ထီးချိုင့်

  • May- 2026 -
    28 May
    ဆောင်းပါး

    စစ်ကိုင်း–ကချင်အစပ်မှာ နယ်မြေစိုးမိုးရေးအတွက် အားပြိုင်နေဆဲ

    မိုးဦးဝင်စ စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသရဲ့ ကောင်းကင်မှာ စစ်လေယာဉ်တွေ နေ့တိုင်းဖြတ်ပျံနေပါတယ်။ အဲ့ဒီလေယာဉ်တွေဟာ စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ပြီ လို့ ကြေညာခဲ့တဲ့ ကသာ၊ အင်းတော်နဲ့ မော်လူးဘက်ကို ဦးတည် ပျံသန်းသွားတာဖြစ်တယ်လို့ ကသာဒေသခံတွေက ဒီစစ်လေယာဥ်တွေ ပျံသန်းသွားwဦးတည်ရာကိုကြည့်ပြီးခန့်မှန်းပါတယ်။ ဒါဟာတစ်ဖက်ကကြည့်ရင် မြို့တွေကို စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် မြေပြင်တိုက်ပွဲတွေ အဆုံးသတ်မသွားသေးဘဲ လမ်းပိုင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ရေးဖိအားတွေ ဆက်ရှိနေဆဲဖြစ်ကြောင်း…

    Read More »
  • 28 May
    အင်တာဗျူး

    စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကချင်ဒေသစစ်ရေးဘယ်လိုပြောင်းလဲလာနိုင်မလဲ။

    အာဏာသိမ်းစစ်တပ်ဟာ  ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်နေတာ ၄ လခန့်ကြာမြင့်လာပြီဲဖြစ်ပါတယ်။

    Read More »
  • 27 May
    သတင်း

    ပိတ်မိနေတဲ့ ခရီးသွားနဲ့ ကားတန်းတွေကို အုပ်စုလိုက် ဖြတ်သန်းခွင့်စတင်ပေး

    မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ထီးချိုင့်–ကသာကြားမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ခရီးသွားနဲ့ ကားတန်းတွေကို ဒီနေ့ မေလ ၂၇ ရက်နေ့မှာ ၁၀ စီးစီ အုပ်စုလိုက် ဖြတ်သန်းခွင့် ပေးလိုက်တယ်လို့ ကားသမားတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကားသမားတစ်ဦးရဲ့ ပြောကြားချက်အရ…

    Read More »
  • 25 May
    သတင်း

    တိုက်ပွဲကြောင့် ခရီးသွားပြည်သူထောင်ချီပိတ်မိနေ

    မန္တလေးမြို့ကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုဦးတည်တဲ့ ခရီးသွားအရပ်သား ၁၀၀၀ ဝန်းကျင် ထီးချိုင့်-ကသာလမ်းပိုင်းနဲ့ ကသာမြို့တွေမှာပိတ်မိနေတာ ၄ ရက်ကြာရှိလာပြီလို့ ပိတ်မိနေသူတွေနဲ့ကားသမားတွေဆီကသိရပါတယ်။

    Read More »
  • 13 May
    သတင်း

    အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်ဖို့ ပြင်ဆင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်

    စစ်ကိုင်း-ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းလာချိန်မှာပဲ ထီးချိုင့်-ကသာလမ်းပိုင်း တစ်နေရာမှာ မေလ ၁၁ ရက်နေ့က တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက ပြောပါတယ်။

    Read More »
  • 11 May
    သတင်း

    ထီးချိုင့်မြို့ထဲ ယာဉ် ၃၀၀ ကျော် ဝင်လာပြီးနောက် အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်ဖို့ ပြင်ဆင်လာ

    စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ထဲကို ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က အိမ်စီးကား၊ Express ကားတွေအပြင် စစ်ကားတွေပါဝင်တဲ့ ယာဉ်အစီးရေ ၃၀၀ ကျော် ဝင်ရောက်လာခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အဆိုပါယာဉ်တန်းဟာ စစ်ရေးလှုပ်ရှားမှုတစ်ခုတည်းမဟုတ်ဘဲ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ဖို့အတွက်…

    Read More »
  • Apr- 2026 -
    23 April
    သတင်း

    ကသာမှာ စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်ဘေးတပ်ဖြန့်ထား

    စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နဘေး ကျေးရွာတွေမှာ တပ်ဖြန့်ကာအထိုင်ချနေရာယူထားကြတယ်လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတွေကပြောပါတယ်။

    Read More »
  • 22 April
    သတင်း

    အင်းတော်စစ်ရေးကြောင့် ဆေးဝါးနှင့်ရိက္ခာများကြိုတင်ပြင်ဆင်ထားရန် IR အဖွဲ့သတိပေး

    တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းနဲ့ကချင်အစပ်က အင်းတော်မြို့ကို စစ်ကော်မရှင်တပ်ဖွဲ့တွေဘက်က စစ်ကြောင်းထိုးနိုင်တဲ့သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဆေးဝါး၊ရိက္ခာနဲ့ အရေးကြီးပစ္စည်းတွေထုပ်ပိုး ပြင်ဆင်ကြဖို့ Indaw Revolution ( IR) အဖွဲ့အသိပေး ထုတ်ပြန်လိုက်ပါတယ်။

