ကောလင်း

  • Feb- 2024 -
    12 February
    သတင်း

    ကောလင်းမြို့ကို နှစ်ဖက်တပ်တွေအပြန်အလှန်နေရာယူထားကြပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ

    စစ်ကိုင်း နဲ့ ကချင်အစပ်ရှိ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို  နှစ်ဖက်တပ်တွေအပြန်အလှန်နေရာယူထားကြပြီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ကောလင်းမြို့ထဲကို စစ်ကောင်စီတပ်ဘက်ကလည်း ဝင်ရောက်ထားနိုင်သလို တစ်ဖက်မှာကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကလည်းခုခံပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့…

    Read More »
  • 9 February
    သတင်း

    ကောလင်းတိုက်ပွဲမှာ စစ်တပ်ပြန်လည်ဆုတ်ခွာ ကာကွယ်ရေးတပ်ဘက်က လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ

    စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မနေ့ကတိုက်ပွဲမှာတော့ ကာကွယ်ရေးတပ်ဘက်ကလက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ Kawlin Info က သတင်းထုတ်ပြန်ထားပါတယ်။

    Read More »
  • 7 February
    သတင်း

    NUG ထိန်းချုပ်ထားတဲ့ ကောလင်းမှာ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းနဲ့ ကချင်အစပ်က ကောလင်းမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အကြား ဖေဖော်ဝါရီလ ၄ ရက်နေ့ကစ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါ တယ်။ စစ်ကောင်စီတပ်ဘက်က…

    Read More »
  • 5 February
    သတင်း

    ကောလင်းမြို့ကို စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေ

    “ဇန်နဝါရီလထဲက သူတို့အင်အားတွေဖြည့်ကြတာ ရွှေဘိုကနေ ကန့်ဘလူ ၆၀၀၆ တပ်ကို အရင်ဖြည့် ပြီးမှ ကျွန်းလှ အဲ့ဒီကနေ ကိုးတောင်ဘို့အထိုင်စခန်းနဲ့ဝန်းသိုဘက်ကို ရဟတ်ယာဥ်နဲ့ပို့ကြတာ”လို့ ပြောပါတယ်။

    Read More »
  • Jan- 2024 -
    17 January
    သတင်း

    ကောလင်းမြို့နယ်ထဲက လူစီကားတဲ့နေရာတွေကို စစ်တပ်က နေ့တိုင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က နေ့တိုင်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ ကောလင်းမြို့နယ်နဲ့ ၆ မိုင်လောက်အကွာက ဝန်းသို့မြို့နယ် ခမရ ၁၂၀ တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး လူစီကားတဲ့နေရာတွေကိုအဓိကရည်ရွယ်ပြီးပစ်ခတ်နေတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ပစ်ခတ်မှုကတော့ နေ့စဥ်လိုနီးပါးကိုပစ်တယ် အချိန်ကလည်း သူတို့မထင်ရင်မထင်သလိုပစ်ခတ်ပါတယ် ပြည်သူအထိအခိုက်ကတော့ ဒီရက်ပိုင်းမှာမရှိသလောက်ပါပဲ ပြည်သူနေအိမ်တွေတော့ပျက်ဆီးတာတော့ ရှိပါတယ် သူတို့ပစ်တဲ့နေရာတွေကို လူစီကားတဲ့နေရာတွေကို ပဲဦးစားပေးပစ်တယ်လို့ယူဆလို့ရပါတယ် ဘာလို့ဆိုတော့ လက်နက်ကြီးပစ်တဲ့နေရာတွေက လူစီတဲ့နေရာတွေက မလှမ်းမကမ်းဖြစ်နေတယ်” လို့ပြောပါတယ်။ ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီးကတည်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီနေ့အထိကို အရပ်သား ၁၀ ယောက်ကျော်သေဆုံးခဲ့ရပြီးဖြစ်သလို နေအိမ် ၅ လုံးထက် မနည်း မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ရဲ့အခုလို လက်နက်ကြီးပစ်ခတ်မှုတွေကို အတတ်နိုင်ဆုံးအကာအကွယ် ဖြစ်စေမဲ့နည်းလမ်းတွေကိုလည်းလုပ်ဆောင်လျှက်ရှိတယ်လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။ “လက်နက်ကြီးရန်ကြောင့် အသိပညာပေး လက်ကမ်းစာစောင်တွေ၊ ဗုံးခိုကျင်းတွေလည်း ဆောင်ရွက်နေပါ ပြီ နောက်ပြီးတော့ လေကြောင်းအန္တရာယ်အတွက်လည်း အချက်ပေးစနစ်တွေ အတတ်နိုင်ဆုံး လက်ရှိမြေ ပြင်မှာရှိနေတဲ့အရာတွေနဲ့ အမြန်ဆုံးဆောင်ရွက်နေပါတယ် လူစီကားတဲ့နေရာတွေမှာ လက်နက်ကြီး ပစ်တာ နဲ့ ချက်ချင်းသိနိုင်အောင်လုပ်ဆောင်တာရှိပါတယ်”လို့ပြောပါတယ်။ ကောလင်းမြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ အမှတ် ၁ စစ်ဒေသ ကောလင်းခရိုင်ကွပ်ကဲမှုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေး ပူပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ကပဲ ဝန်းသိုမြို့နယ် ခမရ ၁၂၀ တပ်ကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခဲ့လို့ ကောလင်းမြို့နယ်ထဲက အရပ်သား ၆ ယောက်သေဆုံးခဲ့သလို ၈ ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ By – အမိုး

