ဆန်ခါ
-
Mar- 2025 -6 Marchသတင်း
ဖားကန့်ပြည်သူတွေ ဗုံးခိုကျင်း ပြင်ဆင်ထားဖို့ KIA ညွန်ကြား
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီး ပစ်ခတ်လာတဲ့အတွက် ကျေးရွာတွေမှာ ကတုတ်ကျင်း ပြင်ဆင်ထားဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ညွန်ကြားထားတယ်လို့ သိရပါတယ်။ ဇန်နဝါရီလကုန်ပိုင်းခန့် ကနေ ဖားကန့်မြို့အပါအဝင် ဆန်ခါ၊ ဖားပြင်၊ မမုံ၊ နန့်မှော်၊ ဂွေခါ စတဲ့ ကျေးရွာတွေမှာ တကုတ်ကျင်းတွေ တူးဖော်ထားကြဖို့ ကျေးရွာတာဝန်ခံတွေဆီကနေ တဆင့်ညွန်ကြားထားသလို…
Read More » -
Jan- 2025 -14 Januaryသတင်း
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဆန်ခါကျေးရွာမှာ လေယာဉ်ဗုံးတစ်လုံးမပေါက်ကွဲဘဲ ကျန်ရှိနေ
ဖားကန့်မြို့နယ် ဆန်ခါကျေးရွာမှာ စစ်ကောင်စီတပ် လာရောက်ဗုံးကြဲသွားတဲ့ လေယာဉ်ဗုံးတွေထဲကနေ တစ်လုံး ပေါက်ကွဲမှုမရှိသေးဘဲ ကျန်ရှိနေသေးတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ဆန်ခါကျေးရွာထဲက အရပ်သားပြည်သူတစ်ဦးရဲ့ နေအိမ်ဝင်းက အိမ်သာကျင်းဟောင်းတစ်ခုမှာ ပေါင် ၅၀၀ လောက်ရှိတဲ့ လေယာဉ်ဗုံးတစ်လုံး မြေမြှုပ်ကျန်ရစ်နေပြီး အဲဒီလေယာဉ်ဗုံးကြောင့် အနီးပတ်ပတ်လည်ရှိ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆန်ခါဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ညနေနဲ့ ဒီကနေ့ ကမနက်အထိတော့ တာဝန်ရှိတဲ့ KIA တွေလာကြည့်ကြတယ်။ မြေကြီးထဲမှာ အရမ်းကြီးနက်ဝင်နေတဲ့အတွက် ထုတ်လို့မရသေးဘူးလို့ပြောတယ်။ အဲဒီလေယာဉ်ဗုံးမှာ မီးလိုင်း ၃ ခုပါတယ်တဲ့။ အပေါ်ထပ်က မီးလိုင်းတစ်ခုကိုတော့ ဖြတ်ထားတယ်လို့ပြောတယ်။ ဒါပေမယ့် အရမ်းစိုးရိမ်ရသေးတယ်လို့ ပြောတယ်။ အခုချိန်အထိလည်း ထုတ်လို့မရသေးဘူး”လို့ပြောပါတယ်။ ပေါက်ကွဲမှုမရှိသေးတဲ့ဗုံးမှာ မြေအောက်ထဲကို စိုက်ဝင်နေပြီး ပန်ကာကပ်တဲ့ အပေါ်ပိုင်းအနည်းသာပေါ်နေတဲ့အတွက် အမြန်ဆုံးပယ်ရှားဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ လက်ရှိမှာ အဲဒီလေယာဉ်ဗုံးကြောင့် ရပ်ကွက်တစ်ခုလုံး နီးပါး တိမ်းရှောင်ထားကြတယ်လို့ သိရပါတယ်။ အဲဒီလေယာဉ်ဗုံးဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်တွေ မန္တလေးတံတာဦးကနေ ဖားကန့် ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာ နှစ်ခုမှာ ၆ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။ ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်နဲ့ လမ်းမကြီးပေါ်တွေမှာ ကျမှန်ပေါက်ကွဲခဲ့ပြီးတော့ အရပ်သားပြည်သူ ၉ ဦးခန့် သေဆုံးမှုရှိခဲ့ပြီး အဲဒီထဲမှာ တစ်ဦးက နှလုံးရောဂါကြောင့် နှလုံးရပ်သေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား ၉ ဦးသေဆုံးတဲ့အပြင် ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆက်သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ တစ်ရက်ခြားအတွင်းမှာပဲ ကချင်ပြည်နယ်ရဲ့ ကျောက်စိမ်းနဲ့ ရွှေမှော်ဒေသ နှစ်နေရာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၃ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဝန်းကျင်ခန့်ရှိပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
13 Januaryသတင်း
ဖားကန့် ဆန်ခါနဲ့ မဇွပ်ယန် လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သားသေဆုံးမှု များပြား
ဖားကန့်မြို့နယ် ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာ နှစ်ခုကြားကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားသေဆုံးမှု အများအပြားရှိနေတယ်လို့ ကနဦး သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင် မန္တလေး တံတားဦးကနေ တက်လာတဲ့ ဂျက်လေယာဥ်တစ်စီးမှာ ဆန်ခါနဲ့ မဇွပ်ကျေးရွာ နှစ်ခုကြားရှိ…
Read More » -
Jul- 2024 -10 Julyဆောင်းပါး
