စစ်မှုထမ်း

  • Apr- 2024 -
    15 April
    သတင်း

    စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် နန်းယွန်းမြို့နယ်မှာ ရာထူးကနေနုတ်ထွက်တဲ့အုပ်ချုပ်ရေးမှူးများလာ

    ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်တပ်က စစ်မှုထမ်းဥပေဒထုတ်ပြန်လိုက်တဲ့နောက် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ထဲမှာ ရာထူးကနေနုတ်ထွက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးစာရေးတွေများလာတယ်လို့ နန်းယွန်းဒေသခံတွေကနေ သိရပါတယ်။ နန်းယွန်းမြို့ပေါ်  ရပ်ကွက် ၄ ခုက အုပ်ချုပ်ရေးမှူးတွေနဲ့မြို့နဲ့နီးတဲ့ကျေးရွာတွေထဲက အုပ်ချုပ်ရေးမှူးတွေအပါအဝင် ရပ်ကျေးစာရေးအများပိုင်း ကျန်းမာရေးအကြောင်းပြပြီးနုတ်ထွက်စာတင်ပြီး ရာထူးကနေနုတ်ထွက်သွားကြတယ်လို့နန်းယွန်းမြို့နယ်ထွေအုပ်ရုံးနဲ့နီးစပ်တဲ့အမျိူးသားတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့နုတ်ထွက်တာမကြာသေးဘူး အခုစစ်မှုထမ်းဥဒေထုတ်ပြန်ပြီးနောက်ပဲ နုတ်ထွက်သွားကြတာ။ ဒီမြို့ပေါ်လေးရပ်ကွက်ထဲက အုပ်ချုပ်ရေးမှူးတွေရယ် ကြိုင်ရိုင်ရွာထဲအုပ်ကြီးရယ် ပြီးတော့ကျေးရွာလည်းပါတယ်အများပိုင်းတော့ကျန်းမာရေးအကြောင်းပြပြီးနုတ်ထွက်စာတင်သွားကြတယ်”လို့ ပြောပါတယ်။ လက်ရှိနုတ်ထွက်သွားကြတဲ့သူတွေဟာ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြို့မရပ်ကွက်၊ယူးဝ…

    Read More »
  • Mar- 2024 -
    22 March
    သတင်း

    ဒု – ဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ သတိပေးချက်အပေါ် လူငယ်တွေရဲ့ အမြင်

    “လူ့ဘဝမှာ ရွေးချယ်မှုမှားရင် ဆုံးရှုံးနစ်နာမှုများစွာနဲ့ဘဝမှားသလို ရွေးချယ်မှုကောင်းရင် ဘဝကောင်းမယ်”ဆိုတာ လောကရဲ့ နိယာမတရားဘဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေဟာ နည်းမျိုးစုံနဲ့ဒုက္ခပင်လယ်ဝေနေတဲ့အပြင် စစ်တပ်ကပေးနေတဲ့ သောကအပူမီးဟာ ပြည်သူတွေအဖို့ တစ်ရက်ထက်တစ်ရက် ပိုပြီးတောက်လောင် ခံစားနေကြရတာလည်းဖြစ်ပါတယ်။…

