပြီးမေးလာတော့ ရွာထဲမှာဘဲပြန်ကျတယ်၊ လူသေတယ် ပြောတော့ ဝမ်းနည်းပါတယ်ပြောပြီး ပစ်တာဘဲ အဲ့ညမှာဘဲ၊ မေးရင်လည်း မဖြေရင်အခက် ဖြေရင်လည်း ပစ်နေတာဘဲ ဘာမှမထူးဘူးလေလို့ပြောပါတယ်။

ဟဲလုံသစ်ကျေးရွာမှာ လူဦးရေ ၁၀၀၀ကျော်၊ အိမ်ထောင်စု ၂၂၇ စုရှိတာဖြစ်ပြီး  ဒေသခံတွေဟာစားဝတ်နေရေးအတွက် လယ်ယာကိုအဓိကလုပ်ကိုင်စားသောက်နေကြတာဖြစ်ပေမဲ့ ဒီရက်ပိုင်းလယ်ကွင်းထဲထိ လက်နက်ကြီးကျရောက်ပေါက်ကွဲနေတာကြောင့် လယ်ဝင်ဖို့လည်း ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

ခုလို ရွာထဲနေ့ည ဆက်တိုက် လက်နက်ကြီးတွေကျရောက်နေတာကြောင့် ဟဲလုံသစ် ဒေသခံတွေဟာ ရွာနဲ့  မိုင်အကွာမှာရှိတဲ့ တိမ်းသော်ရွာမှာ သွားရောက်ခိုလှုံနေကြပြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဗန်းမော်မြို့ ၅မိုင် နမ့်ဖားဂိတ်မှာ စစ်ဆေးမေးမြန်းတာတွေ အတင်းအကြပ်လုပ်ဆောင်နေတဲ့အပြင် ရိုက်နှက်တာတွေလည်းရှိတဲ့အတွက် ဟဲလုံသစ် ဒေသခံတွေအနေနဲ့ ဗန်းမော်မြို့ဘက်ဝင်ရောက်ဖို့အတွက်လည်း အခက်အခဲတွေရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာတွေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button