တိမ်းရှောင်မှု

  • Feb- 2024 -
    28 February
    သတင်း

    ဟိုပင်မှာ တိုက်ပွဲဖြစ်နေပြီး အရပ်သားတချို့တိမ်းရှောင်နေရ

    မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းရွာအနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေရှိတယ်လို့ Hopin PDF ဆီကသိရပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာပဲ အပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်နေတာဖြစ်ပြီးတော့ လက်ရှိသတင်းရေးသားနေတဲ့အချိန်ထိတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဟိုပင်…

    Read More »
  • 23 February
    သတင်း

    မံစီနယ်က ကျေးရွာ ၈ ရွာ စစ်ဘေးရှောင်နေရ

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်မှာ စစ်တပ်ရဲ့လေကြောင်းရန်ကို စိုးရိမ်ရတဲ့အတွက် ရွာပေါင်း ၈ ကပြည်သူတွေ  စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မံစီနယ်ထဲက စီးခမ်းကြီစခန်းကို လက်လွတ်လိုက်ရတဲ့နောက် ၊ မက်လင်၊ လော်ခိုင်ရွာ၊ ခါချဥ်ရွာစတဲ့ကျေးရွာတွေကို လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် မနေ့ကထိ ရွာပတ်ပတ်လည် လေယာဥ်တွေပျံဝဲနေတာကြောင့် လက်ရှိ ကျေးရွာ ၈  ရွာအထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စီးခမ်းကြီး ဒေသခံအမျိုးသား တစ်ဦးက KNG ကိုပြောပါတယ်။ “ဒီဘက်ကဆိုရင်လော်ခိုင်ရွာအထိလာကျဲတယ် သူတို့ ဒီဘက်ကဆိုရင်လည်း မက်လင်ရွာအထိလာကျဲတယ် မက်လင်ထဲက စာသင်ကျေးရွာကျဲတယ် ဘုန်းကြီးကျောင်းထိတယ် အိမ်တွေထိတယ်အိမ်တွေကကျတော့ ကျွန်တော့်သူငယ်ချင်းဆိုရင် အိမ်ပြိုကျပြီးစုတ်ပြတ်သတ်သွားတယ် ဘေးနားရွာတွေကတော့အကုန်တိမ်းနေရတယ်လောလောဆယ် လေယာဥ်ကမကြာမကြာလာလာဝဲနေတယ်လေ”လို့သူကပြောပါတယ်။ လော်ခိုင်နဲ့ မက်လင် ကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဗုံးကျဲခဲ့တာဖြစ်ပြီး စီးခမ်းကျေးရွာကိုတော့ စီးကြီးဗျူဟာကုန်းသိမ်းခံရတဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာဗုံးကျဲခဲ့တာကြောင့် လူနေအိမ်အများအပြားပျက်စီးသွားတဲ့အပြင် အရပ်သားသေဆုံးမှု ၈ ဦးအထိရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းရန်ကြောင့် လက်ရှိတိမ်းရှောင်နေရတဲ့ကျေးရွာတွေဟာ ခါချဥ်၊ စီကော်၊ မွန်ဆင့်၊ ပန်းသိုင်၊ သံတံတား၊ လော်ခိုင်၊ မက်လင်၊စီးခမ်းကြီးစတဲ့ကျေးရွာတွေဖြစ်ပြီးအများစုက တောတောင်တွေထဲမှာတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ “စစ်ရှောင်စခန်းကြီးရယ်လို့သီးသန့်မရှိဘူး ကိုယ့်နေရာသူ့နေရာ အဲ့လိုပဲတိမ်းနေကြတယ် ကျွန်တော့်သူငယ်ချင်ဆိုရင် ဟိုးတောင်ကြာထဲရောက်သွားတယ်တဲ့”လို့အထက်ပါအမျိုးသားကပြောပါတယ်။ လက်ရှိတိမ်းရှောင်နေကြတဲ့စစ်ဘေးရှောင်ပြည်သူထဲက သုံးပုံ တစ်ပုံခန့်ဟာဗန်းမော်မြို့ထဲကိုတိမ်းရှောင်သွားကြပြီးအများစုက တောတောင်တွေထဲမှာလို့သိရပါတယ်။ KIAနှင့်KPDF ပူးပေါင်းတပ်တွေဟာ စီးခမ်းကြီးကျေးရွာထဲက စစ်ကောင်စီတပ်စခန်းကုန်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မနက် ပိုင်းမှာဝင်ရောက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိစစ်ကောင်စီဗုံးကျဲနေတဲ့ကျေးရွာတွေဟာလည်း စီးခမ်းကြီးအနီးဝန်းကျင်က ကျေးရွာတွေ ဖြစ်ပါတယ်။ စီးခမ်းကြီးစစ်တပ်ကုန်း စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီစစ်သား ၂ ဦးအရှင်ဖမ်းမိပြီး တိုက်ပွဲအတွင်းသေဆုံးနေတဲ့ စစ်ကောင်စီစစ်သား ရုပ်အလောင်း ၅၂ လောင်းနဲ့ လက်နက်ခဲယမ်း ဆယ်ဘီးကားတစ်စီး စာကိုလည်း KIA၊ KPDF ဘက်ကရရှိထားတယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • Nov- 2023 -
    21 November
    သတင်း

