စစ်ကောင်စီ
-
Jan- 2023 -18 Januaryသတင်း
မရှီကထောင် အနှိပ်ခန်းပိုင်ရှင်တစ်ဦးကို စစ်ကောင်စီဖမ်းခေါ်သွားပြီး ပစ်သတ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက်ရှိ အနှိပ်ခန်းပိုင်ရှင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်သတ်လိုက်သည်ဟု သိရသည်။ မရှီကထောင်ရပ်ကွက် ငှက်ပျောတောဘက်တွင် အနှိပ်ခန်းဖွင့်ထားသည့် ဦးဝင်းကို(ခ) မောင်ဦးကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၁၂ နာရီအချိန်တွင် နေအိမ်မှလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်…
Read More » -
16 Januaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
အင်းတော်ကြီးတွင် ရွှေတူးနေသည့် စက်ယန္တရားအချို့နှင့် ရွှေလုပ်သား ၂၀ နီးပါးကိုစစ်ကောင်စီဖမ်းဆီး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် တရားမဝင် ရွှေတူးဖော်နေသည့် စက်ယန္တရားကြီးများနှင့် ရွှေလုပ်သား (ကျင်းသား) ၂၀ ဦး နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ မမုံကိုင်ကျေးရွာ အနောက်ဘက်ခြမ်းရှိ ရွှေလုပ်ကွက်များကို စစ်ကောင်စီတပ်မှ စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု မိုင်းနောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ”မိုင်းနောင် တောမှာရွှေလုပ်နေတဲ့ဟာတွေ ဖမ်းခံရတာ စစ်ကြောင်းက အင်အား…
Read More » -
6 Januaryသတင်း
PDF နှင့် CDM များ အလင်းဝင်ကြရန် စစ်ကောင်စီတပ်က လက်ကမ်းစာစောင် ဖြန်ဝေနေ
အင်းတော်မြို့နယ်တွင် စစ်ကောင်စီကို တော်လှန်နေသော PDF များ၊ CDM ဝန်ထမ်းများအနေဖြင့် အချိန်မှီအလင်းဝင်လာကြရန် ဖိတ်ခေါ်တဲ့ လက်ကမ်း စာစောင်တွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံ ဖြန့်ဝေနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့ အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေရဲ့ ဆိုင်ကယ် ကား၊ ခရီးသွားကားတွေကို ရပ်တန့်ပြီးတော့ အဆိုပါ လက်ကမ်း စာစောင်တွေကို စစ်ကောင်စီ တပ်သားတွေက ဖြန့်ဝေခဲ့တာဖြစ်တယ်လို့ အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ ”မနေ့တုန်းက…
Read More » -
3 Januaryသတင်း
စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ခဲ့သူ ပြည်သူ ၇ ဦးအနက်တစ်ဦး သေဆုံး၊ ၆ ဦး ဆေးကုသခံယူနေရဆဲ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာတွင် စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိမှန်ခဲ့သည့် ပြည်သူ ၇ ဦးအနက်အနက် ၁ ဦး သေဆုံးသွားပြီး ကျန် ၆ ဦးမှာ ဒဏ်ရာများဖြင့်ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ…
Read More » -
Dec- 2022 -23 Decemberသတင်း
စစ်ကောင်စီတပ် ဝင်စီးထားသည့် ကုမ္ပဏီဝန်းတွင် ညအချိန် လက်နက်များ ရမ်းသမ်း ပစ်ခတ်နေ
ဖားကန့်မြို့နယ် မှော်စီဆာ ကျေးရွာအနီးရှိ စစ်ကောင်စီတပ် ဝင်စီးထားသည့် ဆင်စိန် ကုမ္ပဏီဝန်းတွင် ညအချိန် လက်နက်ငယ် ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၇ ရက်နေ့က ‘ဆင်စိန်’ ကျောက်စိမ်း လုပ်ကွက်ကို အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ကုမ္ပဏီဝန်းအတွင်းရှိ…
Read More » -
2 Decemberတိုက်ပွဲ
ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား နိုဝင်ဘာလ ၂၄ ရက်နေ့မှ ယနေ့ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ထိုသို့ စစ်ကောင်စီဘက်က အထိနာခဲ့သောကြောင့် ဆူးပုတ်ချောင်ရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ အလယ်တောကျေးရွာ၊ အင်းတိန်ရွာ၊ လေသာရွာတို့မှ ခန့်မှန်း…
Read More » -
Nov- 2022 -23 Novemberစစ်ပြေးဒုက္ခသည်များ
ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ခုဖြင့် ဝင်ရောက်စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ခဲ့သဖြင့် ဒေသခံ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ စောင် နှင့် အဝတ်အထည်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ၁၈ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်တောင်ဘက်ခြမ်း နှင့် မြောက်ဘက်ခြမ်းကို…
Read More » -
15 Novemberသတင်း
ဖားကန့်မြို့တွင် စစ်ကောင်စီက သုံးရက်ဆက်တိုက် လမ်းသွား လမ်းလာပြည်သူများကို စစ်ဆေးရေး တင်းကြပ်
ဖားကန့်မြို့တွင် စစ်ကောင်စီ ရဲနှင့် စစ်သားများက မြို့တွင်း ၂ နေရာတွင် သုံးရက်ဆက်တိုက် လမ်းသွားလမ်းလာပြည်သူများကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။ မြို့အဝင် ပန်းတင်တံတား နှင့် ဖားကန့်မြို့မရဲစခန်းရှေ့ တို့တွင် စစ်ကောင်စီရဲနှင့်စစ်သား ပူးပေါင်းတပ်ဖွဲ့များက ပြည်သူများ၏ ကား၊…
Read More » -
8 Novemberလူ့အခွင့်အရေးချိုးဖောက်မှု
ကန့်ဘလူ ဆားတောင်ပြင်ဒေသခံ ၁၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးသတ်ပစ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်း ဆားတောင်ပြင်ဒေသတွင် စစ်ဘေးရှောင်နေသော အမျိုးသား ၁၄ ဦး ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့အထိုင် ခမရ ၃၆၃ စစ်ကောင်စီတပ်ဖွဲ့များသည် နိုဝင်ဘာလ ၃…
Read More » -
Oct- 2022 -18 Octoberသတင်း
မူဆယ် ၁၀၅ မိုင်တွင် စစ်ကောင်စီ တပ်ရင်းမှူး ၁ ဦး သေနတ်နှင့် ၇ ချက် အပစ်ခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်တွင် ယနေ့ မွန်းလွဲ ၃ နာရီခွဲ ဝန်းကျင်၌ စစ်ကောင်စီ ခမရ ၄၂၁ တပ်ရင်းမှူးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ၇ ချက်ခန့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ထိခိုက်ဒဏ်ရာ ပြင်းထန်ပြီး သေဆုံးနိုင်သော အခြေအနေရှိသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက…
Read More »