    Read More »
  • 2 January
    သတင်း

    ကောလင်းမြို့မဈေးပေါ် လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ယောက်ထပ်မံသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်က ကောလင်းမြို့မဈေးထဲကို ဇန်နဝါရီလ ၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်က စစ်ကောင်စီဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ယောက်သေဆုံးခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ဝန်းသိုမြို့နယ်က ခမရ ၁၂၀ တပ်ရင်းကနေ ကောလင်းမြို့ပေါ် နဲ့ ကောလင်းမြို့မဈေးထဲကို ဟောင်ဝစ်ဇာ လက်နက်ကြီးအမျိုးအစားနဲ့ မနက် ၉ နာရီဝန်းကျင်ကနေ ၉ နာရီခွဲလောက်အထိ ၆ လုံးတိတိ ပစ်ခတ် တိုက်ခိုက် ခဲ့တာလို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ဒီကနေ့မနက်တော့လက်နက်ကြီးနဲ့၆ကြိမ်ပစ်တယ် ပစ်တဲ့အချိန် မှာ မြို့ထဲကိုကျတယ် တစ်လုံးကတော့ မြို့မဈေးထဲကျတယ် အဲ့မှာက များသောအားဖြင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းသည် နဲ့ သားငါးသည်တွေ ကြားထဲကိုကျတာဖြစ်တဲ့အတွက် အမျိုးသမီးကြီး ၂ ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်လို့သိရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် လူစည်ကားတဲ့မြို့မဈေးထဲကိုကျတာဖြစ်တဲ့အတွက် ကလေးငယ်တွေအပါအဝင် အရပ်သား ၇ ယောက်လောက် ဒဏ်ရာရခဲ့ပြီးတော့ ထိခိုက်သေဆုံးသူတွေရဲ့အသေးစိတ်အခြေနေနဲ့ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ပြောပါတယ်။ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ ကောလင်းမြို့ကိုတော့စစ်ကောင်စီတပ်ဘက်က ပြန်လည် တိုက်ခိုက်ဖို့ဝန်းသိုမြို့နယ်ဘက်ကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးတာတွေလည်းလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ “ ဝန်းသိုမြို့ထဲက စကစတပ်တွေဖြစ်တဲ့ စကစတပ်တွေဖြစ်တဲ့ ၁၁၁ နဲ့ ၁၂၀ တပ်ရင်းတွေကနေ အဲ့မှာရှိတဲ့ ပျူတွေနဲ့ပေါင်းပြီးတော့ ကောလင်းမြို့ဘက်ကိုထိုးတာပါ ကောလင်းမြို့နဲ့တော့ အနည်းဆုံး ၅ မိုင် အများ ဆုံး ၇ မိုင်လောက်ဝေးပါတယ် သူတို့ဘက်ကတော့ ကောလင်းမြို့ကိုပြန်တိုက်ဖို့အတွက် ကြိုးစားတဲ့အနေ အထား ရှိပါတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်း ကောလင်းမြို့နယ်ဘက်က အရပ်သားတွေကိုပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ဂရုပြုနေထိုင်ကြဖို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့နဲ့ ၃၀ ရက်နေ့ကလည်း ဝန်းသို့မြို့နယ်ဘက်ကနေ ကောလင်းမြို့နယ် ထဲကို ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ကလေးငယ်နှစ်ယောက်အပါအဝင် အရပ်သား ၄ ယောက်အထိသေဆုံးခဲ့ပါသေးတယ်။ ကောလင်းမြို့ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး KIA နဲ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေဘက်က မြို့ကို ထိန်းချုပ်ကာ ပြည်သူ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Dec- 2023 -
    25 December
    သတင်းphoto- အင်းတော်မြို့အဝင်ဆိုင်းဘုတ်