    Read More »
  • 19 March
    သတင်း

    ကချင်ပြည်နယ်ရဲ့ မြို့နယ်တစ်ချို့မှာ စစ်မှုထမ်းဖို့စာရင်းစတင်ကောက်ယူနေ

    ကချင်ပြည်နယ်ထဲက  မြို့နယ်တစ်ချို့မှာ စစ်တပ်က စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်စာတွေပို့ပြီး စာရင်းတွေစကောက်နေပြီလို့ ကချင်ပြည်နယ်မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ တတ်ိယအပတ်ကစပြီး ကချင်ပြည်နယ်တွင်းက မြစ်ကြီးနားမြို့၊ဗန်းမော်မြို့၊ မိုးညှင်းမြို့နယ်အပါအဝင် မြို့နယ်တစ်ချို့မှာ စစ်တပ်ကအုပ်ချုပ်ရေးမှူးတစ်ဆင့် စစ်မှုထမ်းဖို့ ဆင့်ခေါ်စာပေးပို့ပြီး စာရင်းစကောက်ယူနေတဲ့အပြင် ဗန်းမော်မြို့မှာဆို စာရင်းကောက်ယူမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး အစည်းဝေးပြုလုပ်ခဲ့တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “ဗန်းမော်ခရိုင်မှာကတော့ အုပ်စုက ၅၈ အုပ်စုရှိတယ် အဲထဲမှာရပ်ကွက်ကျေးရွာတွေပါတယ် ဒီအုပ်စုအားလုံးထဲက ပထမအကြိမ် အသက် ၃၀ –၃၅ ကြားတွေကို စာရင်းအရင်ကောက်ပြီး နောက်ဒုတိယအကြိမ် ၃၀ အောက်တွေကို ပြန်ကောက်မှာဖြစ်ပြီး တစ်ရပ်ကွက်ကို အနည်းဆုံး ၂၀ ယောက်စုဆောင်းသွားမယ်လို့ သိရတယ်”လို့ပြောပါတယ်။ ဗန်းမော်ခရိုင်ထဲက မြို့နယ် ၄ ခုလုံးမှာရှိတဲ့ ရပ်ကျေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက်၊ ကျေးရွာနေပြည်သူတွေကို မတ်လ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းလာပေးဖို့ စာနဲ့တကွထုတ်ပြန်ပြောကြားထားတယ်လို့ ဒေသခံတွေက ဆက်ပြောပါတယ်။ အလားတူ မိုးညှင်းမြို့နယ် အင်တော်ကြီးဒေသ နန့်မွန်းကျေးရွာမှာလည်း မတ်လ ၁၈ရက်နေ့ကစပြီး စစ်မှုထမ်းဖို့နာမည်စာရင်းတွေစတင်ကောက်ယူနေတဲ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့  အမည်စာရင်းလာမပေးတဲ့သူတွေကို ခြိမ်းခြောက်တာတွေကိုပါလုပ်နေတယ်လို့ ဒေသခံတစ်ဦးကခုလိုပြောပါတယ်။ “သူတို့ကတော့ တစ်ရပ်ကွက်ကို ၂ယောက်နှုန်းနဲ့ခေါ်ဖို့လုပ်နေကြတယ် အဲကအုပ်ချုပ်ရေးမူးတို့ ရာအိမ်မှူးတို့ကတော့ ဖုန်းဆက်ပြီးခေါ်တယ် မှတ်ပုံတင်ကတ်ရောယူခဲ့ခိုင်းတယ် မလာရင်တော့ တစ်ခုခုဖြစ်ရင်တာဝန်မယူဘူးဆိုပြီး ခြိမ်းခြောက်တယ်” ဆိုပါတယ်။ နန့်မွန်းကျေးရွာကတော့ အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပြီး လူငယ်အရေအတွက်ကတော့ နှစ်ထောင်ဝန်းကျင်ရှိတယ်တဲ့ ကျေးရွာကြီး တစ်ခုဖြစ်ပါတယ်။ အခုလို  အင်းတော်ကြီးဒေသမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေပြီးတော့ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဉပဒေကို အသက်ဝင်လာအောင်ကူညီပေးနေမှုအပေါ် အင်းတော်ကြီးက Indawgyi People Defence Force – IDG…

    Read More »
  • 15 March
    သတင်း

    စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် အွန်လိုင်းကနေ လေယာဉ်လက်မှတ်လိမ်လည်ရောင်းချသူများလာ

