,

Breaking News :

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

  1. Home
  2. ဒီပဲယင်း

Tag: ဒီပဲယင်း

စစ်ပြေးဒုက္ခသည်များ
ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၀ ခုမှ လူနေအိမ် ၁ ထောင်ကျော် တစ်ပတ်အတွင်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှသိရသည်။ စစ်အင်အား ၁၅၀ ကျော်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့များသည် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရေဦးမြို့မှ ဒီပဲယင်းမြို့သို့ ဦးတည် ထွက်ခွာလာခဲ့ပြီး ၂၄ ရက်နေ့မှစတင်ကာ ၂၉ ရက်နေ့အထိ ရွာစဥ် မီးပတ်ရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “ဒီရွာတွေက ရွာကြီးတွေဟုတ်တယ် သုံးထပ်တိုက်၊ တစ်ထပ်တိုက်၊ ပျဥ်ကာအိမ်

သတင်း
ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အ‌ရှ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး ဝင်ရောက်လာနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ တစ်သောင်းကျော်အတွက် အရေးပေါ်အကူညီ လိုအပ်နေကြောင်း သိရသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ စစ်အင်အား ၁၅၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရေဦးမြို့နယ် ဆည်ကြီး၊ ဇိန့်ဇွန်းကျေးရွာမှ ဒီပဲယင်း ညောင်လှ၊ ဝဲကြီးကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ထိုကျေးရွာများတွင် တပ်စွဲနေထိုင်ကာ နေအိမ်များ မီးရှို့နေသောကြောင့် ကျေးရွာ ၅ ရွာမှ ပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လူ့အခွင့်အရေးချိုးဖောက်မှု
ဒီပဲယင်းတွင် ဒေသခံတစ်ဦး စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်မှုမှ လွတ်လာပြီး တစ်ပတ်ခန့်အကြာတွင် သေဆုံး

ဒီပဲယင်းတွင် ဒေသခံတစ်ဦး စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်မှုမှ လွတ်လာပြီး တစ်ပတ်ခန့်အကြာတွင် သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ချောင်းနားကျေးရွာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် စီးနင်းမီးရှို့စဥ် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသော ဒေသခံ ၂ ဦးအနက် ဒေသခံတစ်ဦးသည် ပြန်လွှတ်လာပြီးနောက် တစ်ပတ်ခန့်အကြာတွင် သေဆုံးခဲ့သည်ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှ သိရသည်။ “သူက ၉ ရက်နေ့က ချောင်နားကျေးရွာကို စကစတွေ ဝင်မီးရှို့တဲ့အချိန်ဖမ်းခံရတာ ကျနော်တို့ကဖမ်းခံရတယ်လို့ မထင်ဘူးပျောက်နေတယ်ပဲထင်တာ။ ဖမ်းခံရတာက နှစ်ယောက် တစ်ယောက်ကတော့ နှိပ်စက်ဒဏ်ရာတွေ မတွေ့ဘူး သူလည်းပြန်လွှတ်လာ ခဲ့တယ် အဲ့တာ

စစ်ပြေးဒုက္ခသည်များ
ဒီပဲယင်းမြို့နယ်တွင် တစ်ပတ်အတွင်း ‌ကျေးရွာ ၁၂ ရွာ မီးရှို့ခံရပြီး ဒေသခံတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရ

ဒီပဲယင်းမြို့နယ်တွင် တစ်ပတ်အတွင်း ‌ကျေးရွာ ၁၂ ရွာ မီးရှို့ခံရပြီး ဒေသခံတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် ဇန်နဝါရီလ ပထမအပတ်အတွင်း ‌ကျေးရွာ ၁၂ ရွာခန့် မီးရှို့ခံခဲ့ရပြီး ဒေသခံတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် အရေးပေါ်အကူညီများ လိုအပ်လျှက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဒီပဲယင်းမြို့မှ စတင်စစ်ကြောင်းထွက်ခွာလာပြီး ဒီပဲယင်းအနောက်ခြမ်းရှိ ကျေးရွာ ၁၂ ရွာကို ဝင်ရောက်စီးနင်းကာ မီးတင်ရှို့ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “ဒီပဲယင်းမြို့ပေါ်ကနေ တစ်ခါပြန်ထွက်လာပြီးရှို့တာ ဒီပဲယင်းအနောက်ခြမ်းကို ဒီနေ့ထိဆို ရွာပေါင်း ၁၂

လူ့အခွင့်အရေးချိုးဖောက်မှု
ဒီပဲယင်း ပျံကျကျေးရွာ ဒုတိယအကြိမ် မီးရှို့ခံရသည့်အပြင် စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦးလည်း ဒဏ်ရာပြင်းထန်

ဒီပဲယင်း ပျံကျကျေးရွာ ဒုတိယအကြိမ် မီးရှို့ခံရသည့်အပြင် စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦးလည်း ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ရှိ ပျံကျကျေးရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်မြောက် မီးတင်ရှို့နေပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ် ၃ ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၂ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီဘက်က ယမန်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်မှ စတင်ကာ အင်အား ၈၀ ဝန်းကျင်ဖြင့် ပျံကျကျေးရွာကို ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့ခဲ့ပြီး ယနေ့အထိ မီးတင်နေဆဲဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “လက်ရှိအခြေနေကတော့ ဆိုးဝါးတဲ့အနေအထားရှိတယ်။ သူတို့ဝင်လာကတည်းကရှို့ တာ ကျေးရွာတစ်ဝက်