    ကောလင်းဘက်ဝင်မယ့်ခရီးသည်နဲ့ ကုန်ကားတွေကို အင်းတော်ဂိတ်မှာ စစ်တပ်ကပိတ်ဆို့ထား  

    စစ်ကိုင်းဒေသကြီး ကောလင်းမြို့နယ်ထဲဝင်မယ့် ခရီးသည်တွေနဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က အင်းတော်မြို့တွင်းစစ်ဆေးရေးဂိတ်မှာ တားမြစ်ပိတ်ဆို့ထားတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကချင်ပြည်နယ်ဘက်ကနေ ကောလင်းဘက်ကိုဆင်းလာတဲ့ ကုန်ကား၊ခရီးသည် ကားတွေနဲ့ စစ်ကိုင်းတိုင်းထဲက အခြားမြို့နယ်တွေဘက်နေကဝင်လာတဲ့ ကုန်ကား၊ခရီးသည်ကားတွေ ကောလင်းမြို့နယ်ထဲဝင်ရောက်ခွင့်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကတည်းကနေ အင်းတော်မြို့၊ မြို့နယ်ပညာရေး မှူးရုံးရှေ့က စစ်ဆေးရေးဂိတ်ကနေ တားမြစ်ပိတ်ပင်ထားတယ်လို့ အင်းတော်မြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကောလင်းဘက်ဆိုရင်ကုန်ကားကော၊ခရီးသည်ကားကောမသွားခိုင်ဘူး ကားသမားတွေကိုမှတ်ပုံတင်စစ်တယ် ကောလင်းကဆို မသွားခိုင်းဘူး ခရီးသည်တွေလည်းအတူတူပဲကောလင်းဘက်ဆိုအသံတောင်မကြားချင်ဘူးတဲ့အကုန်လှည့်ပြန်ခိုင်းတယ်”လို့သူကပြောပါတယ်။ စစ်သားနဲ့ရဲတွေ ပူးပေါင်းတပ်ထိုင်တဲ့ အင်းတော်မြို့နယ်ပညာရေးမှူးရုံး ရှေ့ကစစ်ဆေးရေးဂိတ်မှာ လွန်ခဲ့တဲ့အပတ်ကတည်းက ခရီးသည်တွေနဲ့ကုန်ကားသမားတွကိုတင်းတင်းကြပ်ကြပ် စစ်ဆေးမှုလုပ်လာပြီးဆဲ့နောက် မနေ့ကနေစပြီး ကောလင်းဘက်ဝင်မယ့် ကားတွေကိုအခုလို တားမြစ်လိုက်တာလို့သိရပါတယ်။ စစ်ကောင်စီတပ်က အခုလိုကောလင်းဘက် ကုန်ကား၊ခရီးသည်ကားတွေအဝင်တားမြစ်လိုက် တာနဲ့ပတ်သက်ပြီး အင်းတော်PDF မှတာဝန်ရှိသူတစ်ဦးက အခုလိုသုံးသပ်ပြောဆိုပါတယ်။ “ကောလင်းဘက်ကအခုသူတို့မထိန်းချုပ်နိုင်တော့ဘူးလေအဲ့ဘက်မှာကသူတို့ရဲ့ဂိတ်လည်းမရှိတော့ဘူး။ အဲ့ကြောင့်ဒီဘက်ကနေအဝင်ကိုပဲသူတို့ကပိတ်နိုင်တာ သုံးသပ်ရသလောက်ကတော့သူတို့က ကောလင်းဘက်ကို ရိက္ခာလုံးဝဖြတ်တောက်ပစ်လိုက်ချင်တဲ့သဘောပါ”လို့ ပြောပါတယ်။ ကောလင်းမြို့နယ်ထဲကို လက်ရှိစစ်ကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့ကနေဝင်လို့ရသလို စစ်ကိုင်းတိုင်း အောက်ပိုင်း မန္တလေးဘက်ကနေလည်းဝင်လို့ရတာဖြစ်ပါတယ်။ “အထက်ကနေက အင်းတော်ကနေပိတ်ပြီးတော့ အောက်ပိုင်းကနေက မန္တလေး ကိုးပင်ဂိတ်ကနေ ပိတ်လိုက်တယ်တဲ့ ဘယ်ကနေမှဝင်လို့မရတော့ဘူး”လို့အထက်မှာဖော်ပြခဲ့တဲ့ အင်းတော်မြို့နေအမျိုးသားတစ်ဦးကပြောပါတယ်။…

