သတင်း

စစ်တပ်က စစ်မှုထမ်း ဥပဒေပြဌာန်းပြီးနောက် ကချင်နဲ့စစ်ကိုင်းအစပ်က တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်တဲ့ လူငယ်တွေများလာ

စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဌာန်းကြောင်းထုတ်ပြန်ပြီးတဲ့ရက်ပိုင်းမှာပဲ ကချင် နဲ့ စစ်ကိုင်းအစပ်က တော်လှန်ရေးအင်အားစုတွေဆီ ဆက်သွယ်လာတဲ့ လူငယ်တွေများလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။

စစ်ကောာင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကပဲ ကာကွယ်ရေးအင်အားလိုအပ်တယ်ဆိုပြီး ပြည်သူ့စစ်မှုဌာန်းဥပဒေကိုပြဌာန်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုထုတ်ပြန်တဲ့နောက်မှာပဲ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း စစ်ကောင်စီတပ်ကို တော်လှန်ဖို့ တော်လှန်ရေး အင်အားစုတွေဆီပူးပေါင်းကြဖို့ထုတ်ပြန်လာကြပြီး မြေပြင်မှာလည်း လူငယ်တွေ တော်လှန်ရေးအင်အားစုတွေနဲ့ဆက်သွယ်လာသူတွေများပြားလာတယ်လို့ ရွှေကူမြို့ နယ် KPDF ဆီကသိရပါတယ်။

ဒီထုတ်ပြန်ချက်မထုတ်ပြန်ခင်ကရော ထုတ်ပြန်ပြီးတဲ့နောက်ရော ကျနော်တို့ဆီကို တော်လှန်ရေး မှာပါဝင်ချင်တဲ့ လူငယ်တဲ့လူတွေရှိပါတယ်။ အခုလိုထုတ်ပြန်ပြီးတဲ့နောက်တော့ ဆက်သွယ်လာတာ ပိုများပါတယ် ဘယ်လောက်များလဲဆိုတာကတော့ ဖြေဖို့အခက်အခဲရှိပါတယ်လို့ရွှေကူKPDF က ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်အတွင်း မြို့ပြပျောက်ကြားစစ်ဆင်ရေးတွေအဖြစ် စစ်ရေးလှုပ်ရှားနေတဲ့ မြောက်ပိုင်းညီနောင်ကာကွယ်ရေးအဖွဲ့ NBPDF ကလည်း သူတို့အဖွဲ့ကိုဆက်သွယ်လာတဲ့ ကချင်ပြည်နယ်က လူငယ် ၁၁ ယောက် ဝန်းကျင်ရှိလာပြီလို့ အခုလိုပြောပါတယ်။

ဆက်သွယ်လာကြပါတယ် လူငယ်တွေ ကျနော်တို့ကလည်းဖိတ်ခေါ်ပါတယ် ကျနော်တို့ကို ဆက်သွယ်တာတော့ ၁၁ ယောက်လောက်ရှိတယ် ကျနော်တို့လည်း နီးစပ်ရာနဲ့တော့ ချိတ်ပေးလိုက်ပါတယ်လို့ မြောက်ပိုင်းညီနောင်ကာကွယ်ရေးအဖွဲ့ NBPDF က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် အခုလို စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက် လူငယ်တွေ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးစိုးရိမ်မှုတွေမြှင့်တက်နေတာလည်းဖြစ်ပါတယ်။

အခုလို စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ထုတ်ပြန်လို့ စိုးရိမ်နေကြတဲ့ ပြည်သူ‌ တွေအနေနဲ့လည်း ကာကွယ်ရေးတပ်တွေနဲ့ပူးပေါင်းနိုင်သလို လွတ်မြောက်နေရာတွေမှာလည်း ခိုလှုံဖို့ကူညီသွားမယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါ တယ်။

ကျနော်တို့ကတော့ သူတို့လာရင်ကြိုရမှာပဲ ကြိုပြီးရင်လည်း သူတို့ဆန္ဒရှိရင်တော့ ကာကွယ်ရေး တပ်ထဲနေပေါ့ ဆန္ဒမရှိတော့လည်း လွတ်မြောက်တဲ့နေရာမှာ အေးဆေးဘေးရှောင်ရင်းနေဖို့ စီစဥ် ပေးရမှာပေါ့လို့ပြောပါတယ်။

စစ်ကောင်စီတပ်က ကာကွယ်ရေးအင်အားလိုအပ်လာလို့ ဆိုတဲ့အချက်နဲ့ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကပဲ ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။

အဲ့ဒီဥပဒေအရ အမျိုးသားဆိုရင် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ် ကနေ ၂၇ နှစ်အတွင်း ၂ နှစ်အထိစစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆရာဝန်၊ အင်ဂျင်နီယာတို့လို အတတ်ပညာ တစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူ တွေကတော့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၄၅ နှစ် အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ ဆိုပြီး ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button