    Read More »
  • 17 April
    သတင်း

    ကသာစစ်ဘေးရှောင်တွေ မိုးလေဒဏ်၊ နေပူဒဏ်ကြား နေထိုင်ရေးခက်ခဲ

    စစ်ကိုင်းတိုင်း– ကချင်ပြည်နယ်အစပ် ထီးချိုင့်မြို့နယ်က စစ်ကော်မရှင်စစ်ကြောင်း ကသာမြို့ကိုဝင်ရောက်လာလို့ ထွက်ပြေးနေရတဲ့ ဒေသခံစစ်ဘေးရှောင်တွေ မိုးဒဏ်၊လေဒဏ်နဲ့နေပူဒဏ်တွေအကြားနေထိုင်ရေးနဲ့စားသောက်ရေးအခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ကစလို့ စစ်ကော်မရှင်ရဲ့စစ်ကြောင်းဟာ ကသာမြို့နဲ့ထီးချိုင့်နယ်အစပ် ဧရာဝတီမြစ် ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒီကနေ့နောက်ဆုံးသိရတဲ့သတင်းတွေအရတော့ ကသာမြို့နယ်ဧရာဝတီမြစ်ကမ်း နဘေးက ကလုံကျေးရွာတစ်ဝှိုက်မှာလို့သိရပါတယ်။ စစ်ဘေးရှောင်တွေရဲ့အခြေနေနဲ့ပတ်သက်လို့ စစ်ဘေးရှောင်ဒေသခံတစ်ဦးက“ဒုက္ခတော့ရောက်ကြတယ်။ မိုးထဲလေထဲအိပ်ရ၊ နေ့လည်ကျ နေကပူပူနဲ့အကိူရေ။ တချို့က စားစရာသောက်စရာတွေ တော့မပါခဲ့ ကြဘူး။ အဲ့တာဆိုတော့ ပါတဲ့လူတွေကမျှတပြီးကျွေးရတာပေါ့။ တချို့တွေလည်း ရွာထဲပြန်ဝင်ကုန်ကြပြီ။ ကျနော်တို့တော့ သူတို့ ကိုမယုံဘူး။ ရှောင်နေတုန်း”လို့ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဝင်ရောက်လာတဲ့နေ့ကစလို့ ဒီကနေ့အထိ ထီးချိုင့်မြို့နယ်ထဲက ဇီးကုန်း၊ ကျောက်မှော်၊  နတ်အင်း၊ အိုးကုန်း၊ မဲဟင်း နဲ့ ကသာမြို့နယ်ထဲက သာဂရ၊ အင်းရွာလေး၊ ကလုံ၊ ကျောက်ပုံ၊ သံပုရာ၊ ညောင်ခြေထောက် စတဲ့ကျေးရွာဆယ်ရွာထက် မနည်းကဒေသခံတွေဘေးလွတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ ဒီကျေးရွာတွေအားလုံးဟာ ထီးချိုင့်–ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေး တစ်လျှောက်ကကျေးရွာတွေပဲဖြစ်ပါတယ်။ တစ်ဖက်မှာ ထီးချိုင့်မြို့နယ်ကနေစစ်ကြောင်းထိုးလာတဲ့တပ်ဖွဲ့တွေကို ကသာမြို့နယ်အထိုင်စစ်ကော်မရှင်တပ်ဖွဲ့တွေက စစ်ကြောင်း ထွက်ကြိုဆိုကာ စစ်ကြောင်းနှစ်ကြောင်းပေါင်းမယ့်အခြေနေရှိနေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ “ထီးချိုင့်ကနေ ကသာကိုလာပြီးတက်လာပေါင်းနေတဲ့အဖွဲ့ကတော့ ကလုံရွာကိုရောက်ထားပြီ။ အဲ့ဒီအဖွဲ့ကို ကသာကနေ ဆင်းကြိုတဲ့ စစ်ကောင်စီက သင်္ကြန်အကြိုနေ့မှာဘဲ ရေဘုတ်ရွာနားလေးမှာ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတာတော့သတင်းရတယ်။ အခုလောက်ဆိုတော့ သွားကြိုတဲ့အဖွဲ့နဲ့တွေ့လာမတွေ့ဘူးလာဆိုတာတော့ တိတိကျကျမသိရသေးဘူး။”လို့…

    Read More »
  • 17 April
    သတင်း

    ထီးချိုင့်က စစ်ကော်မရှင်စစ်ကြောင်း ကသာမြစ်ကမ်းနဘေးကျေးရွာတွေအထိ ဝင်ရောက်လာ

    စစ်ကိုင်းတိုင်း– ကချင်ပြည်နယ်အစပ်က ထီးချိုင့်မြို့ကိုသိမ်းပိုက်ခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းတွေ ကသာမြို့နယ်ကိုရောက်ရှိလာပြီလို့ ထွက်ပြေးနေရတဲ့ ကသာမြို့ကဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ကစလို့ စစ်ကော်မရှင်ရဲ့စစ်ကြောင်းဟာ ကသာမြို့နဲ့ထီးချိုင့်နယ်အစပ် ဧရာဝတီမြစ် ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့သိရပါတယ်။ နောက်ဆုံးသိရတဲ့အခြေနေအရ ဧပြီ ၁၆ ရက်နေ့မှာဘဲ…

    Read More »
Back to top button