ဆားမှော်

  • Nov- 2025 -
    26 November
    သတင်း

    စစ်တပ်ရဲ့  ဒရုန်းဗုံးကြောင့် ဆားမှော်ဒေသခံတစ်ချို့စပါးရိတ်သိမ်းဖို့အခက်တွေ့နေ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ ဒေသခံတောင်သူတစ်ချို့စပါးစိုက်ပျိုးထားတဲ့ တောင်ခြေဘက်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲနေတာကြောင့် စပါးရိတ်သိမ်းဖို့အတွက် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆားမှော်ကျေးရွာရဲ့ အရှေ့ဘက် ၃ မိုင်ခန့်ကွာဝေးတဲ့  လွယ်ပွတ်(Loi Put)၊ ဆွတ်ညဥ်( Sut Nyen)၊ လွယ်တောင်မ်( Loi Tawm) စတဲ့ တောင်ခြေတွေမှာ စစ်တပ်က နိုဝင်ဘာလ ဒုတိအပတ်ကစပြီး ဒရုန်းဗုံးကြဲတာတွေလုပ်နေတယ်လို့ သိရပါတယ်။ “စပါးရိတ်သွားမယ်သူတွေလည်း အဲဖက်မသွားရဲတော့ဘူး စပါးရိတ်ဖို့အတွက် လူခေါ်ရင်တောင် မသွားရဲကြတော့ဘူး။ စပါးရိတ်စက်နဲ့လူတွေလည်း မသွားရဲဘူး ဖြစ်နေကြပြီး လယ်လုပ်တဲ့သူတွေ အရမ်းကို ခက်နေတယ်”လို့ ဆားမှော်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ စစ်တပ်ဒရုန်းဗုံးကြဲနေတဲ့ အဲဒီတောင်ခြေဘက် ဆားမှော်ဒေသခံပြည်သူအိမ်ခြေ ၃၀ ဝန်းကျင်ရဲ့စပါးစိုက်ပျိုးထားတယ်လို့ သိရပြီး အိမ်ခြေတစ်အိမ်ကို  စပါး ၁၀ ဧကခန့်ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဆားမှော်ဒေသခံတွေဟာ…

    Read More »
  • 15 November
    သတင်း

    ဆားမှော်ရွာ လယ်တောတစ်နေရာမှာ အမျိုးသား၂ ဦးသေဆုံးနေ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာရဲ့ လယ်တော တစ်နေရာမှာ အမျိုးသား၂ ဦး သေဆုံးလျက်‌တွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၁၅ ရက်‌ ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင် ဦးအင်ခွမ်လရဲ့မြေးဖြစ်သူကျောင်းပိတ်တဲ့အတွက် လယ်တောမှာနေတဲ့ အဖိုးဆီအလည်သွားချိန်…

    Read More »
  • May- 2025 -
    2 May
    သတင်း

    ဆားမှော်ဒေသခံတွေရဲ့ တောင်ယာသွားလမ်း ယာယီပြန်ဖွင့်ပေး

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ နှစ်လနီးပါးပိတ်ခံထားရတဲ့ ဒေသခံတွေရဲ့တောင်ယာသွားလမ်း ယာယီပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။ အဲဒီလမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်ကစပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ပိတ်ထားရာ ကနေ ဧပြီလ ၂၅ ရက်နေ့မှာ ယာယီဖွင့်ပေးလိုက်တာလို့ ဒေသခံတွေဆိုပါတယ်။…

