,

Breaking News :

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

စစ်ကောင်စီတပ် ဝင်စီးထားသည့် ကုမ္ပဏီဝန်းတွင် ညအချိန် လက်နက်များ ရမ်းသမ်း ပစ်ခတ်နေ

စစ်ကောင်စီအဖွဲ့ ဝင်စီးထားသည့် ကုမ္ပဏီဝင်း

ဖားကန့်မြို့နယ် မှော်စီဆာ ကျေးရွာအနီးရှိ စစ်ကောင်စီတပ် ဝင်စီးထားသည့် ဆင်စိန် ကုမ္ပဏီဝန်းတွင် ညအချိန် လက်နက်ငယ် ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၇ ရက်နေ့က ‘ဆင်စိန်’ ကျောက်စိမ်း လုပ်ကွက်ကို အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ကုမ္ပဏီဝန်းအတွင်းရှိ ကိုယ်စားလှယ်များ၊ ကျောက်တူးသမားများနှင့် စားဖိုမများစုစုပေါင်း ၄၀ ကျော်ကို ယနေ့ထိ ဖမ်းဆီးထား၍ အခိုင်အမာတပ်ချ နေထိုင်နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

အဲ့ကုမ္ပဏီဝန်းထဲမှာပဲ နေနေကြတုန်း အထဲမှာ ဖမ်းထားတဲ့လူတွေကို ကတုတ်ကျင်း တူးခိုင်းတယ်။ သဲအိတ်တွေသယ်ခိုင်းတယ်။ အဲ့မှာ အကာအရံတွေ ကတုတ်ကျင်းတွေလုပ်ပြီး နေနေကြတယ်ဗျ အထဲကပြည်သူတွေကို ကာဗာလုပ်ပြီးနေ နေတဲ့သဘော မနေ့ညကလည်း သေနတ်တွေ ပစ်ဖောက်နေ ပြည်သူကို ကြောက်လန့်အောင်ဟု ပြောသည်။

ယင်းကုမ္ပဏီဝန်းအတွင်းရှိ စစ်သားများက ယမန်နေ့ည ၈ နာရီခန့်အချိန်တွင် လက်နက်ငယ် ၁၀ ချက်မနည်း ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်းလည်း သိရသည်။

ဆင်စိန်ကုမ္ပဏီသည် မှော်စီဆာ ကျေးရွာနှင့် ကိုက် ၁၀၀၀ ခန့်သာကွာဝေးပြီး မည်သည့်ကိစ္စကြောင့် ဝင်စီးခံထားရသည်ကို အသေး စိတ်မသိရှိရသေးပေ။

စစ်ကောင်စီတပ်များသည် ယခုနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း ၎င်းတို့ မင်္သကာသည့် ကျောက်စိမ်းလုပ်ကွက်များအတွင်းသို့ ဝင်ရောက်စီးနင်းခြင်း၊ လုပ်ကွက်များအတွင်း တပ်စွဲခြင်း တို့ကို ပိုမိုပြုလုပ်လာနေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ကရင်ချောင်ကျေးရွာဘက်ရှိ ကျောက်စိမ်းလုပ်ကွက်များတွင် ဝင်ရောက်စီးနင်းကာ  အလုပ်သမား ၃၀ ဦးကို ဖမ်းဆီးသွားသည်။

Read Previous

အင်းတော်ကြီးဒေသ ရွှေတူးဖော်မှုကြောင့် ရေလမ်းကြောင်းပျက်စီးပြီး ဒေသခံများ ရွှေ့ပြောင်းနေထိုင်ရ

Read Next

ဒီပဲယင်း ပျံကျကျေးရွာ ဒုတိယအကြိမ် မီးရှို့ခံရသည့်အပြင် စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦးလည်း ဒဏ်ရာပြင်းထန်