သတင်း

ဆားမှော်စစ်ရှောင်ပြည်သူများ မြေနေရာအသစ်မှာ ရွှေ့ပြောင်းနေထိုင်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာက စစ်ရှောင်တွေဟာ စစ်ရေးအခြေအနေ၊ အခက်အခဲတွေကြုံလာတဲ့အတွက် ရပ်ရွာဒေသခံတွေ၊ အသင်းတော်လူကြီးတွေ ဝိုင်းဝန်းပူပေါင်းပြီး စစ်ရှောင်တွေအတွက် သတ်မှတ်ထားတဲ့ နေရာမှာကိုယ်ထူကိုယ်ထစနစ်နဲ့ နေထိုင်ဖို့စီစဉ်ခဲ့ကြတာဖြစ်တယ်လို့ ရပ်ရွာတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

သူတို့တွေလည်း အရင်နေရာကို ပြန်ဖို့ဆိုတာလည်း မဖြစ်နိုင်သေးဘူး၊ စစ်ရှောင်စခန်းမှာနေထိုင်တာလည်း အရမ်းကြာလာတော့ အခက်အခဲတွေ ရှိလာတာကြောင့် အကုန်လုံးရဲ့ သဘောတူညီမှုနဲ့ အခုလိုနေရာတွေ စီစဉ်ပေးခဲ့တာပေါ့

ဆောက်လုပ်ပြီးစီးထားတဲ့ အိမ်ယာဟာ ဆားမှော်ကျေးရွာ ဆေးရုံကြီးဘေးမှာတည်ရှိတာဖြစ်ပြီး စစ်ရှောင်တွေအနေနဲ့ အခုတစ်ပတ်အတွင်းကနေစပြီး ပြောင်းရွေ့နေထိုင်ကြပြီဖြစ်တယ်လို့ ဆိုပါတယ်။

 ဒါပေမယ့် ကိုယ်ထူကိုယ်ထ ဝိုင်းဝန်းလုပ်ဆောင်ထားတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေ၊ အကူအညီတွေ လိုအပ်နေသေးတယ်လို့ သူကဆက်ပြောပါတယ်။

အခုက အိမ်နဲ့ ရေတွင်းဘဲ ပြီးသေးတာ ကျန်တဲ့ မီးဖိုချောင်၊ အိမ်သာ၊ မီးတွေ အများကြီးလိုနေသေးတယ်၊ မီးကတော့ အရေးကြီးဆုံးပေါ့ အဲ့ဘက်မှာက အခုမီးလည်းမရဆိုတော့လို့ ပြောပါတယ်။

စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအတွက် ကမ္ဘာ့စားနပ်ရိက္ခာ World Food ကနေ   ထောက်ပံ့ပေးအုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေး လုံခြုံမှုမရှိတာတွေကြောင့် နေရပ်မပြန်နိုင်သေးပေမဲ့ အခုလို ကိုယ့်အိမ်ကိုယ့်ယာနဲ့ နေထိုင်ရတာဟာ စိတ်လုံခြုံ ပျော်ရွှင်ရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ယောက်က အခုလိုပြောပါတယ်။

နေရပ်ကို ပြန်ချင်တာပေါ့၊ ဒါပေမဲ့ လုံးဝပြန်လို့မရတဲ့အခြေအနေဖြစ်နေတယ်၊ ဒါပေမဲ့ အခုလို ဆားမှော်ကျေးရွာအတွင်းနေထိုင်လို့ရတယ်၊ အသင်းတော်တွေနဲ့လည်း နေရတယ်ဆိုတော့ ဟိုမှာထက်စာရင် ဒီမှာက အများကြီး လုံလုံခြုံခြုံနေရတယ်၊ စိတ်ပျော်ရတယ်

လက်ရှိ အိမ်ယာမှာ အိမ်ထောင်စု ၁၇ စုနဲ့ လူဦးရေ ၁၀၀ ကျော်နေထိုင်ပြီး ၂၀၁၄ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် နဲ့ စစ်ကောင်စီတို့ကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် ၂၀၁၅ ခုနှစ်မှာ ဆားမှော်ကျေးရွာအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့သူတွေဖြစ်ပါတယ်။

အဲ့ဒီစစ်ရှောင်တွေဟာ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ အရှေ့ဘက်မှာရှိတဲ့ ဆွတ်လဲန်ယာန်နဲ့ ဂေါ့နန်ကျေးရွာက ဒေသခံပြည်သူတွေ ဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button