ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံး- ကံပိုက်တည်လမ်းတွင် ရှိသည့် အင်ဝမ်းကောင့် (N Wan Kawng) စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှု လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။ အင်ဝမ်းကောင့် စစ်ရှောင်ပြည်သူများသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဆဒုံး - ကန်ပိုက်တီလမ်း အင်ဝမ်းကောင့် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲကြောင့် ဆဒုံး KBC ဘုရားကျောင်းဝင်းကို ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်သည်။ “တဲပဲ ဆောက်ပေးထားနိုင်တာ အစားအသောက်က ဟိုဘက်က တောင်းလိုက်၊ ဒီဘက်က တောင်းလိုက်နဲ့ မတောင်းနိုင်တဲ့အခါတော့ အသင်းတော်က တတ်နိုင်တာလေး
ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ကုန်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာ ၄ ခုမှ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ကူညီထောက်ပံ့ပေးရန် အရေးပေါ်လိုအပ်နေကြောင်းသိရသည်။ မိုးမောက်မြို့၏ အရှေ့ဘက်ခြမ်းရှိ လုံဂျာဘွမ်တောင်ကုန်းတွင် အောက်တိုဘာလ ၂၂ ရက်နေ့စတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး လုံဂျာ၊ ဝဝမ်၊ နောင်ပေါက်နှင့် ခါနန် စသည့် ကျေးရွာနေ ဒေသခံပြည်သူများက လက်နက်ကြီးများထိမှန်မည်ကို စိုးရိမ်သဖြင့်
ရွှေကူမြို့နယ် အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီဖြစ်သောကြောင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ကြပြီဟု သိရသည်။ အောက်တိုဘာ ၁၁ ရက်နေ့မှ စတင်ကာ စစ်အင်အား ၄၀၀ ကျော် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် နတ်လင်း၊ နောက်လတ်ကြီး၊ ခေါ်လေး၊ စီသာ ၊ သာစည်၊ စီးမော် ၊စီမူလေး ၊စီမူကြီး မံဝိန်း အစရှိသည့် ကျေးရွာများမှ ကျေးရွာနေပြည်သူ ၁၀၀၀ နီးပါးသည် ရွှေကူမြို့ပေါ်သို့ စစ်ရှောင်ခဲ့ကြခြင်း ဖြစ်သည်။ ''အခုတော့အားလုံးပြန်ကုန်ကြပြီ စီးမော်၊ စီသာ၊ နတ်လင်းအားလုံး ပြန်ကြပြီ ၂
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ဆယ်ဇင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာခက်ခဲလာ၍ အရေးပေါ်ကူညီမှုများ လိုအပ်နေဆဲ ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် သြဂုတ်လက စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် ဆယ်ဇင်းပြည်သူ ၂၀၀၀ ကျော်သည် နီးစပ်ရာ ကျေးရွာများရှိ ဘုန်းကြီးကျောင်း စာသင်ကျောင်းများခိုလှုံနေပြီး ထိုအနက် ဟောင်ပါးတွင်ရောက်နေသည့် စစ်ရှောင်ပြည်သူများသည် အစားအသောက် လိုအပ်နေဆဲဖြစ်သည်ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ ''အစားအသောက်ကတော့ ကြပ်တည်းလာပြီ။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် စစ်ရှောင်ပြည်သူ သောင်းချီ တိုးလာနေပြီး ငှက်ဖျားရောဂါ ဖြစ်ပွားလာနေသောကြောင့် ၎င်းတို့အတွက် ဆေးဝါးကူညီမှု အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ ကျေးရွာပေါင်း ၅၀ ကျော် ထွက်ပြေးတိမ်းရှောင်လာကြသည့် ပြည်သူများသည် တောတောင်များတွင် ရာသီဥတုဒဏ်ကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားသူ များပြားနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံ အမျိုးသမီးတစ်ဦး က KNG သို့ ပြောသည်။ “ကျွန်မတို့ ဒီဘက်မှာဆိုရင်တော့