    Read More »
  • Apr- 2025 -
    22 April
    သတင်း

    ဆားမှော်ရွာ ပြည်သူတွေရဲ့တောင်ယာသွားလမ်း တစ်လနီးပါးကြာမြင့်လာတဲ့ထိ ပိတ်ခံထားရဆဲ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ ဒေသခံပြည်သူတွေရဲ့တောင်ယာသွားလမ်း စစ်‌ကောင်စီတပ်ကပိတ်ထားတာ တစ်လကျော်ကြာမြင့်လာတဲ့အတွက် ဒေသခံတွေအခက်တွေ့နေတယ်လို့ ဆိုပါတယ်။ ဆားမှော်ကျေးရွာ ဒေသခံတွေဟာ ကချင်အခေါ် နင်ခရွတ်(Nhkrut Pa)၊ အင်ဖရင်း( Nhpring Pa)၊ ကျန်ခန်( Chyanghka Pa)၊ ဘန်စိုင်း(…

    Read More »
  • Mar- 2025 -
    17 March
    သတင်း

    ဆားမှော်ရွာအနီး စစ်ရေးတင်းမာနေတာကြောင့် တောင်သူများစိုက်ပျိုးရေးလုပ်ကိုင်ဖို့အခက်တွေ့

    ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော်‌ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးတင်းမာမှုရှိနေတာကြောင့် ဆားမှော်ဒေသခံတောင်သူများ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ အခက်တွေ့နေကြတယ်လို့ ဒေသခံတွေပြောပါတယ်။ ဆားမှော်ကျေးရွာက ဒေသခံပြည်သူတွေဟာ များသောအားဖြင့် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြသူတွေဖြစ်ပြီး ဆားမှော်ကျေးရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ ကချင်အခေါ်  နင်ခရွတ်(Nhkrut Pa)၊ အင်ဖရင်း( Nhpring Pa)၊ ကျန်ခ( Chyanghka Pa)၊ ဘန်စိုင်း( Ban Sai)၊…

    Read More »
  • Apr- 2024 -
    1 April
    သတင်း

    ဆားမှော်ရွာ အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရပြီးနောက် စစ်တပ်နဲ့ပျူအဖွဲ့များ အရပ်သားတွေကို လိုက်လံဖမ်းဆီးနေ

    မိုး‌ကောင်းမြို့နယ် ဆားမှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖမ်း‌ဆီးခံရပြီးနောက် စစ်တပ်နဲ့ပျူအဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို လိုက်လံဖမ်းဆီးနေပြီး ၆  ဦးထက်မနည်းဖမ်းဆီးခံသွားရပြီဖြစ်တယ်လို့ ဆားမှော်ဒေသခံတွေက ပြောပါတယ်။ မတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ဟာ မြို့မရပ်ကွက်…

    Read More »
  • Jan- 2024 -
    31 January
    သတင်း

    ဆားမှော်စစ်ရှောင်ပြည်သူများ မြေနေရာအသစ်မှာ ရွှေ့ပြောင်းနေထိုင်

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာက စစ်ရှောင်တွေဟာ စစ်ရေးအခြေအနေ၊ အခက်အခဲတွေကြုံလာတဲ့အတွက် ရပ်ရွာဒေသခံတွေ၊ အသင်းတော်လူကြီးတွေ ဝိုင်းဝန်းပူပေါင်းပြီး စစ်ရှောင်တွေအတွက် သတ်မှတ်ထားတဲ့ နေရာမှာကိုယ်ထူကိုယ်ထစနစ်နဲ့ နေထိုင်ဖို့စီစဉ်ခဲ့ကြတာဖြစ်တယ်လို့ ရပ်ရွာတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

    Read More »
  • Nov- 2023 -
    11 November
    သတင်း

    ဆားမှော်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ယောက်သေဆုံးပြီး နေအိမ် ၄ အိမ်ပျက်စီး

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆာမှော်ကျေးရွာမှာ စစ်ကောင်စီတပ် ခလရ ၁၀၅ တပ်ရင်း ဒရုန်းနဲ့ ပစ်ခတ်ခံမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က တန်ပြန်ပစ်ခတ်မှုတွေကြောင့် နေအိမ်တစ်ချို့ နဲ့ ဒေသခံပြည်သူ တစ်ယောက်သေဆုံးပြီး နောက်ထပ် ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁၁…

    Read More »
Back to top button