    ရွှေကူမြို့ ရဲစခန်းနဲ့နီးတဲ့ ရပ်ကွက်တစ်ချို့က ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရ

    ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေရှိနေတာကြောင့် ရဲစခန်းနဲ့နီးတဲ့ရပ်ကွက်နေ ပြည်သူတစ်ချို့ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြို့ခံလူထုတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့ညကစပြီး ရွှေကူမြို့မရဲစခန်းနဲ့ ရေဝန်းဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့ထဲရက်ကွပ်တစ်ချို့နဲ့ကျေးရွာဘက်တွေကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေရှိလာတဲ့အတွက် ရဲစခန်းနဲ့နီးတဲ့ ရွှေကူမြို့အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်အပါအဝင် ရပ်ကွပ်တစ်ချို့ကဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့ ရွှေကူမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြေးနေတာတော့ ၁၆ ရက်နေ့ညပိုင်းကတည်းကပဲ ဒီကနေ့ထိလည်းတိမ်းရှောင်နေကြတုန်း ရွှေကူမြစ်ဟိုဘက်ကမ်းကရွာတွေမှာကော ဒီဘက်ကမ်းကရွာတွေမှာကော ပြေးနေကြပြီ။ မြို့ပေါ်မှာ အခုလူတွေမရှိသလောက်ကုန်ဖြစ်ကုန်ပြီ။ အဓိကတော့…

    Read More »
  • Apr- 2023 -
    19 April
    တိုက်ပွဲ

    ဆိုင်းဖရာအနီးတစ်ဝိုက် စစ်တပ်အင်အားဖြည့်မည့်သတင်းကြောင့် ဒေသခံများ ထပ်မံ တိမ်းရှောင်နေရ

    ဖားကန့် လမ်းမပေါ်သို့ စစ်တပ်အင်အားထပ်ဖြည့်မည်ဟူသော သတင်းကြောင့် ကျေးရွာ ၃ ရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်ဟု သိရသည်။ ယမန်နေ့ စစ်ကောင်စီတပ်ဖွဲ့၏ စီးနင်းမှုခံရသည့် ဆိုင်းဖရာကျေးရွာဘက်သို့ စစ်တပ်အင်အားဖြည့်လာမည့်သတင်းကြောင့် အနီးနားရှိ ကျေးရွာများမှာ ဒေသခံများလည်း ထွက်ပြေးနေသည်ဟု ဆိုင်းဖရာဒေသခံတစ်ဦးက KNG ကိုပြောသည်။ “ဒီကနေ့အထိ ရွာသားတွေက ကြောက်လို့…

    Read More »
  • Mar- 2023 -
    27 March
    တိုက်ပွဲ

    ရွှေကူနယ်တွင် စစ်ရေးတင်းလျက်ရှိပြီး ကျေးရွာ ၈ ခုပြည်သူများ တိမ်းရှောင်နေရဆဲဟုဆို

    ကချင်ပြည်နယ် ရွှေကူမြို့၏ အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ကျေးရွာ ၈ ခုမှ ဒေသခံပြည်သူများ ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မတ်လ ၂၃ ရက်နေ့မှ စတင်ကာ…

    Read More »
Back to top button