နှစ်ပေါင်း ၄၀ အကြာမှာ တဖန်စံချိန်တင် ရေဘေးသင့်ခဲ့တဲ့ ကျောက်စိမ်းမြေ
“အစတော့ ခါတိုင်းလိုဘဲပေါင်လယ်လောက်ဆိုရင် ကျသွားမှာဘဲဆိုပြီး ပစ္စည်းတွေကို အပေါ်ထပ်တင်ကြတယ်။ ဒါပေမယ့် ရေကမကျဘဲ ဆက်တက်လာတော့ ပြောင်းချိန်မရလိုက်ကြဘူး အချင်းချင်းအော်တော့ အော်နေကြတာဘဲ ပြင်ဆင်ချိန်က မရလိုက်ကြတော့ ဆုံးရှုံးမှုကတော်တော်ကြီးကြတယ်” လို့ ဖားကန့်မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။
Read More » -
8 Julyသတင်း
ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေလောင်ကန် ၂ ခုပေါက်လုနီးပါးဖြစ်နေပြီး လုံးခင်းကျေးရွာတစ်ခုလုံးစိုးရိမ်ရတဲ့ အခြေအနေရှိနေ
“မဇွပ်ယန်နဲ့ ကုဋေမှော်ကြားက ရေလောင်ကန်ပေါက်ထွက်လာမှာစိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ တစ်ရက်နေ့မှာက ဘက်ဟိုးတွေနဲ့ ရေယိုစိမ့်လာတဲ့ နေရာတွေကို ဖာထည်နေကြတယ်။ နေ့တိုင်းလိုလို ဒီလိုသာ မိုးရွာနေရင် ရေက မြင့်တက်လေလေဘဲ။ ဒါကြောင့် အားလုံးက အခုအရမ်းစိုးရိမ်နေကြတယ်။ ပြီးရင် ဆန်ခါမှာရှိတဲ့ တောက်ပကြယ် လုပ်ကွက်ဟောင်းနေရာမှာလည်း ဒီရက်ပိုင်းရေတအားကြီးလို့ ဥရုချောင်းကရေတွေ ဝင်လို့ အဲ့ဒီရေကန်လည်း ပြည့်လျှံနေတာ။ အဲဒီဘက်မှာလည်း ပြည်သူတွေက စိုးရိမ်နေကြတယ်”လို့ပြောပါတယ်။
Read More » -
Oct- 2023 -23 Octoberသတင်း
ရေမဆေးကျောက်ရှာဖွေသူတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအပိုင်မှာရှိတဲ့ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ကျင်းဟောင်းကမ်းပါးပြိုကျရာမှ ပျောက်ဆုံးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးရဲ့ ရုပ်အလောင်းပြန်လည်ဆယ်ယူရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီရုပ်အလောင်းကို အောက်တိုဘာလ ၂၂ ရက်နေ့မ နေ့က ဆယ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ ရှာ ဖွေကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။ “အခုက တစ်ယောက်ရဲ့…
Read More » -
Apr- 2023 -29 Aprilစစ်ပြေးဒုက္ခသည်များ
ဖားကန့်တွင် စစ်တပ်က အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုကြောင့် ကျေးရွာ ၃ခုမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရဆဲ
ဖားကန့်မြို့နယ်အတွင်းရှိသော မှော်ဘုံ၊ ဆန်ခါနှင့် မဇွပ်ယန် ကျေးရွာနေပြည်သူများသည် ယခုရက်ပိုင်း စစ်ကောင်စီတပ်၏ အစုအလိုက်အပြုံလိုက် ဖမ်းဆီးခံရပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံရမှုများ ကြုံတွေ့နေရသည့်အတွက် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်းနေကြရသည်ဟု ဒေသခံများထံမှသိရသည်။ ဧပြီ ၂၁ ရက်နေ့ စစ်ကောင်စီတပ် မှော်ဘုံကျေးရွာမှ…
Read More » -
22 Aprilတိုက်ပွဲ
စစ်တပ်ဖမ်းဆီးသွားသော Maden Yang ကျေးရွာသားများကို ပြန်မလွတ်သေးဘဲ နောက်ထပ်ကျေးရွာများသို့ စစ်ကြောင်းထိုးနေ
ဖားကန့်မြို့နယ် မှော်ဘုံကျေးရွာတွင် စစ်ကောင်စီဖမ်းဆီးသွားသည့် အရပ်သားများ လွတ်မြောက်လာခြင်းမရှိသေးသည့်အပြင် စစ်ကောင်စီတပ်သည် မှော်ရှန်၊ ကံဆီးနှင့် ဆန်ခါဘက်သို့ ဆက်လက်ပြီး စစ်ကြောင်းထိုးနေသည်ဟု သိရသည်။ ဧပြီလ ၂၁ ရက်နေ့ မနက် ၄ နာရီအချိန်တွင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် Maden Yang (မှော်ဘုံ) ကျေးရွာကို ဝင်ရောင်စီးနင်းခဲ့ပြီး…
Read More » -
Dec- 2022 -30 Decemberလူ့အခွင့်အရေးချိုးဖောက်မှု
စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီး ခရစ်ယာန်ဘုရားကျောင်းတွင် ကျရောက်ပြီး ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းတွင် စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ယနေ့ မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်တွင် မဇွပ်ယန်အကျဉ်းထောင်မှ စစ်ကောင်စီတပ်များ ပစ်ခတ်သော…
Read More »