တော်လှန်ရေး
-
သတင်း
တော်လှန်ရေးမှာပါဝင်နေတဲ့သူတွေ အာဏာရှင်ဆန်လာခဲ့ရင် ပြတ်ပြတ်သာသားဖယ်ထုတ်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလပြော
တော်လှန်ရေးမှာပါဝင်နေသူတွေအနေနဲ့ အာဏာရှင်မဆန်ကြဖို့နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေလည်း ပြည်သူကို ထိခိုက်နစ်နာအောင် မပြုလုပ်ကြဖို့နဲ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း ( ၂ ) နှစ်ပြည့်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားရာမှာ ပြောကြားလိုက်ပါတယ်။ “တော်လှန်ရေးကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြသူတွေကို အထူးသတိပေးလိုတာက စစ်အာဏာရှင်ကိုဆန့်ကျင်နေပါလျက်နဲ့…
Read More » -
သတင်း
တော်လှန်ရေးစခန်းတစ်နေရာက သူနာပြုဆရာမလေး
“အိမ်သာဘက်သွားပြီး ဖုန်းဖွင့်ကြည့်လိုက်တော့ အမဆီကစာဝင်ထားတယ် နိကြောင့်အမေ မေ့လဲသွားတယ် မိဘမျက်ရည်ကျအောင်လုပ်တဲ့ သားသမီး ဘယ်တော့မကောင်းစားဘူး ပြန်လာခဲ့” ဆိုတဲ့ မက်ဆေ့တစ်စောင်ကြောင့် မျက်ရည်ပေါက်ပေါက်ကျခဲ့ရတယ်လို့ ပြောလာသူကတော့ ရှေ့တန်းတစ်နေရာက ဆေးသူနာပြုဆရာမလေး ငရုတ်သီး ဖြစ်ပါတယ်။ တိတ်ဆိတ်မှောင်မဲနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး မိုးသံလေသံမှတပါး အခြား ဘာအသံမှမကြားရပါ။ အချိန်အားဖြင့် မနက် ၄ နာရီသာရှိသေးတာမို့ ဒီချိန်ဟာအများသူငှာ အိပ်စက်အနားယူလို့ အကောင်းဆုံးအချိန်ဖြစ်ပြီး ငရုတ်သီးတို့အိမ်က မိသားစုတွေကလည်း တစ်အိမ်လည်းအိပ်မောကျနေတဲ့ချိန် မိဘတွေမသိအောင် အိမ်ကနေခိုးထွက်သွားဖို့ ပြင်ဆင်နေတဲ့ ငရုတ်သီးအဖို့တော့ မိုးသံလေသံတွေကြားမှာ အတွေးပေါင်းများစွာနဲ့ အိပ်မပျော်နိုင်ခဲ့တဲ့ ညတစ်ညလို့ဆိုပါတယ်။ “အဲညတစ်ညလုံး လေနဲ့မိုးနဲ့ဘဲ ဖြစ်ချင်တော့ အမေက ကျမထွက်သွားမှာရိပ်မိလို့လားမသိ ကျမအိပ်တဲ့ခြေရင်းမှာ လာစောင့်အိပ်တယ်။ ဒါပေမယ့် မနက် ၄ နာရီလောက်အမေအိပ်ပျော်နေတဲ့ချိန်မှာ ခိုးထွက်ခဲ့တာ။ ထွက်လာခါနီးအမေ့ကို ကန်တော့ခဲ့ဖို့ စဉ်းစားမိသေးတယ်။ ဒါပေမယ့် အမေနိုးလာမှာစိုးလို့ မကန်တော့ခဲ့ရဘူး” အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ငရုတ်သီးဆိုတဲ့ အမျိုးသမီးငယ်လေးဟာ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနယ်ကဖြစ်ပြီး မုံရွာ နည်းပညာတက္ကသိုလ် ဒုတိယနှစ်တက်နေတဲ့ ကျောင်းသူမလေးတစ်ယောက်ဖြစ်ကာ ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းနေခဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေဟာ လူထုကြုံကြွမှုတွေဖြစ်ပြီး လမ်းမပေါ်ထွက်ဆန္ဒပြနေကြတာတွေ့တော့ သူမတို့ရွာကလည်း ရွာလူကြီးတွေဦးဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဒါကို စစ်တပ်ရဲ့လက်ပါးစေတွေဟာ သပိတ်ဦးဆောင်တဲ့သူတွေကို သပိတ်မထွက်ဖို့ ဆန္ဒပြတာတွေ ဆက်မလုပ်ဖို့ ခြိမ်းခြောက်ခဲ့တာကြောင့် သပိတ်ဦးဆောင်တဲ့ ရွာလူကြီးတွေက ရပ်နားသွားအောင် လုပ်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့ ရိုင်းစိုင်းယုတ်မာတဲ့ လုပ်ရပ်တွေအပြင် စစ်တပ်ရဲ့ အလိမ်အညာသတင်းတွေမြင်နေရတာဟာ သူမချစ်တဲ့ တပ်မတော်ကြီးကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲတတ်လာတဲ့ထိ ခါးသီးလာသလို ငရုတ်သီးအတွက် တော်လှန်ရေးစိတ်ဓါတ် ပိုပြင်းထန်လာအောင် လုံ့ဆော်ပေးခဲ့သလို လက်နက်ကိုင်တော်လှန်ရေးဘက်သွားရန် တွန်းအားတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူမတို့ရွာမှာ သပိတ်ဦးဆောင်သူတွေ ရပ်နားလိုက်ကြပေမယ့် နိုင်ငံရေးအသိစိတ်ရှိတဲ့ ငရုတ်သီးဟာ သပိတ်ကိုဦးဆောင်ဖို့ လူကြီးတွေကို သွားရောက်တိုင်ပင်ခဲ့ပါတယ်။ “လူကြီးတွေကို သွားပြောတယ် သူများမြို့တွေမှာလည်း လုပ်နေကြတာပဲ၊ ဆက်လုပ်ကြမယ်လို့ သွားပြောတော့ လူငယ်တွေဦးဆောင်ပြီး လုပ်ချင်လုပ်ကြပါ။ ကျနော်တို့နောက်ကနေ ကူညီနေမယ်လို့ ပြောလာတော့ ကျမအပါအဝင်လူငယ် ၃ယောက်ကနေက ဦးဆောင်ပြီးဆန္ဒပြတာတွေ လုပ်ခဲ့တယ်” ရွာလူကြီးတွေနားလိုက်တဲ့ ဒီဆန္ဒပြမှုတွေကို ငရုတ်သီးအပါအဝင် လူငယ်တွေကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ ဒီတော့ အချိန်မရွေး ရန်ပြုလာနိုင်တဲ့ အာဏာသိမ်းစစ်တပ်ကို ရှောင်ရှားဖို့ ငရုတ်သီးသူငယ်ချင်း ၃ယောက် ကိုယ်ရောင်ဖျောက်ရ ပါတော့တယ်။ အာဏာမသိမ်းခင်အချိန်ထိ သူမဟာ စစ်တပ်ကို ပြည်သူ့တပ်မတော်ကြီးဆိုပြီး အရမ်းအထင်ကြီးလေးစားခဲ့တဲ့အပြင် စစ်သူနာပြုသင်တန်းတက်ဖို့ရန် အကြိမ်ကြိမ်ပြင်ဆင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့အကြမ်းဖက်မှုအောက် ဖေဖော်ဝါရီလ ၉ ရက်နေ့နေပြည်တော်မှာ စစ်ကောင်စီတပ်က ပစ်သတ်လိုက်တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ဖြစ်စဉ်ကြည့်ပြီး စစ်တပ်ရဲ့ယုတ်မာရိုင်းစိုင်းလှတဲ့ အပြုအမှုကို စပြီးရွံမုန်းလာတာနဲ့အမျှ သူမအထင်ကြီးလေးစားခဲ့ရတဲ့ စစ်တပ်ကို လက်နက်စွဲကိုင်တော်လှန်ဖို့ ဆုံးဖြတ်ကာ အိမ်ကနေ တိတ်တစိတ် ထွက်လာခဲ့ရပါတော့တယ်။ တော်လှန်ရေးခရီးအစ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံရတာတွေကြောင့် နေရာဒေသတစ်ချို့မှာ သပိတ်ဦးဆောင်သူတွေ တက်ကြွလှုပ်ရှားသူတွေ တစ်စနှစ်စ စတင်ထွက်ပြေးနေကြပြီ ဖြစ်ပါတယ်။ ငရုတ်သီးရဲ့ဆွေးမျိုးထဲမှာပင်လျှင် စစ်တပ်ထောက်ခံသူတွေနဲ့ စစ်တပ်ကို အမာခံသတင်းပေးတွေ အရှေ့နောက် တောင်မြောက်များလွန်းလှတာကြောင့် အိမ်မှာနေလို့ မဖြစ်နိုင်တော့တဲ့ အခြေနေဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ချင်းပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ သူမရဲ့ အသိတစ်ယောက်ဆီကိုချိတ်ဆက်ပြီး အခြေခံစစ်သင်တန်းတက်ပြီး တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်ည အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်။ သူမအပါအဝင် သူငယ်ချင်း ၃ ယောက်ဟာ ကျောပိုးအိတ်တစ်လုံးထဲ အဝတ်အစားတစ်စုံစီ ပေါင်းထည့်ပြီး ဟုမ္မလင်းကနေ စတင်ထွက်လာခဲ့ကြပါတယ်။ ဟုမ္မလင်းကနေမြို့ထဲဘက်သွားပြီး ချင်းပြည်နယ်ဘက်က ဆက်သွယ်ထားတဲ့မိတ်ဆွေဆီ သွားရန်ထွက်လာခဲ့ကြပေမယ့် အိမ်ကအထွက် လမ်းတစ်ဝက်ရောက်တော့ ချင်းပြည်နယ်ဘက် စစ်သင်တန်းပေးတာရပ်လိုက်ပြီဆိုတဲ့ သတင်းကြောင့် လမ်းတစ်ဝက်တင် အရုပ်ကြိုးပြတ် ဖြစ်ခဲ့ရပြန်ပါတယ်။ လမ်းတစ်ဝက်တင် စမ်းတဝါးဝါးဖြစ်တဲ့ သူတို့ သူငယ်ချင်း ၃ယောက်ဟာ စစ်အာဏာရှင်ကြီး အမြစ်ပြတ်တိုက်ဖို့ ဆုံးဖြတ်ပြီး ထွက်ခဲ့ကြတာမို့ နောက်ပြန်လှည့်ရန်အစီစဉ်မရှိဘဲ မျက်စိစုံမှိတ်ပြီး ဘာဘဲဖြစ်ဖြစ်ရှေ့ဆက်ဖို့သာ ကြိုးစားခဲ့ကြပါတယ်။…
Read More » -
သတင်း
စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော
နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီတပ်က အာဏာကို နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာတော့ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး မာရှယ်လော (Martial Law) ကျင့်သုံးရန် ထုတ်ပြန်ကြေညာခဲ့ပါတယ်။…
Read More » -
သတင်း
အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ တစ်နိုင်ငံလုံး တိတ်ဆိတ် ငြိမ်သက်ခြင်းသပိတ် (အသံတိတ် အာဏာဖီဆန်ရေး လှုပ်ရှားမူ) ပြုလုပ်သွားမှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးသပိတ်တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းမှု ၂…
Read More »