တိုက်ပွဲသတင်း

ကောလင်းမြို့ကို နှစ်ဖက်တပ်တွေအပြန်အလှန်နေရာယူထားကြပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ

စစ်ကိုင်း နဲ့ ကချင်အစပ်ရှိ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို  နှစ်ဖက်တပ်တွေအပြန်အလှန်နေရာယူထားကြပြီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။

ကောလင်းမြို့ထဲကို စစ်ကောင်စီတပ်ဘက်ကလည်း ဝင်ရောက်ထားနိုင်သလို တစ်ဖက်မှာကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကလည်းခုခံပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ဒီနေ့တော့ မနက် ၆ နာရီကစ တိုက်ပွဲကနှစ်နေရာဖြစ်နေပါတယ် ကျနော်တို့အဖွဲ့လည်း အထဲမှာ ရှိတယ် သူတို့ဘက်ကလည်းတိုက်နေတယ် ကျနော်တို့ဘက်လည်း ခုခံနေတယ် ရှိတဲ့PDF တပ်ရင်း တွေနဲ့အလှည့်ကျသူတို့ကိုတိုက်ထုတ်နေတယ် PDF တွေ ပကဖ တွေ ပူပေါင်းပြီးတော့ သူတို့ကို အလှည့်ကျခုခံတိုက်ခိုက်နေပါတယ်လို့ ပြောပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီတပ်ဘက်ကတော့ မနေ့ကထုတ်တဲ့ စစ်ကောင်စီပိုင်သတင်းစာတွေနဲ့ တယ်လီဂရမ်ချန်နယ်လ်တွေမှာတော့ ကောလင်းမြို့ကို အလုံးစုံထိန်းချုပ်ထားပြီလို့ ထုတ်ပြန်ထားပါတယ်။

ကာကွယ်ရေးတပ်ဘက်ကတော့ ကောလင်းမြို့ထဲ စစ်တပ်ဘက်က အထိုင်ချနေရာယူထားနိုင်တာ မရှိပဲ နှစ်ဖက်တပ်တွေ အပြန်အလှန်နေရာယူထားကြပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ စစ်ကိုင်းဒေသနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ကဆက်ပြောပါတယ်။

မြေပြင်အခြေနေကတော့ သေချာတာက ကောလင်းမြို့ကိုမထိန်းချုပ်ထားနိုင်တာတော့သေချာ တယ် သူတို့မြို့ထဲကိုဝင်လာတာတွေရှိတယ် မြို့ထဲမှာလည်း တိုက်ပွဲတွေတောက်လျှောက်ဖြစ်နေ တယ်ပေါ့လေ ဒါကတော့သေချာတယ် နောက်ထပ်မြို့ကို အလုံးစုံမထိန်းချုပ်နိုင်သေးတာတော့ သေချာတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ သူတို့လက်လွှတ်ခဲ့ရတဲ့ ကောလင်းမြို့ကိုပြန်ရဖို့ သာလွန်အင်အားတွေ သုံးပြီးတိုက်ခိုက်နေသလို ဝန်းသိုမြို့နယ်အထိုင်တပ်စခန်းကနေ ဟောင်ဝစ်ဇာတွေနဲ့နေ့စဥ်ပစ်ကူပေးနေပြီး ဒရုန်းအသုံးပြုပြီးဗုံးကြဲတိုက်ခိုက်တာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

အဲ့လိုတိုက်ခိုက်မှုတွေကြောင့် ကောလင်းမြို့ထဲကျန်နေခဲ့တဲ့ အရပ်သားနဲ့ကာကွယ်ရေးတပ်ဘက်က လည်း အကျအဆုံးတွေရှိနေပြီး အခြေနေအသေးစိတ်ကိုတော့ KNG က အတည်မပြုနိုင်သေးပါ ဘူး။

စစ်ကောင်စီတပ်ကဟာ သူတို့လက်လွှတ်ခဲ့ရတဲ့ ခရိုင်အဆင့်ရှိကောလင်းမြို့နယ်ကို ပြန်ရဖို့ အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယအပတ်လောက်ကစတင်ပြီး ကောလင်းမြို့အစပ် ကန့်ဘလူ ၆၀၀၆ အမြောက်တပ်နဲ့ ဝင်းသိုမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို အင်အားဖြည့်တင်းထားခဲ့ တာပါ။

ကောလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၆ ရက်နေ့က KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ က သိမ်းပိုက်ကာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ် ရေးယန္တရားစတင်လည်ပတ်နေတဲ့မြို့ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button