သတင်း
ဒီပဲယင်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

ဒီပဲယင်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ရှိ ညောင်လှကျေးရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ယမ်းသမ်းပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ ဖြစ်စဥ်မှာ ယနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သား အင်အား ၆၀ ဝန်းကျင်သည် သံချပ်ကာ ကား ၂ စီးဖြင့် ရေဦးမြို့နယ် ရွာသာလေး၊ ကုက္ကိုစု၊ မူးသာကုန်း ကျေးရွာအတွင်းသို့ ဝင်ရောက်လာစဥ် ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းကို ၁၂၀ မမ ၉လုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ညောင်ပင်လှကျေးရွာအတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “အသက်၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး လက်နဲ့ခြေထောက်မှာ ဒဏ်ရာရတယ်လို့သိရတယ်။ ပြီးတော့ အိမ်တွေပေါ်ကျတယ် တော်တော်ဆိုးပါတယ်၊ ၁၂၀မမတွေနဲ့ထုတာ

လူ့အခွင့်အရေးချိုးဖောက်မှု
ဒီပဲယင်း လူနေအိမ် ၈၀ ကျော် မီးရှို့ခံရပြီး ပြည်သူ ၃ ဦး သတ်ဖြတ်ခံရ

ဒီပဲယင်း လူနေအိမ် ၈၀ ကျော် မီးရှို့ခံရပြီး ပြည်သူ ၃ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာနှင့် မဲအိုးကျေးရွာတွင် လူနေအိမ် ၈၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၃ ဦး သတ်ဖြတ်ခံလိုက်ရကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဧပြီ ၁၈ ရက်နေ့မှ စတင်ကာ ညောင်လှရွာနှင့် မဲအိုး ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး မဲအိုးရွာမှ လူနေအိမ် ၁၇ လုံးနှင့် ညောင်လှရွာမှ လူနေအိမ် ၆၄လုံး

သတင်း
ဒီပဲယင်း စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်ခန့်အတွက် အဝတ်အထည်နှင့်စားနပ်ရိက္ခာအရေးပေါ်ကူညီထောက်ပံ့မူ လိုအပ်နေ

ဒီပဲယင်း စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်ခန့်အတွက် အဝတ်အထည်နှင့်စားနပ်ရိက္ခာအရေးပေါ်ကူညီထောက်ပံ့မူ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်လာသည့် ပြည်သူ ‌တစ်သောင်းခန့်အတွက် အဝတ်အထည်နှင့်စားနပ်ရိက္ခာအရေးပေါ်ကူညီထောက်ပံ့မူ လိုအပ်နေကြောင်း ‌စစ်ရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။ ဇန်နဝါရီလ ၁၄ရက်နေ့ စစ်ကောင်စီတပ်မှ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေကြောင်းတိုက်ခိုက်မူ ပြုလုပ်ခဲ့သည့်အတွက် စစ်ဘေးရှောင် တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပြီး အဝတ်အထည်နှင့်စားနပ်ရိက္ခာအရေးပေါ်ကူညီထောက်ပံ့မူ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ခုလိုပြောသည်။ " ဒီတစ်ခေါက်ပြေးတာက အရင်တစ်ခေါက်ပြေးတာနဲ့ မတူဘူး ဘာလို့လဲဆိုရင် အရင်ပြေးတုန်းကတော့ စကစဘက်က စစ်ကြောင်းထိုးလာပြီလို့ကြားတာနဲ့ မြေပြင်ကနေ

သတင်း
Silent strike day နေ့ ဒီပဲယင်းမြို့နယ်၊ နဂါးတွင်းကျေးရွာမှ ပြည်သူ ၄ဦးအား စစ်ကောင်စီတပ်မှ သတ်ဖြတ်သွား

Silent strike day နေ့ ဒီပဲယင်းမြို့နယ်၊ နဂါးတွင်းကျေးရွာမှ ပြည်သူ ၄ဦးအား စစ်ကောင်စီတပ်မှ သတ်ဖြတ်သွား

ဒီဇင်ဘာလ ၁၀ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ နဂါးတွင်းကျေးရွာမှ ပြည်သူ ၄ဦးအား စစ်ကောင်စီတပ်ဖွဲ့မှ သတ်ဖြတ်သွားကြောင်း ဒေသခံရင်းမြစ်မှ သိရသည်။ "စစ်တပ်ရွာကနေ ထွက်သွားတဲ့နောက် စစ်ဆေးကြည့်တာ ရက်ရက်စက်စက်သတ်သွားတာဗျာ လေးယောက်လုံးကို သတ်သွားတာ တစ်ပုံစံထဲဘဲ" ဟု ဒေသခံသတင်းရင်းမြစ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိ သတ်ခံထားရသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်မသိရသေးဘူးဟု ၎င်းကဆက်ပြောသည်။ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၈ရက်နေ့မှစကာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း နဂါးတွင်းကျေးရွာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ဝင်ရောက် တပ်ဆွဲနေထိုင်ခဲ့ပြီး