    စစ်မှုထမ်းဥပဒေထုတ်ပြန်ကြေငြာလိုက်တဲ့နောက် လေယာဉ်လက်မှတ်တွေကို အွန်လိုင်းကတစ်ဆင့်လိမ်လည်ရောင်းချသူတွေ သိသိသာသာများလာနေတယ်လို့ မြစ်ကြီးနားမြို့တွင်းမှာရှိတဲ့ လေယာဉ်လက်မှတ်အရောင်းဌာနတွေဆီက သိရပါတယ်။ “အခုဒီ နောက်ပိုင်းဆို မြစ်ကြီးနားမှာတွေရောဘဲ အလိမ်ခံရတဲ့သူတွေအရမ်းရှိနေပြီ၊ လေယာဉ်လက်မှတ် လိမ်ရောင်းတာတွေပေါ့။  အခုလို လေယာဉ်လက်မှတ်ဝယ်ရခက်နေတဲ့ချိန်၊ လိမ်ရောင်းတဲ့သူတွေ အရမ်းကိုများလာတယ်၊ အွန်လိုင်းကနေ ဝယ်တဲ့သူတွေများတော့လေ”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အသက် ၁၈ ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ အမိန့်ကို ထုတ်ပြန်ကြေညာလိုက်ချိန်ကစပြီး စစ်ကောင်စီတပ်တွေဟာ ကားလမ်းပိုင်းနဲ့ခရီးသွားသူတွေကိုစစ်ဆေးတင်းကြပ်လာတာကြောင့် လေကြောင်းကို အဓိကပြုလာကြတာဖြစ်ပါတယ်။ ခုလို ပြည်သူတွေအနေနဲ့ ပြည်တွင်းပြည်ပ ခရီးသွားဖို့လေကြောင်းလိုင်းကိုသာ အသုံးပြုတာများလာနေချိန် တစ်ဖက်မှာလည်း လက်မှတ်အရောင်း လိမ်လည်သူတွေလည်း  ပိုပြီး သိသိသာသာလာနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အွန်လိုင်းလိမ်လည်သူတွေဟာ လေယာဉ်လက်မှတ်အရောင်းဌာန၊ ခရီးသွားလုပ်ငန်းတွေရဲ့ နေရပ်လိပ်စာ အသုံးပြုလုပ်ကိုင်နေတဲ့အတွက် အလိမ်ခံခဲ့ရသူတွေ လာပြောတာတွေကိုလည်း မကြာခန ကြုံနေရတယ်လို့ သူကဆက်ပြောပါတယ်။ “သူတို့က လိပ်စာတွေကိုကျတော့ အပြင်မှာတကယ်ရှိတဲ့ အရောင်းဌာနတွေရဲ့ ဟာတွေနဲ့ လုပ်စားနေကြတာလေ၊ အဲ့တာကြောင့် လိမ်ခံရတဲ့သူတွေက အဲ့ဒီလိပ်စာအတိုင်းပြန်လိုက်လာပြီး လာပြောတာပေါ့၊ အဲ့လိုချိန်ဆိုသေချာပြန်ရှင်းပြရတာပေါ့၊ ကျွန်တော်တို့အဲ့လိုကြုံရတာ ၁၀ ခါမကတော့ဘူး၊ တစ်ခြားအရောင်းဌာနတွေဆိုရင်လည်း ဒီထက်များရင်များမှာ”လို့ပြောပါတယ်။ ပြည်သူတွေအနေနဲ့လည်း အလိမ်မခံရအောင် လေယာဉ်လက်မှတ်ရောင်းတဲ့နေရာမှာ လူကိုယ်တိုင်သွားရောက် ဝယ်ယူတာအကောင်းဆုံးဖြစ်ပြီး အွန်လိုင်းက ဝယ်ယူမယ်ဆိုရင်လည်း သေချာစစ်ဆေးမေးမြန်းပြီးမှ ဝယ်ယူသင့်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ စစ်ရေးအခြေအနေအမျိုးမျိုးကြောင့်မြစ်ကြီးနားလေဆိပ် လေယာဉ်အဝင်အထွက်ကို ပိတ်ထားလိုက်ပြီး မတ်လ ၁၀ ရက်နေ့မှာတော့ ပုံမှန်အတိုင်း ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ အလားတူ ဗန်းမော်မြို့လေဆိပ်ကိုလည်း တိုက်ပွဲအခြေအနေတွေကြောင့် ရက်အကန့်အသတ်မရှိပိတ်ထားရာကနေ မနေ့ကစပြီး လေဆိပ်ကို ပြန်လည်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။ လက်ရှိမြစ်ကြီးနားလေဆိပ်မှာ မြန်မာ့အမျိုးသားလေကြောင်းလိုင်း၊ MAI လေကြောင်းလိုင်း ကပုံမှန်ပြေးဆွဲနေတာဖြစ်ပြီး မန်းရတနာပုံလေကြောင်းလိုင်းကတော့တစ်ခါတလေမှပြေးဆွဲတယ်လို့ သိရပါတယ်။ By – Bu Bu

    Read More »
  • Feb- 2024 -
    13 February
    သတင်း

    စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ဝင်အောင်ကူညီပေးနေသူတွေကို ထိရောက်စွာအရေးယူမယ်လို့ NBPDFထုတ်ပြန်

    စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ဝင်အောင်လိုက်ပါကူညီနေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အုပ်ချုပ်ရေးမှုတို့ ရာအိမ်မှူးတို့ကို ထိရောက်စွာ အရေးယူမယ်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်ကာကွယ်ရေးအဖွဲ့ NBPDF က ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၀ရက်နေ့က အသက် ၁၈နှစ်ပြည့်တဲ့ အမျိုးသားအမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေထွက်ပေါ်လာပြီးနောက် မြစ်ကြီးနားမြို့မှာရှိတဲ့ တချို့ရပ်ကွက်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးအဖွဲ့တွေကစစ်ကောင်စီနဲ့အတူ တစ်အိမ်ဝင်တစ်အိမ်ထွက် သန်းခေါင် စာရင်းလိုက်ကောက်တဲ့ သတင်းထွက်ပေါ်နေပါတယ်။ တဆက်တည်းမှာပဲ  NBDF ဘက်ကလည်း စစ်မှုထမ်း ဥပဒေအသက်ဝင်အောင် ကူညီနေသူတွေကို ထိရောက်စွာအရေးယူသွားမယ့်အကြောင်း ထုတ်ပြန်ချက်ထုတ်လိုက်တဲ့ NBPDF တာဝန်ခံက ခုလိုပြောပါတယ်။ “ခုလို ထုတ်ရတာက ဧည့်စာရင်းလိုက်ကောက်တယ်ကြားတာပေါ့ အဓိက အုပ်ချုပ်ရေးမှူးတွေပေါ့ တစ်အိမ်ဝင်တစ်အိမ်ထွက် လူစာရင်းလိုက်ကောက် အိမ်ထောင်စုစာရင်းလိုက်ကြည့်တာ ကြားလို့ကတော့ ထိထိရောက်ရောက်အရေးယူမှာပေါ့ စမ်းကြည့်ပေါ့”လို့ သူကဆိုပါတယ်။ စစ်ကောင်စီဘက်က ခုလိုစစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်လိုက်တာဟာ စစ်ကောင်စီဘက်က ကြံရာမရ ဆုတ်ယုတ်လာပြီး လုပ်တာဖြစ်တယ်လို့ သူကခုလိုဆက်ပြောပါတယ်။ ဒါအပြင် ခုလိုစစ်ကောင်စီဘက်က ထုတ်ပြန်လိုက်တာကြောင့် တော်လှန်ရေးအဖွဲ့တွေမှာ လူအင်အားပိုမိုများပြားလာနိုင်တယ်လို့ သူကခုလို သုံးသပ်ပါတယ်။ “ကောင်းပါတယ် လူငယ်တွေအနေနဲ့ ဘယ်ဘက်သွားမလဲ ဘယ်ဘက်လျှောက်မှာလဲပေါ့ အရင်တုန်းကတော့ တော်လှန်ရေးအဖွဲ့က ပေါ်တာလိုက်ဆွဲနေရတာပေါ့ အခုက သူဟာသူရောက်လာကြတဲ့သူတွေလည်း ရှိနေပြီ”လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ဥပဒေထုတ်ပြန်ချက်ထဲမှာ အမျိုသားသာမက အသက်၁၈နှစ်ပြည့်ပြီးတဲ့ အမျိုးသမီးတွေလည်း စစ်မှုထမ်းရမယ်ဆိုတာကိုဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ မြစ်ကြီးနားက အမျိုးသမီးတစ်ဦးကတော့ ခုလိုပြောပါတယ်။ “စစ်ကောင်စီဘက်က အခုလို ဥပဒေကြေငြာလိုက်တာက တစ်ဖက်ကတော့ ကောင်းတယ်လို့ မြင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးမှာ မပါဝင်နိုင်တဲ့ လူငယ်တွေလည်း စစ်ကောင်စီကို မကြိုက်တော့ တော်လှန်ရေး အင်အားစုတွေဘက်ကို အင်အားပိုမိုများလာလိမ့်မယ်လို့ မြင်တယ်”လို့ သူမက ဆိုပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ…

    Read More »
  • Nov- 2023 -
    16 November
    အင်တာဗျူး

    လီဆူတိုင်းရင်းသားတွေ စစ်မှုမထမ်းမနေရထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအာတီယောဟန်ရဲ့ သဘောထားနဲ့အမြင် (အင်တာဗျူး)

    ကချင်ပြည်နယ်အတွင်းနေထိုင်တဲ့ လီဆူတိုင်းရင်းသားတွေအားလုံး တစ်အိမ်တစ်ယောက်နှုန်း ပြည်သူ့ စစ်လုပ်ဖို့ စာရင်းလာသွင်းရမှာဖြစ်ပြီး သတ်မှတ်ချိန်ထိစာရင်းသွင်းတာ မရှိရင် နေအိမ်အထိ လာရောက် စုဆောင်းသွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုလာ ၃၀ ရက်နေ့က ဦးရွှေမင်းခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်လက်အောက်ခံဖြစ်တဲ့ ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ဟာ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ဒီလ နိုဝင်ဘာလ ၉ ရက်ကနေ ၂၂ ရက်နေ့စာရင်းလာသွင်းကြဖို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီတပ်သားစုဆောင်းတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် ဝိုင်းမော်မြို့က နေစတင်ပြီးတော့ လီဆူ လူမျိုးတွေနေထိုင်တဲ့ ဒေသတစ်ခုပြီးတစ်ခုမှာ လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ KNG ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။…

    Read More »
Back to top button