စစ်ပြေးဒုက္ခသည်များသတင်း

ဒီပဲယင်းက စစ်ဘေးရှောင် ၅၀၀အတွက် အကူအညီများလိုအပ်နေ

ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုအတွက် စားနပ်ရိက္ခာ၊ဆေးဝါး၊မိုးကာ နဲ့ အဖက်ဘက်က အကူညီတွေလိုအပ်နေပြီးတော့ ပညာသင်ခွင့်ဆုံးရှုံးနေရတဲ့ ကလေးငယ်တွေလည်းရှိတယ်လို့ ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်ဟာ စစ်ဘေးရှောင်တဲစခန်းသီးသန့်လုပ် ထားတာမျိုးမဟုတ်မရှိတဲ့အတွက်နီးစပ်ရာဘုန်းကြီးကျောင်း၊စာသင်ကျောင်းအဟောင်းနဲ့ယာယီတဲတွေထိုးပြီး စုဖွဲ့နေထိုင် ကြတယ်လို့ ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အားလုံးနီးပါးမိသားစု၁၀၀နီးပါးလောက် စခန်းသီးသန့်ပုံစံနေတာမျိုးတွေ့ရတယ် စားဝတ်နေရေးအတွက် ဒေသမှာရှိတဲ့ ပဲနုတ်တာ၊ပေါင်းနုတ်တာ၊ကောက်စိုက်၊ပျိုးနုတ် အဲ့လို ကြုံရာလုပ်ကြတယ်။ လူသားစုနာမှု တွေက ကူညီတာတွေရှိပေမဲ့ အဓိကကတော့ သူတို့ဘာသာရုန်းကန်ကြတယ် တစ်ခါတစ်လေလည်း အလုပ် ကမရှိတော့ စားစရာမရှိ စားနပ်ရိက္ခာကတော့ အဓိကလိုအပ်တာပေါ့လို့ပြောပါတယ်။

စစ်ဘေးရှောင်တွေအများစုဟာ ဒီပဲယင်းမြို့နယ် မူးမြစ်အရှေ့ဘက်ခြမ်း ရွှေဘိုနယ်က ဒေသခံတွေဖြစ်ပြီး အဲ့ဒီစစ်ဘေးရှောင်တွေထဲမှာ ကလေးငယ် ၁၀ ယောက်ကျော်နဲ့ နာမကျန်းဖြစ်နေတဲ့ သက်ကြီး ရွယ်အို ၂၀နီးပါးလောက်ရှိတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေကဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီကလေးငယ်တွေဟာလည်း ပညာသင်ခွင့်တွေဆုံးရှုံးနေတယ်လို့ ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ ရေးက တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

သူတို့ကိုမေးကြည့်တဲ့အခါကျတော့ စိတ်မကောင်းစရာပေါ့ဗျာ အခက်အခဲရှိတယ်ဆိုပြီး ငိုပြီးပြောတာပေါ့ ကလေးတွေကလည်း ကျောင်းနေချင်လားဆိုတော့လည်းနေချင်တယ် ဒါပေမဲ့လုံခြုံမှုလည်းမရှိ စစ်ကောင်စီ စစ်ကြောင်းထိုးတာနဲ့ စာသင်ဖို့လည်းဝေးတဲ့အခါကျတော့ အခက်အခဲဖြစ်တယ်ဆိုပြီးပြောတယ်လို့ပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်ပြည်သူတွေထဲအများစုက မိမိတို့နေရပ်ကိုစွန့်ခွာပြီးတိမ်းရှောင်လာတာ ၂နှစ်နီးပါးလောက်ရှိလာပြီဖြစ်ပေမဲ့ အကူညီတွေသိပ်မရရှိဘဲ အဖက်ဘက်က ခက်ခဲနေဆဲဖြစ်တဲ့အတွက် အကူညီတွေ ပေးကြဖို့ ဒီပဲယင်းစစ်ဘေးရှောင်အဖွဲ့က တောင်းဆိုပါတယ်။

ပြီးခဲ့တဲ့လ ဇူလိုင်၂၀ရက်နေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာမြန်မာသတင်းအဖွဲ့ BNIက မိတ်ဆက်လိုက်တဲ့ သုတေတနစာတမ်းတစ်ခုမှာလည်း မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာမှုအကူညီအလိုအပ်ဆုံးနဲ့ အခက်ခဲဆုံးဒေသထဲမှာ စစ်ကိုင်းတိုင်းကထိပ်ဆုံးကပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၂ သန်းနီးပါး ရှိလာနေပြီး အဲ့ဒီထဲမှာ ၇၇၈,၉၀၀ဟာ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေဖြစ်တယ်လို့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က ဩဂုတ်လ ၂ရက်နေ့က ထုတ်ပြန် ထားပါတယ်။

Show More

Related Articles

Back to top button