    Read More »
  • 5 December
    သတင်း

    ကောလင််း နဲ့ ဝန်းသိုမှာ ၆ ရက်အတွင်း Non-CDM ဝန်ထမ်း ၁၆၀ နီးပါးအလင်းဝင်လာ

    စစ်ကိုင်းတိုင်း ကောလင်းနဲ့ ဝန်းသိုမှာ Non-CDM ဝန်ထမ်းတွေကို အလင်းဝင်ရောက်ဖို့ အမိန့်ထုတ်ပြီးနောက်ပိုင်း ၆ ရက်အတွင်းမှာပဲ အလင်းဝင်ရောက်လာတဲ့ Non-CDM ဝန်ထမ်း ၁၅၈ ယောက်အထိရှိလာပြီလို့ NUG ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ကောလင်းမြို့ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း နိုဝင်ဘာ…

    Read More »
  • Nov- 2023 -
    15 November
    သတင်း

    ကောလင်းမြို့ကို KIA,PDF တွေထိန်းချုပ်ထားဆဲဖြစ်ပြီး ပြည်သူတစ်ချို့မြို့ထဲပြန်ဝင်နိုင်နေပြီလို့ဆို

    စစ်ကိုင်း – ကချင်အစပ်က ကောလင်းမြို့နယ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ကောလင်းမြို့ထဲ အရပ်သားတွေပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်သလို ဈေးဆိုင်တွေလည်းပြန်လည်ဖွင့်လှစ်လည်ပတ်နေပြီလို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ကောလင်းမြို့အတွင်း ပြည်သူတွေပြန်လည်နေထိုင်နိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး…

    Read More »
  • 14 November
    အင်တာဗျူး

    ကချင်-စစ်ကိုင်းနယ်စပ် ကသာမြို့ကို လက်မလွတ်ရေး စစ်တပ်က အစွမ်းကုန် ကြိုးစားနေ

    ကောလင်းခရိုင် ကောလင်းမြို့ကို KIA-PDF တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကိုင်း– ကချင်အစပ်မှာရှိတဲ့ ကသာမြို့နယ်ကို လက်မလွတ်ရေးအတွက် စစ်တပ်ဘက် အပြင်းအထန်ကြိုးစားနေတယ်လို့ သိရပါတယ်။ နယ်မြေအနေအထားအရ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ကသာမြို့နယ်ဟာ စစ်ကိုင်းကနေ ကချင်ပြည်နယ်ဝင်နိုင်မယ့် တစ်ခုတည်းသော ရေကြောင်းဝင်ပေါက်ဖြစ်တဲ့အပြင် ကသာမြို့နယ်ဟာ ခရိုင်ရုံးစိုက်တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ကသာခရိုင်ထဲမှာ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊…

    Read More »
Back to top button